ရောက်​ခဲ့ပါပြီခန္တီးမြို့ဆီသို့

in #myanmar5 years ago

ရောက်​ခဲ့ပါပြီခန္တီးမြို့ဆီသို့


ကျွန်​​တော်​တို့လည်းခန္တီးမှာ ​မောင်​​ကျော်​ရဲ့အကိုဝမ်းကွဲရှိ​သဖြင့်​ လူ​ခေါ်ပွဲစားများ​နောက်​သို့မလိုက်​ဘဲ တည်းအိမ်​ကိုအရင်​သွားပြီး​နောက်​မှ​လောပန်းရှာမည်​ဖြစ်​သည်​၊လူရင်းအသိ​လောပန်းဆီမှာလုပ်​ထာပို​ကောင်းမည်​ဟု​မောင်​​ကျော်​က​ပြောသဖြင့်​ သ​င်္ဘောကုန်းပတ်​​ပေါ်လူရှင်း​အောင်​​စောင့်​ပြီးသ​င်္ဘော​ပေါ်မှမဆင်း​သေးဘဲခန​စောင့်​​နေလိုက်​ကြပါသည်​၊

12573205_172901926406293_6756747668064320467_n.jpg

https://goo.gl/images/ZjfeTb

မကြာပါ သ​င်္ဘော​ပေါ်သို့ အင်္ကျီအဝတ်​အစားမပါဘာမပါဘဲလူ​လေးငါး​ရောက်​အဖွဲတက်​လာ​လေသည်​၊သူတို့သည်​နာဂလူမျိုးများဖြစ်​သည်​ဟုသိရ​လေသည်​၊ထိုအချိန်​က နာဂလူမျိုးများသည်​ယဉ်​​ကျေးမူအခု​လောက်​အဆင့်​မမြင့်​​သေး​ပေ၊တကိုယ်​လုံး​ရေမချိုးဘဲမဲသဲ​နေပြီးအဝတ်​အစားလဲမဝတ်​ကြ​ပေ၊သူတို့၏အရှက်​ကို ကားမိုးကာစလိုလက်​နှစ်​ဝါးစာ​လောက်​က​လေးနဲ့တွဲ​လောင်းက​လေးချကာထားသည်​ကို​တွေ့ရ​လေသည်​၊​ရေမချိုးသဖြင့်​အနားမှဖြတ်​သွားလျှင်​နား​ခေါင်းရိုင်းသူများအဖို့အနံ့ ​တော်​​တော်​နံ​လေသည်​၊ သူတို့၏​မေး​စေ့နားနှင့်​​ခြေသလုံးသား​တွင်​​ဆေးမင်​​ကြောင်​အစင်း​လေး​တွေထိုးထား​လေသည်​၊သူတို့၏နားများတွင်​လည်းနား​ပေါက်​​ဖောက်​ထားပြီးဆံပင်​ညှပ်​ထားသည့်​ပုံစံမှာ​ရေချိုးဖလားခွက်​​ခေါင်းစွပ်​ထားသကဲ့သို့ညှပ်​ထား​လေသည်​၊
ယခုမြင်​ရသည့်​ပုံမှာပွဲ​တော်​တခုမှနာဂလူမျိုးတ​ယောက်​ရဲ့ပုံဖြစ်​​လေသဖြင်​ကြည့်​လို့နဲနဲအဆင်​​ပြေ၏ နဲနဲလုံခြုံ​သေး၏ အပြင်​မှာ​နေ့တဓူဝ​နေထိုင်​ကြ​သောနာဂလူမျိုးပုံမှာဘယ်​သိုရှိမည်​ ခန့်​မှန်​ကြည့်​နိုင်​ပါသည်​ ၊ယခုအချိန်​တွင်​ယဉ်​​ကျေးမှူ ရှိလာပြီး ရန်​ကုန်​တွင်​ နံမယ်​ကြီး​မော်​ဒယ် ​မာရီကိုးလ်​ ဆို​သောနာဂလူမျိုးသည်​ အလှမယ်​တ​ယောက်ပင်​​ ဖြစ်​​နေ​ပေပြီ။

[UNSET] (1).jpg

https://goo.gl/images/8hEQCX

လူမျိုးတမျိုးအားသိက္ခာကျ​စေရန်​ရည်​ရွယ်​​ရေးသားခြင်းမဟုပ်​ဘဲထို​ခေတ်​အခါက​ကျွန်​​တော်​​တွေ့မြင်​ရ​သောနာဂလူမျိုးပုံစံ​ရေးပြခြင်းဖြစ်​ပါသည်​၊ သူတို့သည်​ ပလိုင်းလွယ်​ကြီုးများကိုလွယ်​၍မြန်​မာစကား​ရေ​ရေလည်​လည်​​ပြောတပ်​တဲ့သူဦး​ဆောင်​ရာ​နောက်​​လေးငါး​ရောက်​လိုက်​ပါလာခဲ့ကြသည်​၊ သ​င်္ဘော​ပေါ်မှခရီးသည်​များကိုလည်းကုန်​ပစ္စည်းချစရာပါ​သေးလား ငှားအုံးမလားဟုလိုက်​လံ​မေး​နေ​လေသည်​၊ ထို​ခေတ်​အချိန်​က ခန္တီးမြို့တွင်​ စစ်​သုံးကားမှလွဲ၍ကားမရှိ ဆိုင်​ကယ်​မရှိ မြင်​လှည်းမရှိ ​ထောလာဂျီမရှိ ​ခြေလျှင်​​လျှောက်​သူနှင့်​ စက်​ဘီးစီးသူ ဒီနှစ်​မျိုးဘဲရှိ​လေသည်​၊ သ​င်္ဘော​ပေါ်မှကုန်​များကို ​နေအိမ်​သို့၎င်းဂို​ထောင်​သို၎င်းမည်​မျှ​ဝေးပါ​စေလူအားဖြင့်​သာသယ်​ကြသည်​ကို​တွေ့ရှိရ​လေသည်​၊
ဆက်​ရန်​.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဝိုး စုံလှချည်လားဗျ

Posted using Partiko Android

အဲ့ဒီဖက်​မှာတနှစ်​​ကျော်​ကြာခဲ့​သေးတာဗျာ့

ဒီဇိုင်းကတော့ အလန်းဘဲနော်

Posted using Partiko Android

မိုက်​တယ်​​နော်​ ဒါ ပွဲ​တော်​မလို့ယဉ်​​ကျေး​သေးတာ

အဲမှာ ဒီလူမျိုးတွေရှိတာလား

အာဖရိက ​တောတွင်းလူလိုလိုပါ့

နာဂဝတ်စုံ မိုက်ဟ😁😁

Posted using Partiko Android

ဒါက ပွဲ​တော်​မလို့ အပြင်​မှာဝတ်​တာမြင်​​စေချင်​တယ်

ဦးယုက ဗဟုသုတ စုံတယ်ဗျာ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84