ရေးမိ​ရေးရာ ကဗျာ​လေးတပုဒ်

in #myanmar5 years ago (edited)

ကဲ..စတီးမစ်​မှသူငယ်​ချင်းတို့​ရေ၊ ဘာရယ်​မဟုပ်​ပါဘူးဗျာ ​နောက်​ရက်​တနင်္ဂ​နွေ​နေ့ပရိုလဲနားမည်​ရက်​မို့ ကျွန်​​တော်​လည်းစာ​ရေးတရက်​နားရမှာမို့ ​ရေးချင်​တာ​ရေး တင်​ချင်​တာတင်​လိုက်​စမ်းပါအုံးမယ်​၊မ​နေညက
ကျွန်​​တော်​ တော်​​တော်​နဲ့အိပ်​မ​ပျော်​၊ မျက်​လုံးက​ကြောင်​​တောင်​​တောင်​နဲ့၊ တောင်​စဉ်းစားမြောက်​စဉ်းစားဖြစ်​​နေ​တော့ ကဗျာ​လေးတပု​ဒ်​တော့​ကောက်​​ရေးအုန်းမှပါ​ဆိုပြီးသတိယလာတယ်​၊ ဘာ​ရေးရမှန်းမသိ​တော့ ဘာရယ်​မဟုပ်​အ​ပျော်​တမ်း ဟာသကဗျာ​လေးအဖြစ်​ လက်​တမ်း​ရေးလိုက်​တာပါ၊ ဘာမှပြင်​ဆင်​ချိန်​လဲမရ​ ဒီကဗျာ​လေးနဲ့ပတ်​သက်​ပြီး အ​ပျော်​တမ်းလးအ​နေနဲ့ဖတ်​​ပေးကြပါ၊ ဒီကဗျာကိုဖတ်​မိလို့ မည်​သည့်​ဗဟုသုတမှမရသလို သူငယ်​ချင်းတို့ကိုလည်းမည်​သည့်​အကျိုးမှပြုမှာမဟုပ်​ပါဘူး ဒါ​ပေမဲ့လည်း ဝါသနာကတားမရ​တော့ ချလိုက်​မိ​တယ်​ဗျာ့ ၊၊ဒီကဗျာနဲ့ပတ်​သက်​ပြီး ပြုံးစိစိ​လေးဖြစ်​သွားရင်​​တောင်​​ကျေနပ်​ပါတယ်​ဗျာ၊ အ​ကောင်းအဆိုးနဲ့ ကဗျာပါအ​ကြောင်းအရာအားလုံးကိုကျွန်​​တော့ကိုနာလည်​ခွင့်​လွှတ်​​ပေးပါရန်​ ....

2910896dcbcdb406c5235025120aba50.jpg

https://goo.gl/images/5Cikfo

နောက်​ဆုံးထွက်​သက်


ကောင်းကင်​ပြာပြာ
လဝါဝါ​အောက်
ဘယ်​သူက ငါ့ကံတရားအ​ပေါ်
ဓား​ထောက်​ထားတာလည်း....

အိမ်​မက်​​တွေကလှသ​လောက်
ရုပ်​ဆိုး​နေတဲ့ငါဘဝ
စတီး​ဈေးကလည်း
တက်​မှာဖြင့်​လည်းတက်​ပါ​တော့လားဗျာ...

ပြဲတလဲစဉ်
ပြောင်​တလင်းခါ
ကျွန်​​တော့ဘဝမှာ
ဖုန်း​ဘေဖိုး​​တောင်​မှယိုင်​နန နဲ့ ..

က​စောက်​ကစက်
မျက်​စိလည်​ကံတရားနဲ့
ကောက်​ရမယ့်​ ထီလက်​မှတ်​က
သိန်း​သောင်းဆုကြီး​ပေါက်​ခဲ့ရင်​​တော့အ​ကောင်းသား...

ခု​တော့ ခု​တော့
စတီး​လေးကိုမပြစ်​နိုင်
ဖုန်းအစုပ်​က​လေးကိုကိုင်​ပြီး
ညစဉ်​ညတိုင်း
စာ​လေး​တွေဘဲရေး​နေရတယ်​၊ ....

မန်း​သား​တွေလို​တော့
ဘီယာ​လေးတခု​တည်းမကဲချင်
ကိုဒွန်​ကြီး​ပြောသလို
"စတီး​ဈေး​တွေတက်​ရဲတက်​ကြည့်​စမ်း"
မော်​ဒယ်​ဂဲ​လ်​​လေးတွေကို
ခွဲတမ်းကျ​နဲ့ ချစ်​ပြလိုက်​မယ်
အဟပ်​...အဟပ်​...

ပြောသာ​ပြောရ
စတီး​ဈေးက​တော့ ခပ်​ကျဲကျဲ
မသဲမကွဲနဲ့
ဟို...အ​ဝေး
နှင်းမူံ​တွေကြားထဲက​နေ
ပုဆိုးခြုံပြီး
ငါ့ကိုရှာထုပ်​ပြ​နေ​လေရဲ့....

ဒါ​ပေမဲ့လည်း
ဘာရမလဲ
ငါဟဲ့​ယောင်္ကျား
စတီး​ဈေးကို​ကျောခိုင်း
တောင်​တံတိုင်းကို​ကျော်​ဖြတ်
သိန်းငှက်​တ​ကောင်​ရဲ့အားနဲ့ အတူ
ကောင်းကင်​ယံမှာ ကျဲပြန့်​​လို့နေတဲ့
ငါ့ရဲခွန်​အား​တွေ
နှင်းမှူံ​တွေကြားထဲ
ဝိုးတဝါးဖြစ်​​နေတဲ့
ငါ့ရဲ့ ရည်​ရွယ်​ချက်​​တွေ
အားလုံးကိုစုစည်းပြီး
ထော့နဲ​ထော့နဲ့ဖြစ်​​နေတဲ့ ငါ့ရဲ့စိတ်​ကို
ငါ​လေအလဲထိုးလို့
ရောက်​လာမဲ့ မနက်​ဖြန်​တိုင်းမှာ
ငါ..စာ​ရေးလို့
ဆက်​ပြီးကြိုးစားရအုံးမယ်​....

a6793f62eaa0772976e279dac4678a92a253df4d.webp

https://goo.gl/images/UqWabm

Post writer=@yuzana(shineshine)
MSC=146

Sort:  

Keep trying bro. good poem.

ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရုပ်လည်းမဆိုးနဲ့ စတီးလည်း ဈေးမတတ်မှာမဆိုးရိမ်နဲ့

Posted using Partiko Android

မျှော်​လင့်​ချက်​က ​လေးနဲ ဇွဲရှိရတာပါ့

ဆက်​ကြိုးစားထား ဆရာ ယု ☺

Posted using Partiko Android

ဖိုက်​တင်း​ပေါ့ဗျာ

‌ရေးထားတာ ရှယ်‌ဘဲဗျာ။

ကျေးဇူးပါ အာစိ

အချိန်တန်ရင်တော့ နွားပိန်လေးက ထကန်မယ်လို့ထင်ပါတယ် ☺

နွားပိန်​​လေးက ​ခြေ​ထောက်​မကြိုးပါ​စေနဲ့ ဆု​တောင်း​နေရမယ်​ ဗျာ့

ဒါကမျက်​လုံး​ကြောင်​​တောင်​​တောင်​နဲ့​ရေးထားတာလားဟင်​?😁😁
နောက်​ည​တွေဆိုလည်းအိပ်​မရ​အောင်​လုပ်​...ဒါဆိုကဗျာ​တွေအများကြီးရမှာ...😀...ကဗျာ​ကောင်းပါ...

Posted using Partiko Android

အဟပ်​ ...
သေကုန်လိမ့်​မယ်​ ညတိုင်းသာအိပ်​မ​ပျော်​ရင်


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

မိတ်ဖြစ်ဆွေဖြစ် ကြိုက်လို့သောက်တာပါဗျာ မန်း mscတွေက😁😁

Posted using Partiko Android

လာခဲ့ပါအူးမယ်​ဗျာမန်းးကို

KTV မှာကဲတာ​တေ မသိဘာဘူးဂျာ

ကဗျာက ကောင်းပါတယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01