ပါးစပ်

in #myanmar5 years ago

ပါးစပ်

လူတ​ယောက်​​အောင်​မြင်​ဖို့ရာအတွက်​အဓိကအ​ရေးပါတာတခုရှိပါ​သေးသည်​၊အဲ့ဒါက​တော့လူမှူ့​ပေါင်းသင်းဆက်​ဆံ​ရေးပညာတခုပင်​ဖြစ်​ပါသည်​၊လူမှူ့​ပေါင်းသင်းဆက်​ဆံ​ရေးအတွက်​ အ​ပြောအဆိုသည်​အလွန်​တရာအ​ရေးပါ​လေသည်​၊သင်​သည်​ဘယ်​​လောက်​ပင်​ဝရိယ​ကောင်းပါ​စေ ဘယ်​​လောက်​ပင်​ဥာဏ်​ကိုအသုံးချနိုင်​ပါ​စေ အ​ပြောအဆိုရိုင်းစိုင်းပြီး သူများ​တွေနားမဝင်​​သောစကားများ​ပြောဆိုတပ်​တဲ့အကျင့်​ရှိ​နေပါက ​အောင်​မြင်​သင့်​သ​လောက်​မ​အောင်​မြင်​နိုင်​​ပေ၊

no_free_speech.jpg

လူတ​ယောက်​ကိုယ့်​အ​ပေါ်ချစ်​ခင်​လာ​အောင်​​ပြောတပ်​တာလဲဒီပါးစပ်​ လူတ​ယောက်​ကိုယ့်​အ​ပေါ် နာကြည်းသွား​အောင်​မုန်းသွာ​အောင်​​ပြောနိုင်​တာလည်းဒီပါးစပ်​ပင်​ဖြစ်​​လေသည်​၊ထို​ကြောင့်​လူအများနှင့်​စကား​ပြောတဲ့အခါ စကားအ​ပြောအဆိုကိုအထူးပင်​သတိထားဆင်​ခြင်​သင့်​ပါသည်​၊ ဒါ​ကြောင့်​​ရှေးလူကြီးများက စကားကျွံလျှင်​နူပ်​မရ ကျမ်းကျွံလျှင်​နူပ်​လို့ရဟုဆုံးမစကားထားခဲ့ပါသည်​၊
အ​ပြော​ကောင်းလျှင်​ ​လေယဉ်​ပျံ​တောင်​အလကားစီးရတယ်​ဟုလည်းဆိုစမတ်​ရှိခဲ့ပါသည်​၊ယ​နေ့ လူ့ပတ်​ဝန်းကျင်​မှာတ​ယောက်​နှင့်​တ​ယောက်​ဖြစ်​ပြက်​​နေ​သောပြဿနာအများစုမှာ ဒီပါးစပ်​က အ​ပြောအဆိုကြောင့်ဖြစ်တဲ့ပြဿနာကများပါသည်​ ၊

den_molodeji.jpg

သင်​လူတ​ယောက်​ကိုစတင်​​ပေါင်းသင်း​တော့မည်​ဆိုလျှင်​ သင်​၏စိတ်​ဓာပ်​ကိုတဖက်​သားက​နောက်​မှသိလိမ့်​မည်​၊သင့်​၏အ​ပြောအဆိုကိုအရင်ဆုံးတဖက်သားကသိလိမ့်​မည်​၊စစခြင်းသင်​၏စိတ်​ရင်းစိတ်​ဓာပ်​မည်​မျှပင်​​ကောင်း​စေကာမူ သင့်​၏အ​ပြောအဆိုကကြမ်းတမ်း​နေပါက တဖက်​သားက​အ​ပေါင်းအသင်းလုပ်​​တော့မည်​မဟုပ်​​ပေ ၊သင့်​၏စိတ်​ဓာတ်​က မမှန်​သည်​ထားဦး သင့်​ရဲ့အ​ပြောအဆို ​ကောင်းပါက တဖက်​သားက​လော​လောဆယ်​တွင်​သင့်​ကိုခင်​မင်​လာပါလိမ့်​မယ်​ ​နောက်​အချိန်​ကြာလာမှသင့်​ရဲ့စိတ်​ဓာပ်​မူမမှန်​တာသိပြီး ခွာခြင်​လျှင်​ခွာသွားလိမ့်​မည်​၊စစခြင်းသင့်​အတွက်​အ​ပေါင်းအသင်းက​တော့ရသွားပါလိမ့်​မည်​၊
အဲ့တာ​ကြောင့်​​ရှေးလူကြီး​တွေက
"တ​ယောက်​စကား
တ​ယောက်​နားမှာ
မောင်​တို့ဆို​စေ
ပျားသကာလို
ချိုလှ​စေ ...."ဟုဆုံးမခဲပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကြီးမြတ်အရေးအသား!

thank you so much
ကျေးဇူးအများကြီးတင်ပါတယ်

ချိုသာစွာ​ပြောလည်းဒီပါးစပ်​၊ကြမ်းတမ်းစွာ​ပြောလည်းဒီပါးစပ်​ပါပဲ....ချိုသာစွာ​ပြောတာဘဲလူတိုင်းနှစ်​သက်​ကြပါတယ်​....

Posted using Partiko Android

လူ့ အဓိပ္ပာယ်​ခြင်းတူ​သော်​လည်း ​အ​ပြောမတပ်​ရင်​ သူများနားမှာအခံရခက်​သွား​စေတာ​တွေလည်းရှိတယ်

မှန်ပါတယ်ကိုယု။ စကားပြောအတတ်ပညာဟာ အရမ်းကို အရေးပါပြီး ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် အဓိကသော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။ကောင်းမွန်သော post လေးပါခင်ဗျာ။

တချို့ကစိတ်​ထားကဘယ်​​လိုဆိုတာမသိ​ပေမဲ့ အ​ပြော​ကောင်းရင်​ပါသွားတာဘဲ

စကားတစ်ခွန်းနဲ့လူတစ်ယောက်ကို ချစ်စေ,မုန်းစေအောင် အလွယ်တကူလုပ်နိုင်ပါတယ်။လူအများနှင့်ဆက်ဆံလျှင်တော့ သတိထားပြီး တတ်နိုင်သမျှ ချိုသာယဉ်ကျေးစွာ ပြောတာအကောင်းဆုံးပါပဲ။

Posted using Partiko Android

ဒေါသထွက်​တဲ့အချိန်​ဆို တပ်​နိုင်​ရင်​မ​ပြောဘဲ​နေတာအ​ကောင်းဆုံးဘဲ စကားနဲရန်​စဲဆိုသလိုပါ့

အပြောမတက်တော့...ဆဲသလို ဆိုသလိုပေါ့ ဦးယုရေ

Posted using Partiko Android

ဟုပ်​တယ်​ အ​ပြောမတပ်​ရင်​ တချို့စကား​တွေက ဆဲတာထက်​​တောင်​ ဆိုးသွားတပ်​တယ်

ချိုသာသောစကား ၊ချစ်ဖွယ်သောစကားကို လူတိုင်းနှစ်သက်ကြစမြဲ။

မှန်​ပါတယ်​ ဆရာ​ဟော်

ကိုယ်​​တွေ​ပြောရင်​ ဆဲသလားမှတ်​ရတယ်​ 😄😄

Posted using Partiko Android

You got a 20.00% upvote from @sleeplesswhale courtesy of @yuzana!

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34