ကျောက်​စိမ်း​မှော်သို့ဝင်​ရန်​ ပြင်​ဆင်​ခြင်း

in #myanmar5 years ago

ကျောက်​စိမ်း​မှော်သို့ဝင်​ရန်​ ပြင်​ဆင်​ခြင်း


သ​င်္ဘော​ပေါ်တွင်​​တွေ့ရ​သော ဖင်​​ပြောင်​နာဂများ ဆန်​အိပ်​​တွေကုန်​​တွေသယ်​​နေကြ​သောနာဂများကို​တွေရ​သောအခါ ဒီ​နေရာက ဒို့နိုင်​ငံမှဟုပ်​ ဟုပ်​ပါရဲ့လားမသိဟု စိတ်​ထဲမှာ​တွေးထင်​မိပါသည်​၊ဒီလိုနဲ့ ကုန်​​ဘောင်​​ပေါ်လူရှင်း​တော့ကျွန်​​တော်​တို့သ​င်္ဘော​ပေါ်မှဆင်းလာခဲ့ပြီး မြို့ဦးပိုင်းရှိ ​မောင်​​ကျော်​ရဲ့အကိုဝမ်းကွဲအိမ်​သို့​လမ်း​လျှောက်​လာခဲ့ပါသည်​၊

19758450_800694816778251_1087568500_n.jpg

မောင်​​ကျော်​ရဲ့အကိုအိမ်​​ရောက်​​တော့ကျွန်​​တော်​တို့အားခရီဦးကြိုပြုပြီး မင်းတို့​လောပန်းရပြီလားဟု ​မေး​သောအခါ မရ​သေးဘူး အကို့ရဲ့မိတ်​​ဆွေရှိရင်​ အကို့မိတ်​​ဆွေဆီမှာလုပ်​မလို့တခြား​လောပန်း​တွေ​နောက်​မလိုက်​ခဲ့တာလို့​မောင်​​ကျော်​ကပြန်​​ပြောလိုက်​ပါသည်​၊​မောင်​​ကျော်​ရဲ့အကိုကရှိတယ်​ငါ့သူငယ်​ချင်း​လောပန်း နှစ်​ရက်​သုံးရက်​ဆို ​မှောထဲကိုတက်​​တော့မှာ အဲ့ဒီမှာလုပ်​လိုက်​တရုပ်​​လောပန်းတဲ့ အကို့အသိထဲကဆိုလုပ်​မယ်​လို့​ပြောလိုက်​ပါသည်​၊ကျွန်​​တော်​တို့ကို ​ရေ​နွေးချမ်းနဲ့ဧည့်​ခံပြီး ​မောင်​​ကျော်​ရဲ့အကိုသည်​ ခန​လေးအပြင်​ထွက်​သွားပြီး ပြန်​လာ​လေသည်​ သူ့ရဲ့​နောက်​မှာလည်းလူငယ်​​လေးတ​ယောက်​ပါလာ​လေသည်​၊သူသည်​ အရွယ်​အားဖြင့်​ကျွန်​​တော်​တို့ထက်​များစွာငယ်​​သော်​လဲ လူကြီးကဲ့သိုပင်​​ပြောဆိုဆက်​ဆံ​လေ၏ လူကြီးတ​ယောက်​လို​ပြောဆိုဆက်သဖြင့်​အ​ပြောအဆိုနပ်​​လေသည်​၊သူသည်​ နာဂ တရုပ်စပ်​ဖြစ်​ပြီး​လောပန်း​ထောင်​ထား​သော​ကျောက်​တွင်း​တွေရဲကျင်း​ခေါင်း​ဆောင်​ဟု​နောက်​ပိုင်းသိရ​လေသည်​၊

12573205_172901926406293_6756747668064320467_n.jpg

သူက သူနဲ့အိမ်​ကိုလိုက်​ခဲဘို့​ခေါ်​လေသည်​၊​မောက်​​ကျော်​ရဲ့အကိုကလဲသူနဲ့လိုက်​သွားလိုက်​သူတို့ဆီမှာလုပ်​လိုက်​ဘာမှပူရာမလိုဘူးဟု​ပြော​လေသည်​၊ ကျွန်​​တော်​တို့လည်းသူနဲ့စကားတ​ပြော​ပြောလမ်း​လျှောက်​လာရာ ​လောပန်​ပန်းအိမ်​သို့​ရောက်​​လေသည်​ ​လောပန်းအိမ်​တွင်​ကျွန်​​တော်​တို့အရင်​​ရောက်​နှင့်​​သော အကဲ ဆို​သောနာဂလူမျိုးတ​ယောက်​နဲ့ ကချင်​လူမျိုးဦးကမ္ဘာဆိုသူနှစ်​​ယောက်​​ရောက်​ရှိ​နေ​ပေသည်​၊​နောက်​ရက်​မနက်​တွင်​​မှော်​ထဲသို့တရာသီစာ ရိက္ခာများသယ်​ယူရန်​​ဈေးဝယ်​သွားကြ​လေသည်​၊ဆန်​အိပ်​ နှစ်​ဆယ်​ငါးအိပ်​ နာဂအထမ်းသမားများနဲ့ထမ်းခိုင်းပြီး အိမ်​မှာ​ရောက်​​သောအခါဆန်​ကို​ရေမစို​စေရန်​ အတွက်​ဆန်​အိပ်​ထဲပလပ်​စတစ်​အကြည်​ခံပြီး ပြန်​လည်​ထည့်​ချုပ်​ကြရ​လေသည်​၊

ဆက်​ရန်​.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဘဝတွေစုံလှပါလား

Posted using Partiko Android

ကျောက်စိမ်းတွင်းသို့ ခရီးနှင်ပြီပေါ့

နှင်​ပြီဗျာ​ရောက်​​တော့မယ်

နာဂလူမျိုးရဲ့ရိုးရာဝတ်​စုံလား...?ဗဟုသုတရပါတယ်​....ဆက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

ဟုပါ့ ပွဲတက်​ဝတ်​စုံ​လေ

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 250 as payout for your posts. Your next target is to reach a total payout of 500

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

နာဂလူမျိုးအကြောင်း သိချင်နေတာနဲ့ ကွက်တိပဲ ဦးယုရေ။
စောင့်မျှော်အားပေးပါ့မယ်။

ရှေ့​ရှောက်​နာဂလူမျိုးအ​ကြောင်းကခပ်​များများ​နေမှာ

တကယ့်စွန့်စားခန်းကြီးဘဲဗျာ။

ချတင်းတွေ စေျးကျတာနဲ့ ကျောက်စိမ်းတွေတောင် သွားပြေးကောင်လိုက်ချင်စိတ်ပေါက်တယ် ။

စတီး​ဈေးမ​ကောင်းလို့ ​ကျောက်​တူးသွားပြီ ​မောင်​​ရေ့

ကျောက်စိမ်းကနေပြည်တော်မှာပိုထွက်တယ်

Posted using Partiko Android

ကျောက်စိမ်းကနေပြည်တော်မှာပိုထွက်တယ်

Posted using Partiko Android

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 900 replies. Your next target is to reach 1000 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00