ဝိနည်းလွတ်

in #myanmar5 years ago

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
ကျွန်​​တော်​ဒီ​နေ့အညာပြန်​ဘို့ ကားလက်​မှတ်​အ​ဝေး​ပြေးကွင်းမှာသွားဖြတ်​ပါတယ်​၊ အရင်​​တော့ သွားခြင်​တဲ့အချိန်​သွားဟို​ရောက်​မှဖြတ်​တာပါ၊ အခု​တော့သင်္ကြန်​ရက်​နီး​တော့လက်​မှတ်​ရတဲ့အချိန်​လိုက်​မယ်​ဆိုပြီး လက်​မှတ်​ကိုသီးသန့်​သွားဖြတ်​လိုက်​တာပါ၊

bus.jpg

https://images.app.goo.gl/DacTDJkv7qSdHWYf6

နှစ်​တိုင်းကသင်္ကြန်​ရက်​ဆိုကားခ​တွေက​ဈေးအင်​မတန်​ကြီးတာ ဒီနှစ်​​တော့အစိုးရကလည်း​ဈေးတင်​မ​ရောင်းဖို့အမိန့်​​ကြော်​ညာစာထုပ်​ထား​တော့​ဈေးမတင်​​လောက်​ပါဘူး​လေလို့​တွေးထင်​ထားပါတယ်​၊ အဲ့ဒါနဲ့ဂိတ်​​ရောက်​​တော့ မနက်​ဖြန်​လက်​မှတ်​ရအုန်းမလား​မေး​တော့ ခုံက​တော့မရ​တော့ဘူးတဲ့ ကြားခုံ ပလပ်​စတစ်​ခုံဘဲရ​တော့မယ်​တဲ့ ကိုယ်​ကလည်းသင်္ကြန်​မကျခင်​ဟို​ရောက်​ခြင်​တာဆို​တော့ ညသွားမနက်​​ရောက်​မှာဘဲ​လေ ဒီအချိန်​​လေး​တော့ ဒုက္ခခံလိုက်​ရမှာ​ပေါ့ ခုံမရှိလဲဘယ်​တပ်​နိုင်​မလဲ ကြားခုံသာ​ပေး​တော့ ဘယ်​​လောက်​လဲလို​မေး​တော့ ​သောင်းနှစ်​​ထောင်​တဲ့ ၊အရင်​​သောင်းတ​ထောင်​ပါ အခု​ဈေးတက်​​သွားတာလားလို့​မေး​တော့ ဟုပ်​တယ်​ ခုံက​သောင်းရှစ်​​ထောင်​တဲ့ ကျွန်​​တော်​လဲ ဟိုက်​ နင်​တို့ကားလက်​မှတ်​​တွေ သင်္ကြန်​ရက်​​ဈေးတင်​မ​ရောင်းရဘူးဆို..လို့​မေးလိုက်​​တော့ ဟုပ်​တယ်​​လေ သင်္ကြန်​ရက်​​ဈေးတင်​မ​ရောင်းပါဘူး အခုက အကြို​နေအထိဘဲ​ရောင်းတာ အကြို​နေကစလို့သင်္ကြန်​ရက်​အတွင်း ပုံမှန်​​ဈေး​ရောင်းမှာ ကြိုမ​ရောင်​ဘူး ဂိတ်​လာဖြတ်​သူ ဦးတဲ့သူရမှာ ကုန်​ရင်​ရပ်​ထားလိုက်​မှာတဲ့ အမ်​ ဟုပ်​သား အမိန့်​​ကြော်​ညာက သင်္ကြန်​ရက်​လို့​ပြောထားတာကိုး အင်း အဲ့တာလဲ ဝိနည်းလွတ်​ လုပ်​စားတာ​ဘဲ​လေ ဆိုပြီး ပြုံးလိုက်​မိပါတယ်​၊

md_1510038118.jpg

https://images.app.goo.gl/uo1oYiW1wFVZ24JD9

ဘာတပ်​နိုင်​မလဲ ကိုယ်​ကလဲသွားခြင်​တာကိုး ​အော်​​လောကကြီးကလည်း ဘယ်​​လောက်​ပင်​ဘယ်​လို ခရီးသွားပြည်​သူ​တွေအခက်​အခဲ ​မ​တွေ့​အောင်​လုပ်​လဲ ဝိနည်းလွတ်​လုပ်​စားလို့ရတာ​တွေအများကြီးပါလားလို့​တွေးထင်​မိလိုက်​ပါ​တော့တယ်​။စာလာဖတ်​သူအားလုံး​ကျေးဇူးအထူးတင်​ပတယ်​ဗျာ ။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဒီလိုပါဘဲ လည်​တဲ့သူလုပ်​စား အတဲ့သူခံ​ပေါ့☺ ☺ ☺

Posted using Partiko Android

ကား ရထား အကုန်ကြပ်တယ် ပိတ်ရက်လေးကိုယ့်ဇာတိပြန်ကြတာလေ
လောဘသားတွေက ဂွင်းပ

စည်းကမ်းဘယ်​လိုထုပ်​ထုပ်​ ဝိနည်းလွတ်​က​တော့လုပ်​ကြတာဘဲဗျာ

မူပြောင်းပြီး လူ မပြောင်းတော့ အခက်တွေ့တာပေါ့ဗျာ

Posted using Partiko Android

ဟုပ်​ပါ့ဗျာ

ကားသမားတွေက အချိန်အခါလိုက် ဝိနည်းလွတ် ပိုက်ဆံရှာနေတော့တာပဲ။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95