မြန်​မာပြည်​က အ​မေဇုံ​တော

in #myanmar5 years ago

မြန်​မာပြည်​က အ​မေဇုံ​တော


ချင်းတွင်းမြစ်​ရဲ့​ချောင်းလတက်​ထဲသို့ ​လှေစတင်​ဝင်​ပြီးသိပ်​မကြာ​ပေ ​တောသည်​နက်​သတဲ့ပိုနက်​လာခဲ့​လေသည်​၊ ​ချောင်းသည်​ ​ကျောက်​ဖြာ ​ကျောက်​​တောင်​အကြားကစိမ့်​လာ​သော​ရေဖြစ်​သဖြင့်​အလွန်​တရာကြည်​လင်​​နေ၏။ ​ဘေဆီဝဲရာကြည့်​လိုက်​လျှင်​ ကျွန်​​တော်​တို့ ဟွန်​ဒါစက်​လှေ​အသံမှလွဲ၍တခြားဘာအသံမှမကြားရ တိတ်​ဆိတ်​​နေ​လေသည်​၊ ခါကြီးခါရံ ​မျောက်​​တွေရဲ့​အော်​သံ ​တော​ကောင်​​တွေရဲ့​အော်​သံ ငှက်​က​လေ​တွေရဲ့​အော်​သံကိုသာကြားရ​လေသည်​၊ တချို့အ​ကွေ့​လေး​တွေမှာ ဖွတ်​များ ဒရယ်​များစသည့်​​တောကောင်​​တွေ​​ချောင်းစပ်​မှာ ​ရေ​သောက်​ဆင်း​နေတာ​တွေ့ရပါသည်​၊ ​တောကြားထဲမှ​နေ ခပ်​​ဝေး​ဝေးကိုလှမ်းမြင်​ရတဲ့တ​နေရာမှာ​တော့ ​​ရေ​ဖွေး​ဖွေးနဲ့ရေတံခွန်​တခု စီးဆင်း​နေတာကိုလှပစွာမြင်​​တွေ့ခဲ့ရပါသည်​၊

Screenshot_20181123_102343.png

တ​ယောက်​နဲ့တ​ယောက်​အ​တွေးကိုစီနဲ့စကားမပြာဘဲ ဒီကြည့်​ဟိုကြည့်​လာခဲ့လိုက်​တာ ဟွန်​ဒါစက်​​လှေသံသည်​ ​တောအုပ်​ရဲ့ပဲတင့်​သံနဲ့အတူ အ​တော်​​လေးဆူညံ​နေတယ်​ဟုထင်​မှတ်​မိပါသည်​၊ မကြာပါ ​​ချောင်းထဲတွင်​ ဒီ​ကွေ့ဟို​ကွေ့နဲ့ဝင်​လာလိုက်​တာ အ​ရှေ့အ​နောက်​​တောင်​​မြောက်​​တွေလဲမသိ​တော့ဘဲ ​ချောင်း​ဘေးက ခြင်းဝိုင်းတဝိုင်းစာ​မြေကွက်​လပ်​က​လေးမှာ ​လှေကိုရပ်​လိုက်​​လေသည်​ ​တောအုပ်​ထဲဝင်​မဲ့စက်​​လှေဆိပ်​က​လေးပင်​ဖြစ်​​လေသည်​၊ ​မိုး​လေးကလည်းတဖွဲဖွဲကျ​နေသဖြင့်​ မိုးကာကိုယ်​စီခြုံကာ ​မြေကွက်​လပ်​က​လေး​အေ​ပေါ် ​ဘေးနားက သစ်​ပင်​​လေး​တွေခုတ်​တိုင်​​လေးတိုင်​စိုက်​ပြီးမိုးကာခြုံကာ တဲ​လေးတခု​ဝိုင်းအုံလုပ်​လိုက်​ပါသည်​၊ ရိက္ခာများသည်​ ဒီလူအားနဲ့ ကျွန်​​တော်​တို့​နေမဲ့တဲကိုတ​ခေါက်​နဲ့အပြီးမသယ်​နိုင်​​ပေ အနဲဆုံးသုံး​ခေါက်​မျှသယ်​ယူရလိမ့်​မည်​ ထို​ကြောင့်​ရိက္ခာများ​ခေတ္တထားရန်​ မိုးလုံ​စေရန်​အတွက်​ဖန်​တီးရခြင်းဖြစ်​​လေသည်​၊

Screenshot_20181202_145402.png

https://goo.gl/images/WbYcLx

အဲ့ဒီအချိန်​မှာကျင်း​ခေါင်း​ဆောင်​ က ကျွန်​​တော်​တို့အတွက်​ ပွိုင့်​ဖိနပ်​​တွေ ​ကြောပိုးအိပ်​​တွေ ​နောက်​မိုးကာစတခုစီနဲ့ ဓားရှည်​တ​ယောက်​တ​ချောင်းစီ​ဝေ​ပေးပါသည်​၊ အဲ့ဒီ​တောထဲဝင်​ရလျှင်​ ပွိုင့်​ဖိနပ်​မဟုပ်​လျှင်​ လမ်းသွားလို့မရနိုင်​​ပေ ​မြေကြီးသည်​အမြဲစို​နေပြီးလမ်း​တွေက​ချော်​ ၊အတက်​အဆင်းကများသဖြင့်​၊ ပွိုင့်​ဖိနပ်​နဲ့မှသွားနိုင်​လာနိုင်​​လေသည်​၊ ထို​နောက်​ရိက္ခာများကိုဝိုင်းအုံချပြီးစက်​​လှေကပြန်​သွား​လေသည်​၊ ကျွန်​​တော်​တို့သည်​ လူတ​ယောက်​ဆန်​အိပ်​တအိပ်​နူန်းနှင့်​ ပလိုင်းကြီုးများတပ်​ကာ ​ကျော​ပေါ်မှာပိုးပြီး​တောအုပ်​ထဲသို့စတင်​ဝင်​​ရောက်​ခဲ့ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

စွန့်စား စိတ်လှုပ်ရှားစရာပါပဲ
ဟိုးတုန်းက တောအရမ်းနက်မှာ

ငယ်​ရွယ်​တဲ့အချိန်​တုန်းက​ပေါ့ဗျာ

တောနက်ကြီးထဲ ရိက္ခာအစုံနဲ့  စတင်
ဝင်ရောက်လာပြီပေါ့

လောဘ ​ဇောတိုက်​​တော့ တကယ့်​ကို စွန့်​စွန့်​စားစားပါ့

တောတွင်းဇာတ်လမ်း ဖတ်နေရတဲ့အတိုင်းဘဲ။

တကယ်​လဲ ​တောတွင်းစွန်းစားခန်းပါဘဲ ဆရာ​ဟော်​​ရေ

အာ့လို သွားချင်​တာ

Posted using Partiko Android

ဦးယုတို့ စွန့်စားပြီလေ

Posted using Partiko Android

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98