စိတ်​ကူးထဲကအိမ်​​လေး

in #myanmar6 years ago (edited)

လူဆိုတာ ​ပျော်​ရာမှာမ​နေ ​တော်​ရာမှာ​နေတဲ့ ခု​လည်းအဲလိုပါပဲ ကျွန်​မ​နေချင်​မိတဲ့ ​နေရာ​လေးက ပြင်​ဦးလွင်​ ဆိုတဲ့​တောင်​​ပေါ်​မြို့​လေး ပင်​လယ်​ပြင်​မျက်​နှာပြင်​အထက်​​ပေ၃၅၃၈​ပေမြင့်​တဲ့ ​တောင်​​လှေကားမြို့​တော်​​လေး​ပေါ့ ပြင်​ဦးလွင်​မြို့​လေးကိုစပြီးနှစ်​သက်​မိတာက ​​ကျောင်းပြီးခါစအချိန်​တုန်းက
အဲတုန်းကကိုယ်​နဲ့ Uniမှာ အမြဲတပူးတွဲတွဲ​နေတဲ့သူငယ်​ချင်း​လေးတို့ မိသားစု ပြင်​ဦးလွင်​ကို​ပြောင်းသွားတယ်​ သူက ​တော့ ​ကျောင်းမပြီး​သေး​တော့ ရန်​ကုန်​က သူ့အ​ဒေါ်အိမ်​က​နေ ​ကျောင်းဆက်​တတ်​ခဲ့တယ်​ စာ​မေးပွဲ​တွေပြီးလို့ သူကလည်းသူ့အိမ်​ကိုပြန်​မယ်​​ပေါ့ အဲဒီမှာသူကစ​ခေါ်တယ်​ နင်​မ​ရောက်​ဖူးဘူးမလားတဲ့ လိုက်​ခဲ့ပါလားတဲ့ ငါအကုန်​လိုက်​ပို့​ပေးမယ်​တဲ့ တန်​​ဆောင်​တိုင်​လည်း ငါတို့ ပြင်​ဦးလွင်​ မီးပုံးပျံလွှတ်​ပွဲသွားကြတာ​ပေါ့တဲ့ အဲလိုနဲ့ပဲပြင်​ဦးလွင်​ကိုအလည်​လိုက်​သွားဖြစ်​ခဲ့တယ်
ကျွန်​မသ​ဘောကျတာက ရာသီဥတု​အေးလို့ပါ
ရာသီဥတုက​အေး​တော့အပင်​စိုက်​လည်းဖြစ်​တယ်​​လေ သန်​မှသန်​ စိုက်​ခင်း​တွေကြည့်​ပြီး သ​ဘောကျမိတယ်​ နှစ်​ရှည်​ ပင်​​တွေဖြစ်​တဲ့ ​ထောပတ်​သီးပင်​တို့ မာလာကာ ပင်​တို့ အစရှိသည့်​ အပင်​​တွေနဲ့ ပတ်​ဝန်းကျင်​ကလည်းတိတ်​ဆိတ်​တယ်​ အဲလိုနဲ့စိတ်​ကူးယဉ်​မိသွားတယ်​ ငါလည်းဒီမြို့​လေးမှာ ​မြေကွက်​​လေးဝယ်​ တထပ်​အိမ်​​လေးဆာက်​ ခြံ​ရှေ့မှာပန်းပင်​အလှပင်​​လေး​တွေစိုက်​ အိမ်​​ဘေး ဘက်​နှစ်​ဘက်​မှာ သီးပင်​ စားပင်​ နှစ်​ရှည်​ပင်​​လေး​တွေစိုက်​ပြီး အိမ်​​နောက်​​မြေအလွတ်​မှာ​တော့ စိုက်​ခင်း​လေးစိုက်​မယ်​​ပေါ့ သူ့ရာသီနဲ့သူ့အရပ်​​တော့ အဆင်​​ပြေပါတယ်​ ​ဆောင်းတွင်းဘက်​ဆို မုန်​လာ မုန်​ညင်း​လေး​တွေ စိုက်​မယ်​ ​ဆောင်းအကုန်​ ​လောက်​မှာ စ​တော်​ဘယ်​ရီ ခရမ်းချဉ်​သီး ပြန်​ပျိုးမယ်​ အပင်​​လေး​တွေကို ​ပေါင်းတင်​ မြက်​နုတ်​ကိုယ်​တိုင်​စိုက်​ပျိုးပြုစုပျိုး​ထောင်​ချင်​မိတယ်​ ဘယ်​​လောက်​​တောင်​​အေးချမ်းလိုက်​မလဲ စဉ်းစားလိုက်​ယုံနဲ့ ကြည်​နူးမိတယ်​ သ​ဘောကျမိတယ်​ ငါလည်းတ​နေ့​တော့ အဲလို​လေးးP70413-084106.jpg

Sort:  

သာယာနေတာ စိတ်ကူးထဲကအိမ်လေးနဲ့

ဟုတ်

‌ဖြစ်‌ချင်‌တဲ့ စိတ်‌ကူး‌လေးမြန်‌မြန်‌ပြည့်‌ဝပါ‌စေ။

ပေးတဲ့ဆုပြည့်​ပါ​စေ

ကောင်းပါတယ် ချဲ့ရေးရင် ပိုပြီးကောင်းပါတယ် ရှည်ရှည်လေးပေါ့နော်

ဟုတ်​ကဲ့ပါ

အကို လည်း အဲ့လို
တောင်ပေါ်မြို့ ကအိမ်လေးမှာ
နားနားနေနေ
စာရေးပြီး နေထိုင်ချင်တာ
ရွေးရေ

Welcome တဲ့ သူငယ်​ချင်းက

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69849.38
ETH 3709.01
USDT 1.00
SBD 3.73