စစ်​ကိုင်းမှသည်​ မ​န္တ​လေး သို့ 

in #myanmar6 years ago (edited)

စစ်​ကိုင်း​တောင်​ရိုးကိုသွား​ရောက်​ခဲ့ပြီး ပထမဆုံး ဖူး​မျှော်​ခဲ့တာကေ​တာ့ ဥမင်​သုံးဆယ်​ ဘုရားကြီး ဖြစ်​ပါတယ်​ ဥမင်​သုံးဆယ်​ ဘုရားကြီးကို​ရောက်​ဖို့ ​လှေကားထပ်​ တန်​​ဆောင်းက​နေတတ်​သွားရပါတယ်IMG_20180224_091700.jpg​ တန်​​ဆောင်းတစ်​​လျှောက်​ ​ဈေးသည်​ ဆိုင်​ခန်းများတဖတ်​တချပ်​တွင်​ရှိ​နေပါတယ်​ ဘုရား ရင်​ပြင်​သို့ ​ရောက်​ရှိ ရင်​ဖြင့်​ ဥမင်​ သုံးဆယ်​ကို ​စောင်းတ​လျှောက်​ ​တွေ့ရမှာ ဖြစ်​ပါတယ်​ ဘုရားကြီးရဲ့​ကျောက်​စာကို ဖတ်​ကြည့်​ပြီး ဘုရားကြီးရဲ့ သမိုင်းအ​ကြောင်းကို ​လေ့လာသိရှိခဲ့ရပါတယ်​ ​ရှေး​ခေတ်​ မြန်​မာ မင်းများဖြစ်​တဲ့ စစ်​ကိုင်းတရ ဖျားမင်း၏ငယ်​ဆရာနဲ့ အင်းဝ သတိုးမင်းဖျား၏ ဆရာ​တော်​တို့ သည်​ ဗုဒ္ဓဘုရားရှင်​၏ ဓာတ်​​တော်​ ​မွေ​တော်​နဲ့အတူ ပြဒါးရှင်​ ဓာတ်​လုံးကို ဌာပနာထား တည်​ထား ကိုးကွယ်​ခဲ့ပါတယ်​ ဗုဒ္ဓရုပ်​ပွား​တော်​ ၄၅ဆူနဲ့ ဥမင်​ လိုဏ်​​ခေါင်း ဝင်​​ပေါက်​ထွက်​​ပေါက်
၃၀နဲ့တည်​ထားကိုးကွယ်​ထားတယ်​ IMG_20180224_091719.jpg
နောက်​ဖူး​မျှော်​ ဖြစ်​တာက​တော့ ဆွမ်းဦးပုညရှင်​ ဘုရားကြီးပဲဖစ်​ပါတယ်​ ​ဆွမ်းဦးပုညရှင်​ဘုရားကြီးဟာ ဘယ်​​သောအခါမှာဖြစ်​ဖြစ်​ ဆွမ်းဦး ကပ်​လို့မရ​သော ဘုရားကြီးဖြစ်​တယ်​ မနက်​ ၅နာရီထကပ်​လည်း ဆွမ်းဦးကကပ်​ပြီးသား မနက်​၄နာရီထကပ်​လည်း ဆွမ်းဦးက ကပ်​ပြီးသား ဖြစ်​ဖြစ်​​နေတယ်FB_IMG_1519474306876.jpg​ ဘုရားကြီးကို ဆွမ်းဦး ကပ်​တဲ့ နတ်​ ဗြဟ္မာ ​တွေဟာ ခုချိန်​ထိ ဆွမ်းဦးကို မပြတ်​မကွက်​ ဆွမ်းကပ်​ ကြတယ်​ ကျွနု​ပ်​တို့လူသား​တွေ ဘယ်​​လောက်​ ဝီရိယ ထားပြီး ထကပ်​လည်း ဆွမ်းဦးက ကပ်​နှင့်​ပြီးသား နတ်​​ကောင်းနတ်​မြတ်​ ဗြဟ္မာ မင်းတို့က ဦးစွာ အမြဲ ဆွမ်းကပိ ကိုးကွယ်​ ​သော ​ကြောင့်​ ဆွမ်းဦးပုညရှင်​ ဘုရားကြီးဟု အမည်​တွင်​တယ်​လို့ ကျွန်​မ​တော့ယူဆမိတယ်​FB_IMG_1519474336838.jpg စစ်​ကိုင်း​တောင်​ရိုး​ပေါ်မှာ တည်​ရှိ​နေ​သော ဆွမ်းဦးပုညရှင်​ ဘုရားကြီး ရင်​ပြင်​က​နေကြည့်​ရင်​ဖြင့်​ စစ်​ကိုင်း မှာ ရှိတဲ့ ဘုရား​စေတီ ပုထိုးများနှင့်​ ဧရာဝတီမြစ်​ကြီးနဲ့ စကား​ဝါ ပန်းပင်​များနဲ့ ရင်​သပ်​ရှု​မောဖွယ်​ ​တွေ့ရပါတယ်​ FB_IMG_1519474327998.jpg
နောက်​သွား​ရောက်​ခဲ့တဲ့​နေရာက​တော့ သီတဂူ ဆရာ​တော်​ ဘုရားကြီးရဲ့ ဗုဒ္ဓတက္ကသိုလ်​ တည်​ရှိရာ ​နေရာ​လေးပဲဖြစ်​ပါတယ်​ သီတဂူဆရာ​တော်​ဘုရားကြီး တည်​ထားကိုးကွယ်​တဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်​ ​စေတီ​တော်​ဟာ ထူးခြားတဲ့ဗိသုကာလက်​ရာ​ကြောင့်​ ကြည်​ညို သပ္ပါယ်​ ရပါတယ်​ ​စေတီ ဝင်းအတွင်းလည်း ​အေးချမ်းလှပါတယ်
သီတဂူဗုဒ္ဓတက္ကသိုလ်​က ​နေတဆင့်​ မန္တ​လေ်း​သို့ ခရီးဆက်​ခဲ့ပါတယ်​ ကုသိုလ်​​တော်​ ဘုရား ​ရွှေ​ကျောင်း အစရှိသည့်​တဲ့ အထင်​ကရ​နေရာ​တွေကို ​ရောက်​ရှိခဲ့တယ်​ မြန်​မာ ယဉ်​​ကျေးမှု လက်​ရာများနဲ့ ဗိသုကာ များမှာ နန်းဆန်​လှ​နေပါတယ်FB_IMG_1519475192865.jpg​ကုသိုလ်​​တော်​ ဘုရားမှာ ရှိတဲ့ ခ​ရေ ပင်​ကြီးဟာ လည်း
နှစ်​​ပေါင်း၁၂၅ သက်​တမ်းရှိ သက်​ရှည်​ ပင်​ကြီးဖြစ်​ပါတယ်​​နောက်​ဘက်​မှာလည်းနှစ်​​ပေါင်း၁၀​ကျော်​​သော အပင်​များလည်းရှိပါ​သေးတယ်​​မင်းတုန်းမင်း၏ကုသိုလ်​​တော်​ဖြစ်​တယ်FB_IMG_1519474565771.jpg​ ဘုရားကြီး၏့ဘွဲ့ ​တော်​မှာ မဟာ​လောကမာရဇိန်​ဖြစ်​သည်​။့​ဘုရားဝင်းအတွင်းမှာ ​အေးချမ်းသာယာလှပါတ​ကျောက်​စာ၂၀​ကျော်​​သော ဘုရားကြီးလည်းဖြစ်​ပါတယ်​​ မန္တ​လေးမှာရှိတဲ့ ဘုရား​တွေ မှာ သနတ်​ခါးနဲ့ ​ကျောကိပြင်​ဟာ လည်း ဓ​လေ့တခုအ​နေနဲ့ရှိ​နေပါတယ်​ လှူထားတဲ့သူ​တွေကိုလညိး​ကျေးဇူးတင်​ပါတယ်​ ကျွန်​မတို့လို တ​နေရာဝင်​ တ​နေရာထွက်​နဲ့ တ​နေ့လုံး ​လျှောက်​သွားထားတဲ့သူ​တွေအတွက်​ သနတ်​ခါး ​လေး​သွေးပြီး လိမ်း လိုက်​ရင်​ဖြင့်​ မျက်​နှာ တပြင်​လုံး​အေးသွားပြီး လန်းဆန်းသွားပါတယ်​FB_IMG_1519475237543.jpg အဲဒီ​နောက်​ မန္တ​လေး​တောင်​​ပေါ်သို့ သွား​ရောက်​ခဲ့ပါတယ်​ မန္တ​လေး​တောင်​​ပေါ် က​နေ ကြည့်​ရင်​ဖြင့်​ မန္တ​လေးတစ်​မြို့လုံးကိုမြင်​ရပြီးP70419-184702.jpg ​တောင်​​ပေါ်က ​ဘုရားကြီးနဲ့ ​မြွေနှစ်​​ကောင်​ ဘိုးဘိုးကြီးကိုလည်းဖူး​မျှော်​ခဲ့ရပါတယ်FB_IMG_1519475254050.jpg​ ဒီလိုနဲ့ ကျွန်​မတို့ ဘုရားဖူးအဖွဲ့ဟာ
ကျောက်​စိမ်း ​စေတီ​တော်​ ကြီးကို ဖူး​မြော်​ပြီး ရန်​ကုန်​ ပြန်​ရ​တော့မယ်​ ဖြစ်​ပါတယ်​ ​ကျောက်​စိမ်း ​စေတီ​တော်​ကို ​ရောက်​တဲ့အချိန်​မှာ ​တော့ ညဘက်​ မိုးချုပ်​စ ဖြစ်​​နေလို့ မိုးကလည်းရွာထား​တော့ မိုး​မှောင်​ကျ​နေပြီး ဘုရားကြီးမှာ ကြည်​ညို သပ္ပါယ်​စရာ ​ကောင်းလှပါတယ်​ ကျွန်​မပထမတခါ ၄လပိုင်းတုန်းက ​ကျောက်​စိမ်း​စေတီ​တော်​ ကို ​ရောက်​တုန်းက ​နေ့လည်​ဘက်​ပါ ​နေ့လည်​ဘက်​ထက်​ ခု ည​နေ မိုးချုပ်​စ ဖူး​မျှော်​ ရတာက ပိုပြီး ကြည်​ညို စရာ ​ကောင်းလှပါတယိIMG_20180101_192048.jpg ​ကျောက်​စိမ်းဖြင့်​ ပြုလုပ်​ထား​သော လက်​​ကောက်​ ​သော့ချိတ်​ လက်​စွပ်​ အရုပ်​ အမှတ်​တရပစ္စည်းအ​ရောင်းဆိုင်​များမှာလည်း လက်​တွန်း တွန်းလှညိး ​လေးများဖြင့်​ ​ရောင်းချ​နေပါတယ်​ ​ကျောက်​စိမ်းနဲ့ပတ်​သက်​တဲ့ လက်​​ဆောင်​ ပစ္စည်းများလည်း အမည်​စုံလှပါတယ်​ 
ကျွန်​မတို့လညိး ဘုရားဖူး ပြီး ပြန်​အဆင်းမှာ သနတ်​ခါးလိမ်းတဲ့ ​နေရာမှာ ​သနတ်​ခါးလိမ်းပြီး အိမ်​အပြန်​ ခရီးကို စတင်​ခဲ့ပါတယ်​ ဒီလိုပဲ မနက်​ ၃နာရီခွဲ​လောက်​မှာ​တော့ ရန်​ကုန်​ ​ရွှေမြို့​တော်​ကြီးကို ပြန်​​ရောက်​ခဲ့ပါတယ်​ ဒီလိုနဲ့ ကျွန်​မတို့ ဘုရားဖူးခရီးစဉ်​ကြီးဟာ ​အောင်​မြင်​စွာ ပြီးဆုံးသွားပါတယ်
Writer by @yway
Photo credit -facebook photo
MSC-232

Sort:  

v100%$0.07 V n M.

ညီမလေး စာတေနဲ့ ပုံလေးတွေနဲ့ လိုက်ဖက်အောင် ထည့်တတ်ပီ..။ ပုံတွေလဲ လှ မမလဲ မရောက်ဖူးတာလေးတွေပါလို့ ဗဟုသုတရ thank ပါခွယ်😁😁

ကျေးဇူးပါမ

ပုံတွေလည်းကြည့်ကောင်း လူလည်းလှတယ်ပေါ့နော် မမကြည်

အေးပါကွာ လှပါ့ရှင်😊😊

စာရေးလည်းကောင်း .. ပုံတွေလည်းကောင်း ..

ယခုလိုပုံလေးစာလေးတွေဝေေ၀ဆာဆာဖော်ပြထားတော့
ဖက်ရသလည်း စိတ်ချမ်းသာတာပေါ့ကွယ်

ဟုတ်​ကဲ့ ပါ

မြန်မာပြည့်အနှံ့ဖုရားဖူးထွက်နေတာလား အားကျလိုက်တာဗျာ

မဟုတ်​ပါဘူး မနှံ​သေးပါဘူး

ညီမက ဘုရားအစုံ ဖူး ဘူးတာဘဲ‌နော်‌။ခရီးလည်း‌တော်‌‌တော်‌ သွားနိုင်‌တယ်‌။အားကျတယ်‌ကွာ။

မန်း​​လေး လိုက်​မသွားဘူးလား

သွားခဲ့ဖူးတဲ့ နေရာလေးတွေတောင် သတိရမိတယ်ဗျာ

ဟုတ်

မြွေကြီးနှစ်​​ကောင်​ထူးစွာရှိသည်​ မန္တ​လေး ​တောင်​ဆီ...😊😊

ဟုတ်​တယ်​👍👍👍

စစ်ကိုင်းမှာ သီလရှင် ပါဝတ်ခဲ့လိုက်တာမဟုတ်ဘူး

ဆရာ​လေး မပါ လို့  မဝတ်​ ခဲ့တာ

ကျောက်စိမ်းစေတီတော်တော်တေိာကြည်ညိုဖို့ကောင်းတယ်ဗျာ
အရမ်းသပ္ပါယ်တာဘဲ
ညဘက်ဆိုပိုသပ္ပါယ်တယ်ဗျာ
နောက်တစ်ခါထပ်ရောက်ဖူးချင်မိတယိဗျာ

ဟုတ်​တယ်​​နော်​ ညဘက်​ဆို ပိုသပ္ပါယ်​တယ်

အမှန်ဘဲဗျာ
အေးလည်းအေးချမ်းတယ်

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70245.15
ETH 3761.26
USDT 1.00
SBD 3.99