သို့ သူငယ်​ချင်းများ

in #myanmar6 years ago (edited)

အော် ... ဘာလိုလိုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ခွဲခဲ့ရတာနှစ်တွေတောင် အတော်ကြာခဲ့ပြီ.. မင်းတို့တွေနဲ့ ကိုးတန်းဆယ်တန်းဘဝ ပျော်ရွင်စရာ အမှတ်တရတွေက ဘယ်တောမ့ မေ့လို့မရတဲ့ အရာတွေပါ..
မင်းတို့မှတ်မိကြအုံးမယ်ထင်ပါတယ် ငါတို့အတန်းထဲမှာ ဆိုးခဲ့တဲ့ အထဲမှာ ​နောက်​ဆုံးတန်းက သူငယ်​ချင်း ​လေး​ယောက်​အုပ်​စုက​တော့ အားလုံး​မေ့မယ်​မထင်​ဘူး သူတို့တွေ ဆယ်တန်းတုန်းကဆို အရမ်းလည်းဆိုးခဲ့ မိုက်ခဲ့ကြတယ်နော် နောက်ဆုံးအတန်းမှာ ထိုင်ခဲ့ကြတယ်
ကျူရှင်မာဆို ဆရာတွေအမုန်းဆုံးကောင်တွေပေါ့သူတို့အဖွဲ့က ညနေဘက်ဆို ခြင်းခတ် ညဘက်ဆို စာကျက်ဝိုင်းသွား ပြန်လာရင် လက်ဖက်ရည်ဆိုင်ထိုင် ပြီးမ အိမ်ပြန်တညလုံးစာကျက်တာ
အဲ့အချိန်တွေမာဆို ဖွန်ကြောင်တဲ့ကောင်ကကြောင် ပြီးရင်လိုက်ခံစားကြ ပျော်ကြဝမ်းနည်းကြနဲ့ ပေါ့..
ငါအမှတ်မိချင်ဆုံး အကြောင်းအရာလေးတခု ကတော့ မြန်မာဆရာကြီးနဲ့ အမြဲတမ်းရန်ဖြစ်ခဲ့တဲ့နင်​တို့အဖွဲ့ရဲ့ အချိန်တွေက ငါ့ကို အမြဲတမ်းသတိရနေစေခဲ့တယ်
နင်​တို့တွေဆရာကြီးကိုပညာစမ်းခဲ့ကြတယ်
အခုထိမှတ်မိနေတုန်းပဲ ဆရာကြီးက နေ့တိုင်းကြိုက်တာမေး မြန်မာစာနဲ့ ပတ်သတ်ရင် အမြဲပြောနေတော့်နင်​တို့တွေရှာကျန်ပြီး ပေါက်ကရတွေမေးခဲ့ကြတာ နော် က​နောင်​မင်းသားကို သူရဲ့တူ​တော်​နှစ်​ပါးဖြစ်​တဲ့မြင်​ကွန်းမြင်းခွန်​တိုင်​မင်းသားနှစ်​ပါးက လုပ်​ကြံတယ်​​ပေါ့ က​နောင်​မင်းသားအ​ကြောင်းသင်​​နေတဲ့ အချိန်​မှာ​ပေါ့ဆရာကြီးက ထုံးစံအတိုင်းကြိုက်​တာ​မေး ဘာမသိတာရှိလဲ​ပေါ့ အဲဒါကို သူတို့အဖွဲ့က့"ကနောင်မင်းသားကိုလုပ်ကြံတဲ့ မင်းသားနှစ်ပါးရဲ့ ငယ်နာမည်ကို မေးခဲ့တာ " ဆရာကြီးဒေါသတွေထွက်ပြီး စိတ်ဆိုးခဲ့တယ် ဆရာက ပုံနှိပ်​စာအုပ်​​တောင်​ ကြည့်​စရာ မလို​အောင်​ သင်​ရိုးအစအဆုံး အကုန်​သိ​တော့ သူတို့ကလည်း ရှာ​ဖွေပြီးခဲရာခဲဆစ်​​တွေ​မေးလိုက်​တယ်​ တစ်​ခန်းလုံး​ရှေ့မှာ ဆရာကို အရှက်​ခွဲသလိုလုပ်​ခဲ့တဲ့ သူတို့အဖွဲ့ကိုတခန်းလုံးက အမျိုးမျိုး ​ဝေဖန်​ခဲ့ကြတယ်​ ​ကျောင်းသား ဘဝဆို​တော့လည်း ​နောက်​တာ ​ပြောင်​တာ​တွေနဲ့

"တကယ်တော့် အဲဒီတုန်းကတစွတ်ထိုးစိတ်နဲ့ လုပ်ခဲ့တဲ့အမှားတွေဟာ အခုထိခြောက်လှန့်နေတုန်းပဲ ငါဘယ်အချိန်များပြန်ခံရမလဲဆိုတာ တွေးမိတုန်းပဲအချိန်တိုင်း.."လို့ ကျွန်​မနဲ့စကား​ပြောဖြစ်​တိုင်း​နောက်​​ကြောင်းပြန်​​နောင်​တရ​နေတဲ့ ​ကျောင်းတုန်းက သူငယ်​ချင်းသူတို့်​ရဲ့အဖြစ်​အပျက်​​လေးဟာ ခုထိတိုင်​သတိရ​နေမိဆဲပါ ကျွန်​မနဲ့ဆုံတိုင်း ​ရှေး​ဟောင်း​နောက်​ဖြစ်​​တွေ ​ပြောတတ်​တဲ့ ကျွန်​မရဲ့သူငယ်​ချင်းတ​ယောက်​ ရဲ့ ခံစားချက်​ ကို မှတ်​တမ်းတင်​ထားတယ်​လို့ နင်​ ဝဋ်​လည်​မဲ့တ​နေ့ကိုလည်း ​စောင့်​စားရင်းးFB_IMG_1517488048360.jpgphoto credit​ကျောင်းလွယ်​အိပ်
MSC-232 writen by @yway

Sort:  

ဖက်လိုက်ပါသည်

ကောင်းပါတယ်

@naylinn ​ပြောသလိုပါဘဲ အပိုဒ်​​လေး​တွေခွဲ​ရေး​ပေးခြင့်းဖြင့်​ အမြင်​လဲလှ​စေမှာပါ။
အောက်​ဆုံးတွင်​ MSC Number၊ ​ရေးသားသူအမည်​(@yway) နှင့်​ photo credit ကိုလည်းပြည့်​စုံစွာထည့်​​ပေးပါ။

ဟုတ်​​ကျေးဇူးပါပဲ

စာနဲ့ပုံများ ထပ်ပြီးထည့်စေချင်ပါတယ်ဗျာ

ဟုတ်​ကဲ့

ပုံလေးတွေ ကြားညပ်ထည့်ရင်ပိုကောင်းမှာပါ ခုက စာနည်းနေသလို ခံစားရပါတယ်

ဟုတ်

စာတိုသေးတယ်ထင်တယ်ဗျ

ဟုတ်

အပိုဒ်လေးတွေ ခွဲပြီးပုံလေးတွေထည့်ရင် ပိုကောင်းမယ်ထင်တယ်ဗျ
Good post par

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 66903.13
ETH 3103.80
USDT 1.00
SBD 3.74