လွဲမှားသောဆုံးမမူ

in #myanmar6 years ago

ကျွန်တော့်တို့လူမျိုးများသည် ရိုးရာအစဉ်အလာများကို ထိမ်းသိမ်းကာ နေထိုင်ကြသည်။ငယ်ငယ်ကထဲက သွန်သင်ဆုံးမမူများအပေါ်လိုက်၍ လူကောင်းလူဆိုးကွဲပြားကြပေသည်။
DSC_0010(1).JPG
ထို့ကြောင့်ငယ်စဉ်က ဆုံးမမူများသည် ကလေးငယ်၏ စိတ်ဓါတ်နှင့်အနာဂတ်ကို ပုံဖော်ပေးသလိုဖြစ်နေသည်။ဆုံးမသွန်သင်ရာတွင်ကလေးငယ်ကို ရိုက်နှက်ပြောဆို ဆုံမပေးခြင်း ကြောက်လန်အောင်ခြောက်၍ဆုံးမခြင်းမျညးထက် အကျိုးအကြောင်းကို နားလည်သဘောပေါက်အောင် ရှင်ပြပြောဆိုကာ ဆုံးမပေးခြင်းက သာ၍ကောင်းမွန်မည်ဖြစ်ပါသည်။

ဥပမာပြောရလျှင် ကလေးငယ်တစ်ယောက် ထမင်းစားသေားအခါ ထမင်းလုံဖိတ်စင်သောအခါ လူကြီးသူမများက ဆုံးမကြသည်။ကဲ့သို့ဆုံးမကြရာတွင် တစ်ချို့သောလူကြီးသူမများက ကလေးငယ်ကို ထမင်းလုံးဖိတ်၍ရိုက်နှက်ကာ နောက်မဖိတ်အောင်စားဟု ဆုံးမကြသည် တစ်ချို့ ထမင်းလုံးတေဖိတ်၍ ညဘက်တွင်ထမင်းလုံးတဆေ ခြောက်ခံရမည်ဟု ကလေးငယ်အားခြောက်လှန့်၍ ဆုံးမကြသည်။ထိုသို့ဆုံးမခြင်းထက် ကလးငယ်အား ထမင်းဆိုတာပိုက်ဆံနဲ့ပေးဝယ်ထားရာတာ အောက်ကျလို့ခြေထောက်နဲ့နင်းမိရင် ကပ်စေးကပ်စေးဖြစ်တယ် ယင်ကောင်တေ ပုရွက်ဆိတ်တေလာတယ် ဒါကြောင့်မဖိတ်အောင်စားဟု ကြောင်းကျိုးပြက ဆုံးမသင့်ပေသည်။

ရိုက်နှက်၍ဆုံးမခြင်းသည် ကလေးငယ်၏စိတ်ကို အနှုတ်ဖက်သို့ ဦးတည်သွားစေသည်။ဒီလူကြီးငါငယ်တုန်းမို့ ကြီးလာရင်ငါ့အကြောင်းသိစေရမယ် စိတ်ထဲတွင်တေးမှတ်ကာ ကြီးလာသောအချိန်တွင် ထိန်းသိမ်းမရဖြစ်သွားတက်ကြပေသည်။ထိုအခါလူမူပတ်ဝန်းကျင်တွင်ဆိုးမိုက်စာရင်းသွင်းကာ ပြစ်ပယ်ခြင်းခံရမည်။ပြစ်ပယ်ခြင်းခံရပါက ပတ်ဝန်းကျင်ကိုအရွဲတိုက်ကာ ဘယ်သူကိုမှဂရူးစိုက်စရာမလို ဟုမှတ်ယူကာထင်ရာစိုင်းကြတော့သည်။

ခြောက်လှန်ဆုံးမခြင်းက ကလေးငယ်၏စိတ်ကို သိမ်ငယ်စေသည့်အပြင် ရင်ထဲ၌အကြောက်တရားကို အမြစ်တွယ်သွားစေသည်။ငယ်စဉ်ကတည်းက ကျွန်တော်တို့တစ်တွေကို အကြောင်းအကျိုးပြ၍ဆုံးမခြင်းထက် ခြောက်လှန်၍ဆုံးမသည်က ပိုများသည်။

အကြောက်တရာကို စိတ်ထဲကစွဲနေသောကြောင့် တစ်ခုလုပ်လိုက်ရင် မှားများမှားသွားမလား မှားသွားရင်ရောဆိုသော အတွေးဖြင့်မှားမည်ကိုကြောက်ကာ ဘာမှမလုပ်ဘဲနေကာ လူဖျင်းလူညံ့တစ်ယောက်ဖြစ်သွားနိုင်ပါသည်။လူတိုင်သည်အမှားနှင့်ကင်းသည်မဟုတ်ပါ မှားမည်ကိုကြောက်စရာမလိုပါ အမှားကိုအမှားဟုလက်ခံနိုင် ဖို့ကသာအရေးကြီးပါသည်။လူတိုင်းလူတိုင်း မိမိပတ်ဝန်းကျင်ကို မှန်ကန်သောနည်းလမ်းများဖြင့် ဆုံးမနိုင်ကြပါစေ။

MSC 249
@zawhtet

Sort:  

လက်ဦးဆရာမည်ထိုက်စွာ ပုပ္ပာစရိယ မိနှင့်ဖတဲ့ ငယ်ငယ်ထဲကသွန်သင်တာလမ်းမှန်ဖို့လိုတယ်။ဘာလို့လဲဆိုခလေးကအရင်ဆုံးထိတွေ့ဆက်ဆံရတာမိဘတွေနဲ့ပဲ။ကောင်းတယ်ညီအရေးသားလေးတွေ။

ဟုတ်ပါတယ်ငယ်စင်ကဆုံးမတာမှန်မှ ကြီးတဲ့အခါဆင်ပြေမှာပါ။ခုလိုလာရောက်အားပေးတာကျေးဇူးပါ။

မိဘ​တွေ အ​နေနဲ့ ကိုယ့်​သားသမီးကို ဆုံးမတဲ့အခါ အရမ်းဂရုပြုသင့်​ ပါတယ်​ဗျာ .. အ​ရေးကြီးတာက​တော့ မိဘ​တွေရဲ့ အသိတရားမှန်​ကန်​ဖို့ ​ပေါ့ဗျာ ..

မှန်ကန်စွာ ကလေးငယ်များကို ဆုံးမကြဖို့ 
အမှန်အကန်လိုတယ်ဗျာ

ဟုတ်ပါတယ်အကို

မှန်​မှန်​ကန်​ကန်​​လေးဆုံးမ မယ်​ဆို ​ကောင်းပါတယ်

တကယ်ကောင်းမှာပါဗျာ

မိဘရဲ့ ပဲ့ကိုင်မှုအတိုင်း ကလေးတွေက ရှင်သန်ရတာပါ မွေးရာပါ ဗီဇဆိုးတဲ့ ကလေးဆိုတာက ဖြစ်နိုင်ခြေ ၁%ပါ

သားသမီးရဲ့အပြုအမူတေက
မိဘတေရဲ့အရည်အချင်းကိုပြသတာပေါ့ဗျာ

အဲ့လွဲမှားတဲ့လမ်းညွန်မူတွေထဲကတော့ ကလေးတွေဆော့ချိန်တန်လို့ ဆော့ခွင့်မပေးတာတော့တကယ်ပါပဲဗျာ

သူအချိန်လေးနဲ့သူတော့ပုံမှန်လည်ပတ်ခွင့်ပေးသင့်တာပေါ့

ဟုတ်ပါ့ နောက်တစ်ခုက ကလေးတွေကို လူတွေကြားထဲ ဆဲဆိုကြိမ်းမောင်းတာ အမုန်းဆုံးပဲ ဘာလို့ ဆို စိတ်ဒဏ်ရာတွေ ဖြစ်စေကြတယ်လေ

ကောင်းတယ်​ဗျာ

မိဘတွေအနေနဲ့ နည်းမှန်လမ်းမှန်နဲ့ ထိမ်းကျောင်းပဲ့ပြင်နိုင်ဖို့လိုပါတယ်ဗျာ...

Loading...

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97