ချစ်​​နေဆဲပါ အပိုင်း(၂)

in #myanmar6 years ago

ချစ်​​နေဆဲပါ အပိုင်း(၁) https://steemit.com/myanmar/@zawhtat/undefineds-ensaepa

ညကတော်တော်နှင့်အိပ်မပျော်သောကြာင့် မနက်ပိုင်းရောက်တော့ဝေယံတစ်ယောက်မထချင်သော်လဲ သူငယ်ချင်း၏မွေးနေ့ပွဲသွားရမည်ဖြစ်သောကြောင့်အိပ်ယာမှလူးလဲကာထလိုက်သည်။မျက်နှာသစ်ရေမိုးချိုးလိုက်သည်။ရေချိုးလိုက်တော့လူကလန်းဆန်းသွားသည် ဝေယံအဝတ်စားလဲကာမွေးနေ့ပွဲဆီကိုဦးတည်ကာသွားလိုက်သည်။
IMG_20180509_135715.jpg
လမ်းတွင်ရှိသောစတိုးဆိုင်ကနေ စိုင်းထက်အတွက်ကချင်ပုဆိုးတစ်ထည်နှင့်မီးခိုးရောင်လည်ကတုံးလက်ရှည်တစ်ထည်ဝယ်လိုက်သည်။စိုင်းထက်အိမ်ရှေ့ရောက်တော့ ခြံတကားပိတ်ထားသဖြင့်လှမ်းအော်ခေါ်လိုက်သည်။စိုင်းထက်အမေလာဖွင့်ပေးသည်။သားဝေယံစောသားဘဲ သားသူငယ်ချင်းအိမ်ထဲမှာရှိတယ် ဝင်သွားလိုက်အန်တီ ဘုန်းကြီးဆွမ်းကပ်ဖို့ချက် လိုက်ဦးမေ။အိမ်ထဲရောက်တော့စိုင်းထက်တစ်ယောက်ဘုန်ကြီးဆွမ်းကပ်ရန်အတွက်လိုအပ်သည်များကိုခင်းကျင်းပြင်နေသည်။

သူငယ်​ချင်း​ရေHappy Birthdayပါဟုနှုတ်ဆက်ဆက်လိုက်သည် ။ကျေးဇူးပါသူငယ်ချင်းရေ။မင်း​ရောက်​လာတာအတော်ဘဲ ဆွမ်းကပ်ဖို့လိုအပ်တာလေးတွေ ဝိုင်းကူလုပ်ဦးကွာ။ဝေယံတစ်ယောက်စိုင်းထက်နှင့်အတူဘုန်းကြီးဆွမ်းကပ်ရန်အတွက်လိုအပ်သည်များကိုဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသည်။ဘုန်းကြီးငါးပါးပင့် ၍နေ့ဆွမ်းကပ်သည်။ဆွမ်းကပ်တရားနာပြီးနောက် ဧည့်သည်များကိုထမင်းကျွေးသည်။

ဝေယံဝိုင်းကူလုပ်ပေးနေရင်းကောင်မလေးတစ်ယာက်ကိုတွေ့လိုက်သည်။သူမဝတ်​ဆင်​ထား​သော နံ့သာ​ရောင်​အင်းကျီဝမ်းဆက်​က ဝင်းဝါ​နေ​သောသူမ၏ အသားရည်​နှင့်​ လိုက်​ဖက်​လွန်းလှစွာ​ ​ရွှေ​ရောင်​​တောက်​​ပ​နေသည်။ထူထဲနက်​​မှောင်​​နေတဲ့ သူမရဲ့ဆံ​ကေသာက​ ​ဖြောင့်​ဆင်းပြီး ခါးထက်​မှာတစ်​ညီထဲဝဲ​နေသည်​။သူမရဲ့မျက်​နှာ​လေးကို ကြည့်​လိုက်​ပြန်​​တော့ ဖြူစင်​ဝင်းပ​ချော့မွတ်​​နေပြီး နက်​​​မှောင်​​နေသာမျက်​ခုံးများက ဇင်​​ယော်​​တောင်​အလား ​ကွေးညွှတ်​​နေပြီး မျက်းလုံးများကလည်း ကြည်​လင်​​တောက်​ပ​နေသည့်​အပြင်​ ပန်းနု​ရောင်​နှုတ်​ခမ်းတစ်​စုံရဲ့ အပြုံးလှလှ​လေးနဲ့ ​ပေါင်းစပ်​လိုက်​​သောအခါ သူမရဲ့အလှကကျွန်​​တော်​ကို အသက်​ရှုမှား​စေသည်​။သူမရဲ့အလှမှာ ကျွန်​​တော်​စိတ်​ကူးတို့လွင့်​​မြော​နေရင်း အမှတ်​မထင်​သူမရဲ့မျက်​ဝန်းအစုံနဲ့ အကြည့်​ချင်းဆုံခိုက်​မှာ ကျ​နော်​သူမကိုပြုံးပြလိုက်​​တော့ သူမကရှက်​ပြုံး​လေးပြုံးပြီး​ခေါင်းကို​အောက်​ငုံ့သွားသည်​။ကျ​နော်​ရင်​ခုန်​သံ​တေဟာလည်းစည်းချက်​မကျ​တော့ဘဲပိုမြန်​လာသည်​။

မွေးနေ့ပွဲပြီးတော့သူမအကြောင်းကိုဝေယံတစ်ယောက်ထိုင်ကာစင်းစားနေတော့သည်။ သူမကကျ​နော်​နှင့့်အသက်​သိပ်​မကွာ​ရွယ်​​လောက်​ဘဲဖြစ်​မည်​ထင်​သည်​။ သူမ၏မျက်နှာလေးကို မျက်လုံးထဲမှာမြင်ရောင်တုန်း သူမရဲ့အကြောင်းကိုတွေမိတိုင်း ဘာ့​ကြာင့်​မှန်းရယ်​မသိ တဒိုင်းဒိုင်းနဲ့ နှလုံးသားလေကရင်ခုန်သံစည်းချက်​​တေမြန်လာသည်။သေချာသည်မှာဝေယံတစ်ယောက်သူမကိုချစ်မိနေပေပြီ။ ဝေယံသူမအကြောင်းကိုစုံစမ်းရန်အတွက် စိုင်းထက်ဆီကိုထွက်လာခဲသည်။စိုင်းထက်ဆီသွားနေရင်း သူမအကြောင်းကိုဘယ်ကနေစမေးရမလဲစင်းစားနေမိသည်။

စိုင်းထက်အိမ်ရောက်တော့ စိုင်းထက်​သူ့ထုံးစံအတိုင်းစာအုပ်​ဖတ်​​နေသည်​။ကျ​နော်​​ရောက်​​လာသည်​ကိုသူသတိမထားမိဟန်​မတူပါ။စာအုပ်​ကိုဘဲသဲကြီးမြဲကီးဖတ်​​နေသည်​။ကျ​နော်​​လည်းစိုင်းထက်​ကိုစချင်​တာနှင့်​နာက်​က​နေ အသာ​လေးအနားကပ်​ကာ ​ဟေး​ရောင်​ ဟု​အော်​လိုက်​သည်​။ကျ​နော်​​အော်​သံ​ကြောင့်​ စိုင်းထက်​လန့်​သွားသည်​။ကျ​နော်​အားမ​ကျေမချမ်းနှင့်​ဘုကြည့်​ကြည့်​ကာ ​မောင်​မင်းကြီးသာထူးထူဆန်းအိမ်​ကိုဘာလာလုပ်​တာလဲဟု​မေးသည်​။သူ​ပြောလဲ​ပြောချင်​စရာပါ ကျ​နော်​ကသူဆီကိုသိပ်​မသွားပါ။တစ်​ခါတစ်​​လေကိစ္စ​ရှိမှသာစိုင်းထက်​ဆီကို​ရောက်​သည်​။ဘာမှမလုပါပူးကွာမင်းဆီအလယ်​လာတာ တို့သူငယ်​ချင်းနှစ်​​ယောက်​စကားမ​ပြောဖြစ်​တာကြာပြီ​လေကွာ။

ဆက်​ပါဦးမည်​............
MSC249
@zawhtat

Sort:  

မွေးနေ့ပွဲပြီးတော့သူမအကြောင်းကိုဝေယံတစ်ယောက်ထိုင်ကာစင်းစားနေတော့သည်။စဉ်းစားပါအယ်ကိုရယ် မစင်းစားနဲ့ ကောင်မလေးအသားကနုနုလေးလေ သနားပါတယ်။အယ်ကိုက အဲ့လိုစင်းစားတဲ့အကြည့်ကြီးနဲ့ကြည့်တော့ ကောင်မလေးကလန့်တာပေါ့လို့။

ဟီးးးးးပြန်​ပြင်​လိုက်​ဦး​မေ။

တော်သေးတာပေါ့ ရင်ခုန်တာ ရပ်မသွားလို့

ရပ်​သွားလိုမျပူး​ယေ😂😂
သူသိ​အောင်​​ပြောပြရဦး​မေ

ဒါဟာ အချစ်တဲ့လား...အဲ့ဒါအချစ်တဲ့လား.....

အချစ်​ အချစ်​​ အချစ်

မျက်လုံးချင်းဆုံ ရင်တွေခုန် .ဟီး

မျက်​လုံးချင်းဆုံရင်​​တေခုန်​​တော့ပီတိ​တွေဖြာ.....

အလဲ့ အချစ်​အချစ်​😂

အချစ်​ဆိုတာက........

မွေးနေ့ ပွဲမှာ မျက်ဝန်းတစ်စုံ ပ

အကြိမ်​ကြိမ်​ရင်​ခုန်​ရ​သောသူ့မျက်​ဝန်း

အချစ်ရဲ့ စွမ်းအားတွေ

တော်​​တော်​ကြီးတယ်​​နော်

တွေ့သွားပီပေါ့.....အယ့်လယ့်.. :P

တွေ့သွာပြီချည်းကပ်​​တော့မာ

Birthday က စတဲ့အချစ်လာတော့မယ်ထင်တယ်ဗျ

လပြီ​ယေ

ကြွေနေပြီပေါ့ကောင်မလေးကို

ကြွေဝါးp

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14