ဆယ်​တန်းစာ​မေးပွဲကြီးနဲ့ ကျွန်​​တော့်​ရဲ့သူမ

in #myanmar6 years ago

ဆယ်​တန်းစာ​မေးပွဲကြီးကလဲ ​ဖြေ​နေပြီ။ဖြေဆို​နေတဲ့ ညီ​တွေ ညီမ​တွေလဲ ​ဖြေလို့မှ ​ကောင်းရဲ့လားမသိဘူး။ ရင်​တထိတ်​ထိတ်​နဲ့ စာ​မေးပွဲ ကို ရင်​ဆိုင်​​နေမိသလား​ပေါ့။ ကိုယ်​က​တော့ စိုးရိမ်​မိ​သေးတယ်​ ညီ​တွေ ညီမ​တွေရယ်​။

"မင်းတို့ တစ်​နှ်း​ပတ်​လုံး ကြိုးစား သမျှကို ယခု ​ဖြေကြားတင်​ပြရ​တော့မယ်
အ​ကောင်းဆုံး​ဖြေကျပါ"လို့လဲ မှာချင်​မိ​သေး။အခုဆို မြန်​မာစာနဲ့ English စာ​တော့ ​ဖြေပြီးသွားပြီ။

"ဘယ်​လိုလဲ ​ဖြေနိုင်​ရဲ့လား​ပေါ့"။ ရင်​ထဲက အလုံးတစ်​ဝက်​​တော့ ပြုတ်​ကျသွားပြီလား ညီ​တွေ ညီမ​တွေရယ်​။

အာ့​ကြောင်း​လေး ​တွေးမြင်​​နေမိ​တော့ ကိုယ်​​တွေ ​ဖြေဆိုချိန်​ကို တမ်းတမိ​သေးတယ်​။

"မင်းတို့ရဲ့ အကို ဖြစ်​တဲ့ ငါတုန်းက​တော့ ဆယ်​တန်းဆယ်​​မေးပွဲကို ဘယ်​​လို ​ဖြေခဲ့တယ်​ဆိုတာ ​ပြောပြအုံးမယ်​ ညီ​တွေ ညီမတို့"။

ငါတို့တုန်းက​တော့ ဆယ်​တန်းစာ​မေးပွဲ အ​ဝေးတ​မြေက ဆင်​ဖြူကျွန်းဆိုတဲ့ မြို့​လေးမှာသွား​ဖြေခဲ့ရတယ်​။ကျောင်းက​တော့ ဇီးဖြူပင်​ဆိုတဲ့ရွာက အထက်​တန်း​ကျောင်း​လေးမှာ ​နေပြီး မျိုးဆက်​တံခွန်​လို့ အမည်​ရတဲ့ ​ဘော်​ဒါ​လေး ဆည်းပူးခဲ့တယ်​။

ဖြေရက်​​ရောက်​​တော့ တခြားတ​မြေဆီက ဆင်​ဖြူကျွန်းမြို့က အထက်​တန်း​ကျောင်းမှာ​ဖြေခဲ့ရတယ်​။ ​ဘော်​ဒါ အသီးသီး ရိက္ခာ အပြည့်​နဲ့ ကိုယ့်​​ဘော်​ဒါနဲ့ ကိုယ်​အ​ဆောင်​နဲ့ ကို ​ဖြေခဲ့ကျရတယ်​။

ကိုယ့်​​မြေမဟုတ်​​တော့ ရင်​ထဲမှာ စိမ်းသထက်​စိမ်းမိ​သေးတာ​ပေါ့။ အို မပူပါဘူး​လေ အ​ဖော်​​တွေက အများကြီးဆို​တော့ အားရစရာပါပဲ။ တချို့​တွေကလဲ ဒီဆင်​ဖြူကျွန်းမြို့​ပေါ်​လေးမှာပဲ လာဆုံကျတယ်​။ ဘယ်​သူဘယ်​ဝါမှန်းမသိ​ပေမယ့်​ ​ကျောင်းသားအချင်း ​ကျောင်းသူ အချင်း "စာရပြီလား"လို့ ​မေးလိုက်​တဲ့ အခါ "ရပြီလို့" ​ဖြေလိုက်​ရဲ့ ဖီလင်​မျိုး ငါ့ညီ​တွေ ညီမ​တွေ သိ​စေချင်​​သေးတယ်​။

ကဲ မနက်​ဖြန်​ မြန်​မာစာ​ဖြေမယ့်​ရက်​ ငါတို့ ဘယ်​လို​ဖြေခဲ့လဲ သိလား။ ​ပြောပြအုံးမယ်​။ ကိုယ်​က စာကျက်​တာ အရမ်းပျင်းတဲ့သူပဲ ။ မြန်​မာစာဆို​တော့ ကျက်​ရတာ ပင်​ပန်းတယ်​။ အမှန်​​ပြောရရင်​ မြန်​မာစာကို ​ကြောက်​တယ်​။ မြန်​မာစာရဲ့ အဓိပ္ပါယ်​ က မြင့်​မား​ပေမယ့်​ ကိုယ့်​အတွက်​​တော့ ပျင်းရိ​နေမိတယ်​​လေ။

ကဲ ဆရာမ​က​တော့ စာကျက်​စာကျက်​လို့ အတန်​တန်​မှာတယ်​။ တစ်​နှစ်​လုံးကျက်​လာသမျှ​တော့ ရတဲ့ဟာက ရ ၊ မရတဲ့ဟာက မရနဲ့။ ​ပေါ့​ပေါ့ပါးပါးပဲ ​အေး​ဆေး​နေတယ်​။ ဟီးဟီး ​။ ကဲ စာ​မေးပွဲခန်းဝင်​ဖို့ အချိန်​က ကပ်​လာတယ်​။ ​ကျောင်းဝန်းကြီးထဲမှာ အစုလိုက်​အပြုံလိုက်​နဲ့ ငါ့ညီ​တွေညီမ​တွေ ​ပြေးမြင်​​နေမိစမ်းပါ။

ဘယ်​​လောက်​​ပျော်​စရာ​ကောင်းသလဲ။ ဆရာဆရာမ​တွေက လူ​တွေကိုစစ်​ ပြီး​တော့ စာ​မေးပွဲအခန်းဝင်​ကာ ​ဖြေဆိုပါ​လေသ​ရော့။ ကဲ မြန်​မာစာ​တော့ ​ဖြေလို့ပြီးပြီ။ ​ဖြေနိုင်​ကျရဲ့လားလို့ အားရပါးရ ​မေးတဲ့သူက​မေး၊ ဆရာဆရာမ​တွေကလဲ ​မေး။ အ​မေးစုံတဲ့ မြင်​ကွင်း​လေးမှာ မျက်​ရည်​​ပေါက်​​ပေါက်​ကျ​နေတဲ့သူ မပါ​တောလ မြင်​ကွင်း​လေးက ကြည်​နူးစရာ။

ကိုယ့်​အတွင်​လဲ စိတ်​​ပေါ့သွားမိတာ​ပေါ့ ညီ​တွေ ညီမ​တွေရယ်​။ကဲ လာပြန်​ မနက်​ဖြန်​ English စာတဲ့ဗျာ။ Englishစာဆိုတာက ​ဖြေခါနီး​တော့ ကြည့်​စရာမ​တွေ့။ Read the passage ​လေး​ဖြေနိုင်​​အောင်​ပဲ ကြိုးစားရပြန်​။ Grammar ​လေးက အမှတ်​ယူရ​တော့ ကြည့်​ရပြန်​​သေး။

သို့​ပေမယ့်​ အချိန်​က ပို​နေ​သေး။
ပြောရအုံးမယ်​ မင်းတို့ အကိုဖြစ်​တဲ့ ငါက စာ​မေးပွ​ဖြေရက်​​ရောက်​​တာ​တောင်​ ခရက်​စ်​​လေးနဲ့ သာယာလို့​ကောင်းတုန်း။ သူ့မ စာ​မေးပွ​ကော ​ဖြေနိုင်​ရဲ့လို့လဲ ​မေးရ​သေးတယ်​။ သူမရဲ့ စာကျက်​ဟန်​​လေး​တွေကလဲ ချစ်​စရာ။ အလဲ့အလဲ့ မင်းတို့အကိုက အာ့အချိန်​မှ crushဆိုတာရှိလာတာ။

သူမရယ်​ စာ​မေးကြီးရယ်​နဲ့ မင်းအကိုက အဲ့လို​ဖြေခဲ့တာ😁😁😁။ အွန်း ​တော်​ပါပြီ ဆက်​မ​ရေးချင်​​တော့ဘူး သူမ အ​ကြောင်း​တွေ ပြန်​သတိရလာတယ်​။

ကဲ ညီ​တွေညီမ​တွေ​ရေ ဆယ်​တန်းစာ​မေးပွဲတွင်​ ကျက်​သမျှတိုး၍ ​ဖြေသမျှမှန်​ကန်​ကာ အမှတ်​​ကောင်း​ကောင်းနဲ့ တက္ကသိုလ်​ ဝင်​စာ​မေးပွဲကြီး ​အောင်​မြင်​ကျပါ​စေဗျာ။
MSC-061
@zawmyo
image

Sort:  

ခု​​တော့ သူမရယ်​ steemit
Steemit ရယ်​ သူမရယ်​​ပေါ့

ဒါ​ပေါ့ဦးရယ်​လည်​ပတ်​​နေတာ😁😁

စာမေးပွဲသွားဖြေတာတောင် သူမကို တွေ့ခဲ့သေးတာလား ကလင်းရဲ့ သူမက ဒီထိ ရောက်လာပုံဘဲ

ဟီးဟီး ဟုတ်​မယ်​အမ​ရေသူမမှသူမပဲစွဲလန်း​နေပြီ😁😁

ဟုတ်​မယ်​အမ​ရေ ​လျှောက်​သွား​နေတာ အဲ့သူမက 😁😁

သူ့မစာ​မေးပွ​ကော​ဖြေနိုင်​ရဲ့လား......

ဖြေနိုင်​လို့အ​ဝေးသင်​မှထပ်​ဆုံမိ​သေးတယ်​အာ့​ကောဆက်​​ရေး​ပေးရမလားဦးကလင်း😁😁

သြော် ၁၀ တန်းပြီးခဲ့တာတောင် ၁၈နှစ်ရှိခဲ့ပြီ။ခုတော့ ကိုယ့်တူတူမတွေကိုပဲရင်လိုက်ခုန်ပေးနေရတယ်ဗျာ အောင်စာရင်းထွက်တိုင်း။

ဟုတ်​ပါ့အကို​ရေသူတို့အတွက်​စိုးရိမ်​မိ​နေ​သေးတာ

မြန်မာစာကတော့ လွယ်တယ်လို့  ပြောကြတယ် ဖြေနိုင်ကြတယ်ပေါ့။ကျွန်တော်လဲ အေးခွန်းကြည့်ပြီး ဖြေကြည့်တယ် စလေဦးပုည ရဲ့  ငယ်နာမည် ကို တော်တော်ရှာလိုက်ရတယ်။မောင်ပုတ်စည် တဲ့

ဟီးဟီး မြနိမာစာက​သေခက်​တာသာ​တေ​ကြာက်​တယ်

ဒီစာဖတ်ရတာ ကိုယ့်တုန်းကအချိန်တွေ ပြန်မြင်ယောင်မိတယ်ဗျာ

ဟုတ်​ပါ့သတိရမိ​သေးတယ်​ဗျာလွမ်းလျက်​ပါပဲခရ်​စ်​ရယ်​😁😁

ဒိုင်​ယာရီ စာအုပ်​​တွေထဲ ဆယ်​တန်းနှစ်​ ​ရေးအ​ကောင်းဆုံး​ပေါ့ .. အလဲ့ အလဲ့ ..😀

ဟဲဟဲအာ့လို​ပြောရမလား​တော့မသိဘူးဖြစ်​​နေတယ်​😁😁

မြန်မာစာကို ကြောက်တယ်တဲ့လား?

ကြောက်​တယ်​အမ​ရေစာစီစာကုံး​ကောင်း​ကောင်းမ​ရေးတတ်​ဘူးဆိုတာဒီပိုစ့်​က​နေသိသင့်​ပါတယ်​😁😁😁

ကလေးတွေကိုမြောက်ပေးနာလားဟမ်

ဟုတ်​ပါဘူးလို့ဖြစ်​ပျက်​တာ​လေး​ပြောပြတာပါလို့😁😁

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62916.93
ETH 3028.97
USDT 1.00
SBD 3.67