ဆောင်းပါတစ်ပုဒ်ရေးသားရာဝယ်၊အပိုင်း(၁)

in #myanmar6 years ago

ဆောင်းပါတစ်ပုဒ်ရေးသားရာဝယ်၊အပိုင်း(၁)

မင်္ဂလာပါ မြန်မာစတီးမစ်မှ မိတ်ဆွေများခင်ဗျာ။
image
Credit image source
စာရေးသားနည်း အများအပြားထဲက ဆောင်းပါးရေးသားနည်း အားသိသလောက် မှတ်သလောက် ပြန်လည်မျှဝေချင်ပါသည်။ အဘယ့်ကြောင့် ဆောင်းပါးရေးသားနည်း အားပြန်လည်မျှဝေရသလည်းဆိုသော် စာရေးသူကိုယ်တိုင်ပင် အခြားကဗျာ ၊စာရေးသားနည်းများကို အကျွမ်းတဝင်မရှိ လှသောကြောင့် ဖြစ်သည်။ကဗျာတစ်ပုဒ် ရေးသားမည်ဆိုလျင် နှလုံးသားနှင့် ခံစားရေးသားမှသာ ကဗျာသည် အသက်ဝင် သကဲ့သို့ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် လည်း စာရေးသူမှ စာဖတ်သူထံသို့ အကျိုး တစ်စုံတစ်ရာရှိစေလိုသော စေတနာ ဖြင့်ရေး သားမှသာလျင် ဆောင်းပါးသည် အသက် ဝင်လှပ၏။

စာရေးသူတို့ တပ်ထဲမှာတော့ စစ်ဘက်စာ ရေးသားနည်း(၉)မျိုးရှိသည်-
(၁)စစ်ဘက်စာတမ်း
(၂)အတိုချုံးရေးစာ
(၃)အကျဉ်းချုပ်စာ
(၄)စစ်ဘက်စာပေးစာယူ
(၅)အမိန့်နှင့်ညွှန်ကြားချက်
(၆)အစည်းအဝေးမှတ်တမ်း
(၇)ခရီးသွားမှတ်တမ်း
(၈)စစ်မှတ်တမ်း
(၉)စစ်ရေးသုံးသပ်ချက် တို့ဖြစ်သည်။
ထိုစာရေးသားနည်း(၉)မျိုးလုံးတွင် သတ်မှတ်ထားသော format ရှိပြီး စာရေးသားနည်းတစ်မျိုးခြင်းဆီ၌ ထူးခြား သော ဝိသေသ ပါရှိသည်။စစ်ဘက်စာရေးသားနည်းနှင့် အခြားစာရေးသားနည်းများသည် စာအရေးအသား တိုတောင်းပြတ်သား သဘာဝကျမှုနှင့် လိုရင်းအချက်အလက် ကိုပေါ်လွင်အောင် ရေးသားရခြင်းမှာ တူညီနိုင်သော်လည်း ထူးခြားချက်မှာ တိကျမှုရှိခြင်းပင်ဖြစ်သည်။

ဆောင်းပါးရေးသားနည်းအားဆက်ပါမည်။ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် လိုက်နာအပ်သည့် အချက်များနှင့် စာရေးသူထားရှိရမည့်စိတ်ထား ဟူ၍ ခွဲခြားဖော်ပြသွားပါမည်။

လိုက်နာအပ်သည့် အချက်များ

စာရေးသားနည်း အမျိုးမျိုးကို မည့်သည့်ပုံ စံဖြင့် ရေးသားစေကာမူ ဖော်ပြလိုသော အချက်များကို အစီအစဉ် တကျနှင့် အဓိပ္ပာယ် ပေါ်လွင်စေအောင်ရေးသားနိုင်မှု သည့် အရေးကြီးဆုံးဖြစ်သည်။ထို့ကြောင့် မိမိရေးသားရမည့် အကြောင်းအရာ နှင့်ရည်ရွယ်ချက် ကို စတင်မရေးသားမီ ဆုံးဖြတ်သတ်မှတ်ရမည်။ထိုနောက် စတင်၍ လေ့လာဖတ်ရှုခြင်း၊ ဆွေးနွေးညှိ နှိုင်းခြင်းတို့ဖြင့် မိမိအလိုရှိသည့် သတင်းအချက်အလက်တို့ကို စုဆောင်း ရမည်။စုဆောင်းရရှိသောအချက်အလက် အား အကျဉ်းချုပ်ချရေးမှတ်ထားရမည်။ထိုအကျဉ်းချုပ် အချက်များအား သင့် လျော်သောခေါင်းစဉ်အောက်တွင်စုစည်းရမည်။မိမိရေးသားမည့် အကြောင်းအရာ၊မိမိဖော်ပြလိုသော ရည်ရွယ်ချက်နှင့် မသက်ဆိုင်သောအချက်များကို ပယ်ဖျက် ရမည်။နောက်ဆုံးတွင် စဉ်းစားဆင်ခြင်၍ ရ ရှိသောအချက်အလက်များကို အစုလိုက် အစီအစဉ်တကျထားရှိပြီး မည်သို့ရေးသား မည်ကို ဆုံးဖြတ်ချက်ချမှတ်ပြီးပါက ဆောင်းပါးတစ်ပုဒ်ရေးသားရန် အသင့်အနေ အထားသို့် ရောက်ရှိပြီဟုဆိုနိုင်သည်။
image
Credit image source
ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် ဆောင်းပါး၏ အင်္ဂါရပ်ပြည့်စုံရန်လိုအပ်သည်။ထိုအချက်မှာအခြားမဟုတ် စာရေးသူတို့ငယ်စဉ်က စာစီစာကုံးရေးသား သကဲ့သို့ နိဒါန်း စာကိုယ် နိဂုံး ဟူသော စာပိုဒ်များပါရှိရမည်ဖြစ်သည်။

နိဒါန်း

နိဒါန်းသည် ရေးသားသူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းဖော်ပြထားခြင်းမျှသာဖြစ်ပြီး ရေးသားမည့်အကြောင်းအရာနှင့်ပတ်သတ်၍ အစပျိုးထားခြင်းဖြစ်သည်။မိမိမည့်သည့်အကြောင်းအရာ ရေးသားမည်ကို စာဖတ်သူအားမိတ်ဆက်ပေးခြင်းမျိုးဖြစ်သည်။နိဒါန်းတွင်ရေးသားမည့် အကြောင်း အရာများကို အကျဉ်းချုပ်၍ ကြိုတင်သိရှိ ထားစေရန်ဖော်ပြထားရမည်။နိဒါန်းသည် တိုတောင်းနိုင်သမျှတိုတောင်းစွာရေးသားဖော်ပြသင့်သည်။စာကိုယ်ရေးသားရာ တွင်လည်း ရေးသားဖော်ပြလိုသည့် အကြောင်းအရာမှ သွေဖယ်မသွားစေရန် နိဒါန်းကိုမကြာခဏ ပြန်လည်ဖတ်ရှုသတိ မူနေရမည်။

စာကိုယ်

စာကိုယ်တွင်ရေးသားဖော်ပြရာတွင် အကြောင်းအရာပေါင်းစုံကို စာပိုဒ်တစ်ခုထဲ တွင် ရောထွေးပြွတ်တီးစွာရေးသားပါက စာဖတ်သူအား ရှုပ်ထွေးမှုကိုဖြစ်စေနိုင် သည်။ထို့ကြောင့် စာပိုဒ်တစ်ခုထဲတွင် ရောထွေးမှုမရှိစေအောင် ရေးသားသည့် အကြောင်းအရာများအပေါ် သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဖြစ်စေ၊ ဆီလျော် သက်ဆိုင်သော အကြောင်းအရာ လိုက်ဖြစ်စေ ခေါင်းစဉ်ခွဲ၊ခေါင်းစဉ်ခွဲငယ်၊ စာပိုဒ်ခွဲများဖြင့် စုစည်းရေးသားဖော်ပြ အပ်သည်။နိဒါန်းတွင် မိတ်ဆက်ဖော်ပြထား သော အကြောင်းအရာနှင့် မသက်ဆိုင်သည် များ မပါရှိစေရန် သတိပြုရမည်။စာကိုယ် ရေးသားရာ စာများအား တစ်ပြင်တည်း မဖြစ်စေဘဲ သင့်လျော်သော် အကြောင်းအချက်များနှင့် စာလုံးရေ ပေါ်မူတည်၍ စာပိုဒ်များခွဲကာ ရေးသားရ မည်။

နိဂုံး

နိဂုံးပိုင်းတွင် စာရေးသူ၏ တင်ပြဆွေးနွေး ချက်များနှင့်အကြောင်းအရာများမှ ဆိုလိုရင်းကိုပေါ်လွင်အောင် ပြန်ချုံး၍ ရေးသားရမည်။စာရေးသူမှ စာဖတ်သူထံသို့ ပေးချင်သော မက်ဆေ့ကို နိဂုံးတွင် ပေါ်လွင် အောင် ပြန်လည်ဖော်ပြရမည်။နိဂုံးမပါရှိ သော ဆောင်းပါးသည် ပြည့်စုံသည်ဟု မဆိုနိုင်ပေ။နိဂုံးတွင် ဖော်ပြထားခဲ့သည့် အကြောင်းအရာများသာ ပါဝင်ရမည်ဖြစ်ပြီး အကြောင်းအရာသစ်အား ရေးသားဖော်ပြ ခြင်းမပြုအပ်ပေ။

အထက်ဖော်ပြပါအချက်များသည် ဆောင်းပါတစ်ပုဒ်ရေးသားရာတွင် လိုက်နာအပ်သည့် အချက်များဖြစ်ပြီး စာရေးသူ ထားရှိရမည့် စိတ်ထား အကြောင်းအား အပိုင်း(၂) တွင်ဆက်လက် ဖော်ပြပါမည်။

@zinminhtet
Msc.126

Sort:  

မိုက်​ တယ်​ အကို​ရေ

ဟုတ်

ကိုယ်တွေကတော့ ဆရာမင်းသိင်္ခရေးသလို ပါးစပ်နဲ့ရွတ်ဆိုကြည့်ချောမွေ့ရင်ရပြီစာရေးနည်းနဲ့ရေးတာ

အဲ့နည်းလေးလဲ မှတ်ထားအုံး မှ

သိရတဲ့အတွက်ကျေးဇူးပါ
စာရေးသူရဲ့စိတ်ထားကို မျှော်နေမယ် သားရေ

ဟုတ်ကဲ့ အန်တီခင်ဗျ

စားေ၇းသူသတိထား၇မဲ့အ၇ာ​တွေပါ

မှတ်သားစရာတွေပါဘဲဗျာ

ဟုတ်

စစ်ဘက်ဆိုတာသပ်သပ်ရှိသေးတာကို ရုံးစားရေးနည်းဘဲသုံးတယ်ထင်နေတာဗျ

ဟုတ် စစ်ဘက်စာရေးသားနည်းက သက်သက်ပုံစံရှိပါတယ်

လာမည့်​အပိုင်းအား​စောင့်​​မျှော်​ဖတ်​ရှူ့​နေပါ​ကြာင်း။

အားပေးတာကျေးဇူးပါ

နောက်အဆက်ကိုမျှော်နေမယ်ဗျာ

အား​ပေးခဲ့ပါတယ်
မျှ​ဝေ​ပေးတာ​ကျေးဇူးပါ။

အားပေးတာကျေးဇူးပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94