ကြီးပွားချင်သလား၊အပိုင်း(၆)

in #myanmar6 years ago (edited)

မင်္ဂလာပါမိတ်ဆွေများခင်ဗျား....ကျွန်တော် ကြီးပွားချင်သူများ လိုက်နာအပ်တဲ့ အချက် များကိုရေးသားလျက်ရှိရာ အချက်(၃)အား ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ထိုအချက်(၃)ချက်အား
ကြီးပွားချင်သလား၊အပိုင်း(၁)
ကြီးပွားချင်သလား၊အပိုင်း(၂)
ကြီးပွားချင်သလား၊အပိုင်း(၃)
ကြီးပွားချင်သလား၊အပိုင်း(၄)
ကြီးပွားချင်သလား၊အပိုင်း(၅) ဟူ၍ အပိုင်း(၅)ပိုင်းဖြင့် ဖော်ပြခဲ့ပါသည်။ ထိုအပိုင်း(၅)ပိုင်းတွင် ပါဝင်သည့်အချက် များမှာ

  • (၁)ရည်ရွယ်ချက်/ရည်မှန်းချက် ထားပါ။
  • (၂)သူများနှင့်မတူအောင်လုပ်ပါ။
  • (၃)အများသဘောကိုမလိုက်နှင့်။
    တို့ဖြစ်သည်။ယခုအပိုင်းတွင် နံပါတ်(၄) အချက်ဖြစ်သည့်-
  • (၄) ပြုပြင်ရန် မကြောက်နှင့်

ဟူသောအချက်အား ဆက်လက် ဖော်ပြ ပါမည် ။
image
Credit image source
ခေါင်းစဉ်ကိုကြည့်တာနဲ့ ပြုပြင်ရတော့မည် ဆိုတာကို စာဖတ်သူသိမည်ထင်ပါသည်။သို့သော် ဘာကိုပြုပြင်ရမလည်း ဆိုတာကို တော့ သိသူရှိသလို မသိသူလည်းရှိပါ လိမ့်မည်။ပြင်တော့ပြင်ချင်တယ် ဘာပြင်ရမှန်းမသိသေးရင်တော့ အောင်မြင်မှုက အလှမ်းဝေးနေအုံးမည်။အောင်မြင်သူတွေနဲ့ မအောင်မြင်သူ တွေကြားမှာကွာခြားချက်ရှိသည်။အောင်မြင်သူတွေက ရွှေ၊ငွေ ဥစ္စာစည်းစိမ် ကို ရေမြောင်းသွယ်သလိုသွယ်ယူကြသည်။ လူတချို့ဟာ အောင်မြင်ရေးသင်တန်းတွေ၊ဟောပြောချက်တွေ ဘယ်လောက်ပင်တတ် ခဲ့ နားထောင်ခဲ့ကြသော်လည်း အောင်မြင်ကြ သူ အလွန်နည်းသည်။အဘယ်ကြောင့်ဆို သော် ကောက်ရိုးမီးကဲ့သို့ပင် ဟုန်းကနဲ စိတ်ပိုင်းဖြတ်၍ တခဏအကြာမှာပင် ထိုစိတ်တို့သည် ပျောက်ကွယ်သွားလေ သည်။ထိုအခါ ဘဝသည် ဒုံရင်းအတိုင်းသာ ဖြစ်ကျန်ခဲ့လေတော့သည်။

အောင်မြင်မှုနှင့် ဆုံးရှုံးမှု ငွေကြေးအဆင်မ ပြေမှုတွေရဲ့အခြေခံအကြောင်းအရင်းတွေကိုသိမှသာလျင် ကိုယ့်ရဲ့ငွေကြေးအနာဂတ် ကို ယခုထက်ပိုမိုကောင်းမွန်အောင်စီမံ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ကိုယ့်ရဲ့ကိုယ် ရည်ကိုယ်သွေးကျဆင်းစေနိုင်တဲ့အတွေးအခေါ်တွေနဲ့ အမူအကျင့်တွေကို ပြောင်းလဲပစ် ရမည်။ဥပမာ-အခန်းဆက် ရုပ်ရှင်ဇာတ် လမ်းတွဲတွေကို အဆက်မပြတ်ကြည့်ခြင်း၊အင်တာနက်၊စလောင်းနှင့် ဂိမ်းကစားခြင်း ကဲ့ သို့သော် အကျိုးမဖြစ်နိုင်တဲ့အမူအကျင့် တွေကို စွန့်နိုင်မှသာလျင် တန်ဖိုးရှိသော ဘဝကိုရောက်ရှိနိုင်မည်ဖြစ်သည်။အကျိုးမ ရှိသောအမူအကျင့်များကို မကောင်းသော အမူအကျင့်များဟုမှတ်ယူ၍ ပြုပြင်ရမည်။ဘဝမှာလက်တွေ့အသုံးချနိုင်တဲ့ အောင်မြင် မှုအတွက် အကျိုးဖြစ်နိုင်တဲ့ အမူအကျင့် တွေကို ပြုပြင်ယူရမည်။

တစ်ခါက လူတစ်ယောက် ချောက်ကမ်းပါး စပ်မှာလမ်းလျောက်ရင်း ခြေချော်ကာ ပြုကြလေသည်။သို့သော် ကံကောင်း ထောက်မ၍ ချောက်ကမ်းပါးစွန်းအား ဆုပ်ကိုင်မိကာ တန်းလန်းကြီးဖြစ် နေလေတော့သည်။အောက်ကိုငုံကြည့်တော့ အလွန်မှနက်သောချောက်ကြီးကိုတွေ့ရသည်။ပြုတ်ကျပါကချောက်ကမ်းပါးစွန်း အချွန် အတက်တွေနှင့် အောက်မရောက်ခင် လမ်းမှာတင် အသက်ပျောက်သွားနိုင်သည်။ ထိုလူလည်း ကြောက်လန့်အားကြီးစွာ ကယ်ကြပါ၊ကယ်ကြပါဟူ၍ အော်ဟစ်လေ သည်။ ထိုအခါ ကောင်းကင်မှ အသံတစ်သံ ထွက်လာသည်။မင်းလက်ကို လွတ်ချလိုက် ပါ ဟူ၍ ဖြစ်သည်။ထိုသူအောက်ကိုငုံ ကြည့်တော့ ချောက်အနက်ကြီးကိုတွေ့ရပြန် လေသည်။ လွှတ်ချရန်သူမဝံ့ရဲပေ။သူမသိသည်မှာ တွဲလောင်းဖြစ်နေသည့် သူ့ခြေထောက်နှင့် တစ်ထွာခန့်အကွာ အမှာတင် တောင်ပတ်လမ်းသဖွယ် လမ်းကျဉ်းလေးရှိနေပြီး ထိုလမ်းကလေးမှ ချောက်ကမ်းပါးပေါ် သို့ပတ်၍ အသာအယာပြန်တက်နိုင်မည်ဖြစ်သည်။သို့သော် သူလွှတ်မချရဲပဲ လာကယ်မည့်သူကို သာ တဆာဆာအော်ဟစ်၍ ကယ်ကြပါ ဟူ၍ အကူအညီထပ်တောင်းလေသည်။ ထိုအခါ ကောင်းကင်မှအသံထွက် လာပြန်သည်။ မင်းကိုအပေါ်ကိုဆွဲတင်
မယ့်သူ ဘယ်သူမှ မရှိဘူးဟူ၍ ဖြစ်သည်။

ထိုပုံပြင်ထဲက သင်ခန်းစာကဲ့သို့ပင် လောက ၌ လူတို့သည် ကြီးပွားချမ်းသာချင်ကြသည်။ကြီးပွားချမ်းသာမည့်နည်းလမ်းကို ညွှန်ပြ သော်လည်း အတွေးဟောင်း အကြံဟောင်း ကို မစွန့်လွန်နိုင်ကြပေ။ဆုပ်ကိုင်ထားလိုကြ သည်။ဆင်းရဲသူနှင့် ချမ်းသာသူ ကွာသောအချက်မှာ အတွေးအခေါ် ဖြစ်သည်။အမြဲတယုတယနှင့် ကိုယ်ကို ကယ် တင်မည့်လူကိုသာ မျော်လင့်နေ ကြသည်။ကယ်ဆယ်မည့်သူကိုသာ အကြိမ် ကြိမ်မျှော်လင့်နေလျင်တော့ ဘဝတွင် သိက္ခာရှိသောအောင်မြင်မှုနှင့် ဝေးကွာနေအုံး မည်သာဖြစ်သည်။ထို့ကြောင့် အလုပ်လုပ်မည်ဆိုလျင် အတွေးဟောင်း၊ အကြံဟောင်းတွေကို ပြုပြင်ရမည်။အကြံဉာဏ်သစ်၊သတင်းသစ် ၊အခွင့်အရေးသစ်တွေကိုရှာဖွေရမည်။စိတ်တံခါးကိုဖွင့်ထားရမည်။မိမိရဲ့ အတွင်းစိတ်ကနေ စတင်ပြုပြင် ရမည်ဖြစ်သည်။
image
Credit image source
ဥပမာသစ်ပင်တပင်ကိုစိုက်လိုက်မည်ဆိုပါစို့။ ထိုသစ်ပင်မှ သစ်သီး သီးလိမ့်မည်။ ထိုသစ်သီးသည် သေးလည်းသေးမည်၊ အရသာလည်း မရှိပါက သစ်သီးကို သွားပြီး ပြုပြင်မည်လော။လူတော်တော်များများကတော့ သစ်သီးကိုသာတွေးလိမ့်မည်။သစ်သီးသည် သစ်စေ့ကနေအပင်ပေါက်လာသောသစ်ပင်နှင့် သစ်မြစ်ကသာ ဖန်တီးပေးခြင်းဖြစ်သည်။မြေပေါ်က သစ်သီးကိုမြေအောက်က သစ်မြစ်က ဖန်တီးပေးခြင်းဖြစ်သည်။ထိုအတူပင် လောက၌ မြင်ရသောအရာကို မမြင်ရသော အရာက ဖန်တီး၏။ထို့ကြောင့် သစ်သီးကိုပြောင်းလဲစေခြင်ရင် သစ်မြစ်ကိုဂရုစိုက်ရမည်။ရေလောင်းရမည်။မြေသြဇာကျွေးမွေးရမည်။မြင်တာကိုပြောင်းလည်းဖို့ မမြင်တာကိုအရင်ပြောင်းလဲရပေမည်။

ထို့ကြောင့် ကျနော်တို့အားလုံး ရုပ်ပိုငိးဆိုင်ရာ ပြောင်းလဲဖို့ မမြင်ရသောစိတ်ကို အရင်ပြောင်းလဲပေရမည်။သစ်မြစ်နှင့်တူသော စိတ်ကို မြေသြဇာကဲ့သို့ ခွန်အားဖြစ်စေပြီး အကျိုးဖြစ်ထွန်းစေသော စာပေများကိုဖတ်ရှူခြင်းဖြင့် အားဖြည့်ပေးရမည်။လောကတွင် မြင်ရသော အရာတွေထက် မမြင်ရသော အရာတွေသည် ပို၍စွမ်းအားကြီးပေသည်။ 'စိတ်သာရှင်စောဘုရားဟော' ဆိုသကဲ့သို့ ကျန်ုပ်တို့၏ စိတ်သည်လည်း အလွန်ပင်တန်ခိုးစွမ်းအားကြီးမားပေသည်။အချုပ်အားဖြင့် ဆိုရသော် မိမိတို့၏ စိတ်ကို ပြုပြင်နိုင်မှသာလျင် ရုပ်ပိုင်းဆိုင်ရာများလည်း ပြောင်းလဲလာမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်....။
image
@zinminhtet
Msc.126

Sort:  

ဘာလိုလိုနဲ့ အပိုင်း(6)တောင်ရောက်သွားပြီဗျာ...အတက်တွေမျှော်နေမိပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါ

စိတ်ကို ပြုပြင်ရမယ်ဆိုပါတော့

ဒါပေါ့ ဒါပေါ့ 😁

စိတ်​မလိမ္မာ၇င်​ ၇ုပ်​​ခွေးဖြစ်​လိမ့်​မယ်

ဟုတ်ပါတယ်

စိတ်​ကအရာရာကိုဦး​ဆောင်​​နေတာ​နော်​။

ဟုတ်ကဲ့

ဝိုးးးအပိုင်း ၆ တောင်ရောက်သွားပြီ
စာအုပ်ထုတ်လို့ရပြီ

အပိုင်း ၇ ကိုမျှော်နေပါသည်

အားပေးပါအုံးခင် ဗျ

အေးပါ ပြီးရော လွှတ်ချလိုက် ပြီ

လွတ်ချလိုက် 😁

စိတ်ကအဓိကပေါ့ဗျာ စိတ်ကသာအရာရာကိုဦးဆောင်တာပါ

ဟုတ်

အရာရာတိုင်းက စိတ်ရဲ့စေရာကို လိုက်လုပ်နေကြရတော့ စိတ်ကို အရင်ပြုပြင်ရမှာပေါ့နော်

ဟုတ်ကဲ့

စိတ်ကအရေးကြီးပါတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93