ကျွန်တော်မမှားပါဘူးလို့ အားပေးစကားသံတွေ

in #myanmar6 years ago (edited)

အားလုံးကို မင်္ဂလာပါခဗျာ အခုတစ်ပါတ်အတွက် ကျွန်တော်ရဲ့ စာစုကို
ကျွန်တော်မမှားပါဘူးလို့ အားပေးစကားသံတွေ လို့ကျွန်တော်ပေးထားမိတယ်ဗျာ
ဘာဖြစ်လို့အခုလို့ ပေးထားမိလဲဆိုတော့ ကျွန်တော် ယနေ့ ရဲ့
အဖြစ်အပျက်လေးတစ်ခုကို ကျွန်တော်အခုလို့ ခေါင်းစဉ်ပေးပြီး
ရေးသားပြမယ်ဗျာ ။

#ကျွန်တော်မမှားပါဘူးလို့ အားပေးစကားသံတွေ#

*လမ်းထိပ်ကဆိုင် ...........
မိန်းမရေ ဖုန်ကိုင်လိုက်ကွာ ဘယ်ကဖုန်းလဲ မသိဘူး
ဟုတ်ကဲ့ အမိန့်ရှိပါရှင် *
ဟယ်လို မောင်ဇော်ဇော်ထွေးနဲ့စကားပြောချင်လို့ပါ
သူရဲ့အလုပ်က မန်နေဂျာ ဒေါ်မာလာ ကဆက်တယ်လို့ ပြောပေးပါရှင်

အော် ဟုတ်ကဲ့ပါ ရှင် ခနလောက် ဖုန်ကိုင်ထားပေးပါနော်
ဇော်ရေ အလုပ်ကဆက်တာ မန်နေဂျာ အမကြီး ဒေါ်မာလာ ဆက်တာ
ကျွန်တော် အံ့သြသွားပြီး ဘာဖြစ်လို့ဆက်တာဘာလိမ့်
ဟုတ်ကဲ့ အမိန့့်ရှိပါ ဆရာမ မာလာ
အေး မောင်ဇော်ဇော်ထွေးရေ မင်း ၉နာရီလောက် အလုပ်ကို
လာခဲ့ပါနော် ဒီနေ့နယ်ကကား၇စီး အတင် အချ လုပ်မှ ရမှာမှို့မင်း
ရောက်အောင်လာခဲ့ပါနော်

  • ဟုတ်ကဲ့ ပါခဗျာ ကျွန်တော် လာခဲ့ပါမယ်ခဗျာ*

အော် ဘဝဘဝ တော်တော်ဆိုးတာပဲဗျာ ဟူး
ကျွန်တော်ဒီနေ့အလုပ်နားရက်ဆိုတော့ အေးအေးဆေးဆေး အနားယူ
မယ်ဆိုပြီး မနေညက တော်တော်နဲ့မအိပ်ခဲ့ဘဲ တစ်လလုံးစာ
စာရင်တွေကို ပြန်ပြီးစစ်နေ့ရတယ်ဗျာ ဒါကြောင့် ၂နာရီလောက်မှ
အိပ်ရာဝင်ခဲ့တာကြောင့် ခေါင်းက အကြည့်မလင်နဲ့မှို့ မိန်းမကို
ကော်ဖီ ခါးခါး တစ်ခွက်ဖျော်ခိုင်းပြီး ကျွန်တော် အိပ်ရာကနေ
မထချင်သေးသော်လည်း အလုပ်ကပေါ်လာ၍ မသွားလို့မဖြစ်ဘူးလေ
မန်နေဂျာ ကိုယ်တိုင် ဖုန်းဆက်ပြီး ခေါ်တော့ မသွားလို့မဖြစ်ဘူးပေါ့ဗျာ။
ကျွန်တော် သူခေါ်တဲ့အချိန်မတိုင်ခင် စက်ရုံကို ရောက်အောင်သွားပြီး
အလုပ်ထဲရောက်တော့ ပြသာနာက စတော့တာပဲဗျာ ဟုတ်တယ်လေဗျာ
ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ စက်ရုံမှာ အတင်အချ အလုပ်သမားတွေက
မရှိကြဘူလေးဗျာ အရင်အပါတ်တွေက ကျွန်တော်က နယ်ကလာမယ့်
ကားစာရင်းတွေကို တွက်ပြီး လူခေါ်ထားလို့အေးဆေးနေလို့ရတယ်လေ
အခုက အပေါ်က ဘားမှ ကားစာရင်မပေးဘူး ကျွန်တော်မေးကြည့်တော့လဲ
မနက်ဖြန် နယ်ကားတွေ အဝင်မရှိဘူးဆိုလို့ကျွန်တော်အဖွဲ့ထဲကလူတွေအကုန်လုံးကို မဲမနိုက်ဘဲ အကုန်အနားပေးထားတာ ခုတော့ ဘယ်လိုလုပ်ရမလဲ
ကျွန်တော် ခေါင်းတော်တော်ကြီးသွားတာဘဲဗျာ ဘယ်တက်နိုင်မလဲဗျာ
အဖွဲ့ထဲက လူ၁၀ယောက်လောက်ကို ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်ပြီး
လုပ်အားခကို နှစ်ဆ ပေးမယ်ဆိုပြီး ကျွန်တော်ခေါ်လိုက်ရတာပေါ့ဗျာ
ကျွန်တော်လဲ မန်နေဂျာ ဆရာမကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြီး
လုပ်အားခကို နှစ်ဆပေးရမယ်ပြောရတာပေါ့ဗျာ တော်သေးတာပေါ့
သူက သူတို့ဘက်က မှားနေလို့အခုလိုဖြစ်တာဘဲဆိုပြီး ပေးမယ်ပြောလို့
မပေးရင် ကျွန်တော်က ဆိုက်ပေးရမှာလေဗျာ ကံကောင်းလို့ ဟီးးးး

တော်သေးတာပေါ့ဗျာ နယ်က ဘီယာကားတွေက မုံရွာ လမ်းကြောင်းဆို
တော့ ပစ္စည်းတွေက သန့့်တာများလို့အလုပ်က လူ၁၀ယောက်လောက်နဲ့
ဆိုတော့ ည၈း၀၀လောက်မှ ပြီးတယ် ကျွန်တော်လဲ အခုမှ ရင်ထဲအေးနိုင်တော့
တယ်ဗျာ အလုပ်သမားတွေကို လုပ်အားခပေးပြီး ကျွန်တော် သူတို့ အားလုံးနဲ့အတူ ဆိုင်တစ်ဆိုင်မှာ သူတို့ကိုကျွန်တော် စားချင်တာစာကြဗျာဆိုပြီး
ကျွန်တော်လည်း တစ်နေကုန်အလုပ်က ပင်ပန်း ညကအိပ်ရေးပျက်ထားတော့
တော်တော်ကို လူက နွမ်းကြနေတာကြောင့် ဗိုက်စာတာကြောင့်ထမင်းမှာလိုက်
ပြီး သူတို့ကတော့ သောက်တက်ကြတော့ သောက်နေကြတာပေါ့ဗျာ
နဲနဲကြာလို့သူတို့လဲ သောက်ထားတဲ့အရှိန်ကြောင့် စကားတွေ နည်းနည်း
သွက်လာကြတာတွေ့ရပြီး အဖွဲ့ထဲက အကိုတစ်ယောက်က
**ဟေ့ကောင်တွေ ဒီနေ့ငါတို့ဆရာလေးမှာ အမှားမရှိဘူးကွ မှာတာ
သူတို့ရုံးပေါ်က စာရေးမတွေမှာတာ ငါတို့ဆရာလေးက အပါတ်တိုင်း
မဲနိုက်ပြီး အခုလို ပိတ်ရက်တိုင်း လူ ၈ယောက်ကို ထားနေကြလေ ကားများ
ရင်၁၀ယောက် ထားနေကြ ဖြစ်တဲ့အတွက် ငါတို့ဆရာလေး မမှားဘူး
ဟုတ်တယ်မလား **

အကိုတစ်ယောက်က အခုလိုထပြောတော့ အားလုံးက ဝိုင်းပြီးထောက်ခံ
ပေးကြပါတယ်ဗျာ ဘာဘဲပြောပြော ကျွန်တော်ဒီနေ့မှာတယ်ဆိုရင်တောင်
ကျွန်တော်ရဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်တဲ့အတွက်
ကျွန်တော်ေ"ကျနပ်ပါတယ်လို့အားလုံးကိုပြောပြီး ကျွန်တော် အားလုံးအတွက်
ကိုရှင်ပြီး အားလုံးကို သိပ်မူးအောင်မသောက်ကြနဲ့လို့မှာပြီး မနက်အလုပ်မှာ
ပြန်တွေကြမယ်လို့အားလုံးကို နုတ်ဆက်ပြီး အိမ်သို့ြ့ပန်ခဲ့ပါတယ်ဗျာ။
ကဲအားလုံးလဲ ကျွန်တော်ရဲ့ ယနေ့အဖြစ်လေးကို တင်ပြပေခဲ့ပါတယ့်ဗျာ
ပုံတွေက နေခင်းက မရိုက်အားတာနဲ့မရိုက်လိုက်ရလို့မထည့်နိုင်ခဲ့လို့
တောင်းပန်ပါတယ်ခဗျာ အားလုံးလည်း ဘဝမှာ အောင်မြင်မှုများနဲ့
အမြန်ဆုံတွေ့ဆုံနိုင်ပါစေလို့ ဆုတောင်ပေးရင်ကျွန်တော် zawzawhtwe
image
@zzawzawhtwe
MSC.161

Sort:  

အယ်မယ် ကံကောင်းသွားတာဟ 😂

ဟုတ်တယ်ဗျာ

မောင်မင်းကြီးသား မမှားပါဘူးတဲ့ဗျာ...

မှန်ပါတယ်ဗျာ မမှားပါဘူး။

မမှားဘူးဆိုတော့ မှန်သွားတာပေါ့
မမှန်လို့မှားခဲ့ရင် ကိုဇော်ထွေးတိုင်ပတ်တော့မှာပေါ့😁

လုပ်​အား နှစ်​ဆ စိုက်​​ပေးရရင်​ နားကားအုံးမလို့ ကံ​ကောင်းသွားတယ်​ 😀

တစ်​ခါတစ်​​လေ ထိုလိုမျိုးဖြစ်​တတ်​ပါတယ်​ ဒါနဲ့ စာလုံး​ပေါင်း​တွေ နည်းနည်းပြန်​စစ်​​ပေးပါဗျို့

ကျွန်တော်မမှားပါဘူးဆိုလို့ လန့်တောင်သွားတယ် စာဖတ်လိုက်မှ သြော်လို့ ခခ်ခခ်

အကိုမမှားခဲ့ပါဘူးဗျာ😁😁

ထောက်ခံပေးလို့ ကျေးဇူးပါ

အမှားကောင်းမလို့တော်သေးတာပေါ့

ဟုတ်ပါတယ်ဗျာ

ဟုတ်သားပဲ တကယ်လည်း ကိုဇော်ထွေးမမှားပါဘူး

ဟုတ်ကဲ့

အမှားကလဲ အမှန်ပဲဒီနေရာမှာ ကဲလိုက်ရတာ လေ။ မစိုက်ရလို့ပေါ့ စိုက်ရရင်တော့မချောင်ဖူးရယ်။ :P

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63793.53
ETH 3193.21
USDT 1.00
SBD 3.92