ရင်​ခွင်​ထက်​က ပန်း 💝💝💝💝💝💝 ( အရိုးခံ တေးထပ်​ )

in #ngu6 years ago

ရင်​ခွင်​ထက်​က ပန်း
💝💝💝💝💝💝 ( အရိုးခံ တေးထပ်​ )

နှင်းဆီဖြူ လှလှပန်း
ရွရွ​မြန်း ​ထွေးယူ ၊
ဖွဖွနမ်း ​​နွေးတမူ
မွှေးကလူ ညှို့ ထား ။

ရစ်​မူးလို့ စွဲမက်​ကာ ကွယ်
အသည်းထက်​မှာ ​​​ပွေ့ပိုက်​တအား ။

ဆူးစူးမိ ဘယ်​အုံရင်
နယ်​ကုန်​ပင်​ နစ်​သွား ၊
တွယ်​ခုံမင်​ အချစ်​ပွား မို့
အပစ်​များ ဖယ်​ခွာ ။

ချစ်​နှင်းဆီ ​ညှာတွင်​မမြဲ မို့
နာကျင်​လည်း မနူတ်​ရက်​ပါ ။

နှလုံး​သွေး ပက်​ဖျန်းလာ
ထက်ပန်းလွှာ ​​​​​​ပေကာသွား လည်း
မ​သွေခွာ​အပါး ခင်​လျက်​ကွယ်
အစဉ်​ဖက်​တွယ်​ ။

အသက်​တမျှ ကြင်​သက်​လယ်​ ကို
ရင်​ထက်​ဝယ်​ ယုယမယ်​​လေး ။ ။

   Writer :babylay       

image

Sort:  

4F306180-F357-49E8-9AF9-13EEC57534D9.jpegStunningly beautiful.
Thank you for your contribution!
Good Fortune.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 63041.44
ETH 2985.81
USDT 1.00
SBD 3.61