Oppo A5

in #oppo6 years ago

OPPO ကနေ အိန္ဒိယနိုင်ငံမှာ Realme 1 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုရရှိနေသလိုပဲ အခုအချိန်မှာလည်း နောက်ထပ် OPPO A5 နာမည်နဲ့ Budget စမတ်ဖုန်းတစ်ခုကိုထုတ်လုပ်ဦးမှာပဲဖြစ်ပါတယ်။
IMG_20180701_151726.jpg
အခု OPPO A5 စမတ်ဖုန်းဟာ လက်ရှိမှာ OPPO ကနေ ထုတ်လုပ်ထားတဲ့ OPPO A3 စမတ်ဖုန်းနဲ့ တူညီတဲ့ 6.2″ 19:9 Ratio Display ရှိမှာဖြစ်ပြီးတော့ Resolution အနေနဲ့ကတော့ HD+ Resolution ပဲရှိမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Processor ကိုလည်း Qualcomm Snapdragon 450 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Storage ကတော့ 64GB ပါဝင်မှာပါ။

OPPO A5 ဟာ A3 နဲ့ ယှဉ်ရင် Dual Camera ပါဝင်လာတာက ကွာခြားသွားမှာဖြစ်ပြီးတော့ 13 + 3 MP Dual Camera တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။ Front Camera ကတော့ 8MP ပါဝင်လာမှာဖြစ်ပါတယ်။IMG_20180701_151736.jpg

အခု OPPO A5 ရဲ့ အားသာချက်လို့ပြောရမယ့်အချက်ကတော့ Battery အနေနဲ့ 4230mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ Realme 1 စမတ်ဖုန်းထက် ဈေးသက်သာတဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိလာမှာဖြစ်ပါတယ်။

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 61035.98
ETH 2886.89
USDT 1.00
SBD 3.67