OPPO F7

in #oppo6 years ago (edited)

OPPO F7 "

အခုလက်ရှိ ဈေးကွက်ထဲကို ရောက်ရှိနေတဲ့ အဆင့်မြင့် အလယ်အလတ်တန်းစား စမတ်ဖုန်းတွေထဲမှာ OPPO F7 ကလည်း တစ်လုံးအပါအဝင်ဖြစ်ပြီး သူ့အတန်းအစားဖုန်းတွေထဲမှာ အကောင်းဆုံး ကင်မရာအရည်အသွေးမျိုးကို ပေးစွမ်းနိုင်တာကြောင့် လက်မလွှတ်သင့်တဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ၎င်းဖုန်းကို ပြီးခဲ့တဲ့ ဧပြီလက တရားဝင်မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို မေလကုန်ခါနီးလောက်က စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

OPPO ကုမ္ပဏီ ၎င်းရဲ့ F series စမတ်ဖုန်းတွေကို အကောင်းဆုံး Selfie ကင်မရာစွမ်းအားတွေကို ထောက်ပံ့ပေးခဲ့ပြီး အခုတစ်ခါ OPPO F7 မှာ အံ့မခန်းလောက်အောင် ကောင်းမွန်တဲ့ 25 MP AI-powered selfie စနစ်ကို ပထမဦးဆုံးအနေနဲ့ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ၎င်းဟာ mid-range phone တစ်လုံးဖြစ်ပေမယ့် ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ Features တွေက အဆင့်မြင့်မားမှုရှိသလို ဒီဇိုင်းပုံစံကလည်း ခေတ်မီတဲ့ မျက်နှာပြင်ပြည့်ပုံစံမျိုးနဲ့ Notched-Screen ဖြစ်တာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ Premium ကျတဲ့ ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။

အရှေ့မျက်နှာပြင်ကို နောက်ဆုံးပေါ် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး ကိုယ်ထည်တစ်ခုလုံးကို အဆင့်မြင့်ပလပ်စတစ်နဲ့ ကျစ်ကျစ်လျစ်လျစ် တည်ဆောက်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 156 x 75.3 x 7.8 mm ရှိပြီး အလေးချိန်က 158g လေးပါတယ်။ ဒါကြောင့် တော်တော်လေးကို ကိုင်တွယ်အသုံးပြုရတာ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Dual Nano SIM စနစ်ပါရှိတဲ့အတွက် Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

မျက်နှာပြင်အကျယ်က 6.23-inch ရှိပြီး LTPS IPS LCD capacitive touchscreen, 16M colors display က 1080 x 2280 pixels အရည်အသွေးရှိတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်လို့ မျက်နှာပြင်ကျယ်ကျယ်မှာ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်မှာပါ။ အထဲမှာ Android 8.1 (Oreo) ကို အခြေခံထားတဲ့ Color OS 5.0 ကြောင့် အရင်ဖုန်းတွေထက် အဆင့်မြင့်တဲ့ features လေးတွေ တော်တော်များများပါဝင်လာပြီး သုံးစွဲရတာလည်း အဆင်ပြေပါတယ်။

နောက်ကျောဘက်မှာ တပ်ဆင်ပေးထားတဲ့ fingerprint sensor ကလည်း စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကို unlock လုပ်ပေးနိုင်ပြီး ဖုန်းအတွင်းရှိ data တွေကိုလည်း လုံခြုံစွာ ပိတ်ကာပေးထားနိုင်ပါတယ်။ အနောက်ကင်မရာက 16 MP resolution ရှိပြီး f/1.8 aperture စွမ်းအားတွေ ပါရှိပါတယ်။ ၎င်းရဲ့ထူးခြားချက်က ကင်မရာတစ်လုံးတည်းနဲ့ အခုခေတ်စားနေတဲ့ Portrait Mode ကို အကောင်းဆုံးရိုက်ကူးနိုင်ပြီး တခြားအသုံးဝင်တဲ့ features တွေလည်းပါရှိတာကြောင့် အရည်အသွေးမြင့်ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေ ရိုက်ယူနိုင်ပါတယ်။

အရှေ့ selfie ကင်မရာကလည်း 25 MP, f/2.0 aperture စွမ်းအားပါရှိတာကြောင့် Selfie ချစ်သူတွေအတွက် အရမ်းအဆင်ပြေစေမယ့် အကောင်းတကာ့အကောင်းဆုံး Selfie ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပြီး ချစ်စရာကောင်းတဲ့ AR stickers လေးတွေနဲ့လည်း ရိုက်လို့ရပါသေးတယ်။ ၎င်းဖုန်းကို Internal memory 64GB, RAM 4GB နဲ့ 128GB, RAM 6GB ပါရှိတဲ့ version 2 မျိုးနဲ့ ထုတ်လုပ်ထားပြီး ၎င်း version 2 မျိုးလုံးမှာ Micro SD card ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါတယ်။

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက်လည်း အကောင်းဆုံး Processor နဲ့ Chipset တွေကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း ကောင်းမွန်တဲ့ Graphics Card ကို ထည့်သုံးထားပါတယ်။ ၎င်းမှာ 4.2, A2DP နဲ့ LE Bluetooth စနစ်တွေလည်းပါရှိပြီး USB 2.0, USB On-The-Go စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ OPPO F7 ကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ လှပဆွဲဆောင်မှုရှိတဲ့ အနီရောင်နဲ့ ခန့်ညားလှပတဲ့ အနက်ရောင်ဆိုတဲ့ အရောင် 2 မျိုးပဲ ဖြစ်ပါတယ်။

  • Design *

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း အနောက်ကင်မရာတစ်လုံး၊ LED Flash မီးလုံးနဲ့ Fingerprint scanner တို့သာ ရှိပါတယ်။

  • Processor *

OPPO F7 မှာ RAM 4GB/6GB ပါရှိတဲ့ Octa-core (4 x 2.0GHz Cortex-A73 & 4 x 2.0GHz Cortex-A53) processor, Mediatek MT6771 Helio P60 Chipset နဲ့ Mali-G72 MP3 GPU တို့ကြောင့် အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို အပြည့်အဝထောက်ပံ့ပေးနိုင်ပြီး နောက်ဆုံးပေါ် apps တွေနဲ့ ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

  • Display and Camera *

6.23-inch ကျယ်တဲ့ မျက်နှာပြင်ကို LTPS IPS LCD capacitive touchscreen display နဲ့ ပြုလုပ်ထားပြီး Full HD မြင်ကွင်းစွမ်းအားတွေကို အပြည့်အဝ ရရှိနိုင်မှာပါ။ ၎င်းမှာ 16 MP ရှိတဲ့ အနောက်ကင်မရာနဲ့ 25 MP ရှိတဲ့ အရှေ့ AI-powered selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေနဲ့ effects တွေလည်း အများကြီးပါရှိပါတယ်။

  • Verdict *

OPPO F7 ဟာဆိုရင် မျက်နှာပြင်ကျယ်ကျယ်နဲ့ မြင်ကွင်းစွမ်းအားကောင်းမွန်ပြီး ကင်မရာအရည်အသွေးမှာလည်း အထူးမြင့်မားတဲ့ အဆင့်မြင့် အလယ်အလတ်တန်းစား စမတ်ဖုန်းအဖြစ် ဈေးကွက်ထဲမှာ ရောင်းအားကောင်းလျက် ရှိနေပါတယ်။

  • Battery Life *

OPPO F7 မှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non-removable Li-Ion 3400 mAh battery ဖြစ်တာကြောင့် တစ်နေ့လုံး အေးအေးဆေးဆေးသုံးစွဲနိုင်ပြီး အားသွင်းရတာလည်း မြန်ဆန်ပါတယ်။

Specification
» Network : GSM / HSPA / LTE (Dual-SIM)
» Weight : 158 g
» Display : 6.23", LTPS IPS LCD capacitive touchscreen
» Resolution : 1080 x 2280 pixels, 19:9 ratio (~405ppi)
» Dimensions : 156 x 75.3 x 7.8 mm
» Memory : 64GB, 4GB RAM, microSD, up to 256GB
» Camera : 16MP, f/1.8, phase detection autofocus, LED flash, Geo-tagging, touch focus, face detection, HDR, panorama, Front : 25 MP, f/2.0, 1080p
» Connectivity : GPS, WLAN, Bluetooth 4.2, USB On-The-Go
» OS : Android 8.1 (Oreo), ColorOS 5.0
» Chipset : Mediatek MT6771 Helio P60,
» CPU : Octa-core (4x2.0GHz Cortex-A73 & 4x2.0GHz Cortex-A53)
» GPU : Mali-G72 MP3
» Sensor : Fingerprint (rear-mounted), accelerometer, gyro
» Protection : Corning Gorilla Glass 5
» Battery : Non-removable Li-Ion 3400mAh35078210_1745650468856105_815246717619273728_n.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56