ဘဝ ထဲ က ငါ့ဘဝ

in #poem6 years ago

ဘဝထဲကငါ့ဘဝ
@@@@@@
အရောင်အသွေးစုံလင်တဲ့
ဒီလောကထဲ
ငါကိုယ်တိုင်မသိတဲ့အရောင်တစ်ခု
ဒါမှမဟုတ် ငါမကြည့်တတ်တဲ့အရောင်တစ်ခု
ငါ့ကိုယ်မှာတံဆိပ်ခတ်လို့
ငါဟာ
အစွန်းအထင်းတွေများနေပြီလား?

လှပတဲ့သဘာဝပြကွက်တွေမှာ
မာယာတောထဲကလူသားပေမို့
ငါ့ကိုယ်ခန္ဓာမှာ ပရိယာယ်တွေပြည့်နှက်နေပြီလား?

စကားလုံးအနုအရွတွေထဲ
နားဝင်ပီယံဖြစ်ဖို့
အမှန်တွေကို ကျားကွက်ရွေ့လိုက်ရတော့မှာလား?

သေချာပါတယ်
ကိုယ်ကိုတိုင်ရှေ့ဆက်ဖို့ တွေးထားမှတော့
လောကရဲ့အမှန်တရားတွေကို မျက်ကွယ်ပြုဖို့ ငါမှာသတ္တိ တကယ်မရှိလို့ ခါးသီးပါစေ
အရောင်မွဲပါစေ
ကိုယ့်လိပ်ပြာကိုယ်လုံဖို့အတွက်
ရင်ဆိုင်တိုက်ပွဲ အခါခါငါနွှဲမယ့့်။ ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62441.36
ETH 2940.53
USDT 1.00
SBD 3.59