စိတ်ဒဏ်ရာများရဲ့ နောက်ကွယ်၌
in #rlesteem6 years ago
image
Credit:Photo
👉 ကျွန်မ 
လူအများနဲ့   ပျော်ပျော်နေတတ်တဲ့မိန်းကလေးပါ …
ဖြူစင်နေတဲ့စိတ်ကို  အညှီအဟောက်တွေ လာပေးကြတဲ့
ခဲ့တာ ။
  👉 ကျွန်မ  
လူတိုင်းကို ကူညီတတ်တဲ့ မိန်းကလေးပါ …
လူတိုင်းအပေါ်  မယုံကြည်ရဲတော့တာပါ ။
👉 ကျွန်မ
လူကြီးသူမတွေနဲ့   လူတိုင်းအပေါ် ရိုရိုသေသေ စာနာစိတ်ကို
လူကြီးလူငယ်မရွေး မလေးမစားလာလုပ် တတ်တဲ့
တတ်တယ်ဆိုရုံလေး  ရိုင်းတတ်ခဲ့ပါတယ် ။
👉ကျွန်မ
မိန်းကလေးတစ်ယောက်ပါ …
လူတဖက်သားကို  နင်းချပြီးမှ  စိတ်ချမ်းသာချင်တဲ့ လူတချို့
အပေါ်ကိုတော့  ပြိုလဲကျသွားအောင် ရိုက်ချပစ်ဖို့ 
ဝန်မလေး တတ်ပါဘူး ။
👉 ကျွန်မ
လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းစွာ ဆက်ဆံတတ်ပေမဲ့
မြုံစိစိ  စကားချိုချို ပြုံးပြုံးလေးနဲ့ ကောက်ကျစ်တတ်သူ
👉 ကျွန်မ 
ကိုယ်ချစ်တဲ့ သူအပေါ် သစ္စာရှိရှိနဲ့   တစ်ယောက်ကို တစ်ယောက်
ဖေးမမဲ့  ချစ်သူမျိုးပဲ ရွေးချယ်ချင်တဲ့သူပါ အဆင့်အတန်းမလိုအပ်ပါဘူး …
ဒါပေမဲ့  ကိုယ့်မေတ္တာစေတနာကို စော်ကားလာရင် 
တူညီစွာ ရက်ရက်စက်စက် တုန့် ပြန်ပြီးမှ ကြေကွဲတတ်ရုံလေး
အငြိုးကြီးတတ်ခဲ့တာပါ ။
👉 ကျွန်မ
လူတစ်ဦးနဲ့  တစ်ဦး ချစ်နေတာမြင်ရင် ဘေးကကြည့်ပြီး
ပီတိဖြစ်တတ်တဲ့ ကြင်နာစိတ်ရှိသူပါ …
ဒါပေမဲ့  ကျွန်မတန်ဖိုးထား မြတ်နိုးတဲ့လူတွေကို 
လုယူတဲ့သူတွေ  ကိုတော့  ကမ္ဘာကြီးပျက်သုန်းသွားရင်တောင်
ရင်ထဲမှာ အပြေနိုင်တဲ့  အမုန်းနဲ့   တမြေ့မြေ့ နာကျင်နေအောင်
အငြိုးတကြီးနဲ့   လက်စားချေ တတ်တဲ့  မိန်းကလေးတစ်ယောက်ပါ ။
👉👉 ဝဋ်ကြွေးဆိုတာ 
သံသရာ အဆက်ဆက် ပြန်ပေးဆပ်ရ မယ်ဆိုတာ 
သိပါတယ်  …
တခါတရံ ပြန်တုန့် ပြန်လိုက်ခြင်းဟာ 
ကိုယ့်စိတ်ဒဏ်ရာကို  သက်သာစေတာမို့   
ဝဋ်ကြွေးတင်လည်း သံသရာ
အဆက်ဆက် ပေးဆပ်လိုက်မယ် …
ကိုယ့်စေတနာ မေတ္တာကို ဥပက္ခာပြုတာ  ခံနိုင်ပေမဲ့
အတိုင်းတာကျော်ပြီး  စော်ကားတဲ့သူတွေကိုတော့
ဒီဘဝမှာတင် အနိုင်ယူပါရစေ ။
Credit_MayNoe
#မိုးသက်ဝေ
်
Coin Marketplace
STEEM 0.28
TRX 0.13
JST 0.033
BTC 61915.54
ETH 3000.10
USDT 1.00
SBD 3.59