8-Q ဆိုသော စွမ်းရည် (၈)မျိုးအပြင်မိမိအမြင်ပေါင်းစပ်တင်ပြခြင်း

in #sct5 years ago (edited)

8-Q ဆိုသော စွမ်းရည် (၈)မျိုးအပြင်မိမိအမြင်ပေါင်းစပ်တင်ပြခြင်း

၂၁ ရာစု Update (8-Q) စွမ်းရည် (၈-မျိုး)
(EQ-IQ-SQ-PQ-CQ-FQ-TQ-LQ)
ကမ္ဘာကြီးမှာ Up to date ပြောင်းလဲမှုဟာနေ့စဉ်ဆိုတာထက် Up-to-Second စက္ကန့်တိုင်းမှာ လျှင်မြန်စွာ ပြောင်းလဲ တိုးတက်လျှက်ရှိနေပါပြီ။လျှင်မြန်မှုအားကြီးတဲ့ ပြောင်းလဲမှုတွေကို အလိုက်သင့်ပြောင်းလဲရပ် တည်ခြင်းဟာ လူသားတွေရဲ့စွမ်းရည်ပင်ဖြစ်ပါတယ်။
ယနေ့ခေတ်ပြောင်းတိုးတက်လာတဲ့ ပတ်ဝန်းကျင်မှာ သိထားသငိ့တဲ့ (Quotient-စွမ်းရည်) များအကြောင်း ဆရာသခင်များအားလုံးထံမှ လေ့လာဆည်းပူးလျှက် Update ဖြစ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။

  • 1-(EQ) – Emotional Quotient (နှလုံးရည်ဆိုင်ရာ စွမ်းရည်)
  • 2-(IQ) – Intellectual Quotient (ညာဏ်ရည်ဆိုင်ရာ စွမ်းရည်)
  • 3-(SQ) – Spiritual Quotient (ဘာသာတရားဆိုင်ရာ စွမ်းရည်)
  • 4-(PQ) – Physical Quotient (ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်)
  • 5-(CQ) – Cultural Quotient (လူ့ယဉ်ကျေးမှုဆိုင်ရာ စွမ်းရည်)
  • 6-(FQ) – Financial Quotient (ငွေကြေးဆိုင်ရာ စွမ်းရည်)
  • 7-(TQ) – Technological Quotient (နည်းပညာဆိုင်ရာ စွမ်းရည်)
  • 8-(LQ) – Leardership Quotient (ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်)
    ဆိုတဲ့ စွမ်းရည်(၈-မျိုး) ပြည့်စုံစွာ ကြိုးစားဖို့ ပညာရှင်များထံမှ လေ့လာမိသလောက် Quotient များဖြစ်ပါသည်။

1-(EQ) – Emotional Quotient (နှလုံးရည်ဆိုင်ရာ စွမ်းရည်)

ကောင်းမွန်တဲ့စိတ်နေစိတ်ထား ၊လူမှုဝန်းကျင်အပေါ် တန်ဘိုးထားလေးစားပြီး ၊ အများအတွက် စိတ်ကောင်း စေတနာအပေါ်မှ အခြေခံပြီးဖြစ်လာတဲ့ စွမ်းရည်ဖြစ်ပါသည်။အများအတွက် ဌာနကြီးတစ်ခုလုံးအတွက် တိုးတက်အောင်လုပ်နိုင်မှ မိမိတို့ဌာနလည်းကောင်း တိုင်းပြည်အတွက်လည်းကောင်းမွန်လာစေပြီး၊ မိမိတို့ဝန် ထမ်းများဘဝလည်း တိုးတက်ပြောင်းလဲလာလိမ့်မည်ဟူသော စိတ်ဓာတ်မျိုးဖြစ်ပါသည်။ မိမိစားပွဲပေါ်ရောင် လာသည့်အလုပ်မှလွဲ၍ ဘာတစ်ခုမှမလုပ်နိုင်ပါဟူသည့်စိတ်နှင့်ဆန့်ကျင်သော စိတ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါ သည်။

2-(IQ) – Intellectual Quotient (ညာဏ်ရည်ဆိုင်ရာ စွမ်းရည်)

အတွေးအခေါ်ကောင်းမွန်ခြင်းဆိုတဲ့ စာပေဖတ်ရှုမှု၊ စူးစမ်းလေ့လာမှုတွေအပေါ်မှာ အခြေခံပြီး အတတ်ပညာ အပေါ်မှာ ထူးချွန်ကျွမ်းကျင်ခြင်းမှဖြစ်လာတဲ့ စွမ်းရည်ဖြစ်ပါသည်။ Passion ခေါ်သော အလုပ်အပေါ်၊ ပညာအပေါ်တို့တွင် ထက်သန်သော စိတ်ဆန္ဒမှဖြစ်ထွန်းလာသော စွမ်းရည်ကိုခေါ်ခြင်းဖြစ်ပါသည်။

3-(SQ) – Spiritual Quotient (ဘာသာတရားဆိုင်ရာ စွမ်းရည်)

အဆိုး၊အကောင်း၊အမှား၊အမှန် ဆိုတဲ့ကိုးကွယ်ယုံကြည်မှုအပေါ်မူတည်ပြီး ဘာသာတရားအဆုံးအမအတိုင်း ကျင့်ကြံကြိုးစားခြင်းမှဖြစ်တည်လာသော စွမ်းရည်ဖြစ်ပါသည်။ ဘာသာတရားတိုင်းတွင်သွန်သင်ဆုံးမမှုများ ရှိသကဲ့သို့ လိုက်နာသူတို့ကို လွဲချော်သော ဘဝအယူအဆတို့မှ မှန်ကန်သော အယူအဆများဆီသို့ဆွဲ ခေါ်စေ သောစွမ်းရည်တစ်မျိုးဖြစ်ပါသည်။

4-(PQ) – Physical Quotient (ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်)

ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုနှင့် ရုပ်ပိုင်းဆိုင်လန်းဆန်းတက်ကြွမှုအပေါ်မှာ အခြေ ခံပြီးဖြစ်လာတဲ့ စွမ်းရည်ဖြစ်ပါသည်။ ယင်းစွမ်းရည်မှာ အားကစားသမားများနှင့်တက်ကြွသူများတွင် တွေ့ရ လေ့ရှိပါသည်။

5-(CQ) – Cultural Quotient (လူ့ယဉ်ကျေးမှုဆိုင်ရာ စွမ်းရည်)

ယဉ်ကျေးမှုဆိုင်ရာ စွမ်းရည်ဆိုရာမှာ မတူညီတဲ့ လူမျိုးအသီးသီးနှင့်လိုက်လျောညီထွေပြောဆို၊ ဆက်ဆံ၊ နေထိုင်တတ်မှုအပေါ် အခြေခံပြီးဖြစ်လာတဲ့ စွမ်းရည်ဖြစ်ပါသည်။ဤနေရာတွင် မတူညီသော ဘာသာအယူဝါဒ ကိုးကွယ်ကြသူများနှင့်လည်း လိုက်လျောညီထွေနေနိုင်ခြင်းကိုလည်းခေါ်ဆိုနိုင်ပါသည်။

6-(FQ) – Financial Quotient (ငွေကြေးဆိုင်ရာ စွမ်းရည်)

စီးပွားရေးဆိုင်ရာ အရှုံးအမြတ်(ကိန်းဂဏန်း)တွက်ချက် ဆုံးဖြတ်မှုနှင့် ဝင်ငွေ၊ လုပ်ငန်းတိုးတက်မှုဆိုင်ရာ ဆောင်ရွက်နိုင်စွမ်းသောစွမ်းရည်ဖြစ်ပါသည်။ ဤနေရာတွင် အသေးစိတ်ကိန်းဂဏန်းများကြည့်ပြီး ဆုံးဖြတ်နိုင် ခြင်းနှင့် အသေးစိတ်ကိန်းဂဏန်းများမကြည့်ရသေးသည့်တိုင် အရှုံးအမြတ်ကို ခန့်မှန်းတွက်ချက်ဆုံးဖြတ်နိုင် သောစွမ်းရည်မျိုးဖြစ်ပါသည်။ မိမိလုပ်ငန်းအရှုံးပေါ်နေသည့်အခါ ဘာကြောင့်ဖြစ်နိုင်သလဲ။ မိမိလုပ်ငန်းအမြတ် များနေသည့်အခါ ဘယ်နေရာကလည်း စသည်ဖြင့် တိတိကျကျနီးပါးခန့်မှန်းနိုင်သည့်စွမ်းရည်မျိုးဖြစ်ပါသည်။

7-(TQ) – Technological Quotient (နည်းပညာဆိုင်ရာ စွမ်းရည်)

တိုးတက်လာတဲ့ခေတ်တစ်ခု၏ နည်းပညာကိုအသုံးပြုပြီး ဆန်းသစ်တီထွင်မှုဖြင့် လျှင်မြန်တိုးတက်အောင်ဆက် သွယ်ချိတ်ဆက်နိုင်စွမ်းမှဖြစ်ပေါ်လာသော စွမ်းရည်ဖြစ်ပါသည်။ယနေ့ခေတ်ဆိုလျှင် မိုဘိုင်းဖုန်းခေတ်၊ အင်တာ နက်ခေတ်ဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းခေတ်၊ အင်တာနက်များကို မိမိလုပ်ငန်းတွင်အံဝင်ခွင်ကျအ သုံးပြု တတ်နိုင်စွမ်းသောစွမ်းရည်ဖြစ်ပါသည်

8-(LQ) – Leardership Quotient (ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်)

မိမိနှင့်အများအတွက် အကျိုးတရားဖြစ်ပေါ်စေရန် တာဝန်ယူဆောင်ရွက်ပြီး လက်တွေ့အကောင်အထည်ဖော် ဦးဆောင်စီမံမှုမှ ဖြစ်ပေါ်လာသောစွမ်းရည်ဖြစ်ပါသည်။ဤ စွမ်းရည်အတွက်ယနေ့ခေတ်တွင် ခေါင်းဆောင်မှု သင်တန်းအမျိုးမျိုးပေါ်ပေါက်နေပါသည်။ မိမိတို့သမားရိုးကျ အတိုင်းရာထူးရှိလျှင်ခေါင်းဆောင်နိုင်သည်ဟူသော ရှေးရိုးစွဲအသိအမြင်များကို ဘေးဖယ်၍ ပြောင်းလဲကျင့်သုံးတတ်ဖို့လိုပါသည်။
ယခုစွမ်းရည်(၈-မျိုး)ကို မူရင်းစာရေးသူ၏ အမြင်အား review ဆန်ဆန် ပြန်ရေးထားခြင်းဖြစ်ပါသည်။ တိုးတက်လာတဲ့ ပတ်ဝန်းကျင်နှင့် အလိုက်သင့် စီမံဦးဆောင်ခြင်းဖြင့် ထူးချွန်အောင်မြင်သော Professional များဖြစ်လာနိုင်ကြပါစေ။
Min Soe Naing

Sort:  

Hi, @minsoenaing!

You just got a 0.14% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94