🙏

in #srl-zone6 years ago

တိုတောင်း၍ ပိုကောင်းသော ဘဝဒဿနများ (၁၃)
The shorter and deeper philosophies of life

လူဆိုတာ လိုတာမရမှုတွေကို ယောက်ျားပီသတဲ့ အားမာန်နဲ့
ရွှင်ရွှင်ပျပျ သည်းခံနိုင်အောင် ကြိုးစားရမယ်။
ဆုံးရှုံးမှုတွေဆိုတာ တစ်ခုချင်းမဟုတ်ဘဲ အစုအပြုံလိုက်
မမျှော်လင့်ဘဲ မကြာမကြာ ပေါ်လာတတ်ပါတယ်။
လူဟာ ယင်းတို့ကို ဥပေက္ခာစိတ်နဲ့ ရင်ဆိုင်ပြီး
အံ့မခန်းဖွယ် အလေ့အထကောင်း ပျိုးထောင်ရန်
အခွင့်ရေးတစ်ရပ်အဖြစ် မှတ်ယူရမယ်။

A human must try to bear losses cheerfully with manly vigour. Unexpectedly, losses appear very often in groups and not singly.
One must face them with equanimity (upekkha) and take it as an opportunity to cultivate that sublime virtue.


ကျွန်တော်တို့ကိုယ်တိုင် အသုံးပြုမှသာ ဥစ္စာဓနကရရှိတဲ့ ပျော်ရွှင်မှုကို ခံစားရတာမဟုတ်ပါဘူး။ အခြားသူတွေ ကောင်းကျိုးရဖို့အတွက် ပေးကမ်းရာမှာလည်း ပျော်ရွှင်မှု ခံစားရပါတယ်။ ကျွန်တော်တို့ လောကီစည်းစိမ်တွေနဲ့ ဆောင်ရွက်ထားတဲ့ ကောင်းမှုတွေကြောင့် ကျွန်တော်တို့ကို ထာဝရ အမှတ်ရနေကြတာပါ။ ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ လူအများစုက အပျော်အပါးတွေနဲ့ စိတ်ဖြေရတာကို နှစ်သက်ကြပြီး လူအချို့ကသာ စွန့်လွှတ်ခြင်းမှာ ပျော်မွေ့ကြတာဖြစ်ပါတယ်။

The enjoyment of wealth lies not only in using it for ourselves but also in giving it for the welfare of others. We are remembered forever by the good deeds we have done with our worldly possessions. But the majority in this world delight themselves in enjoying pleasures while some others seek delight in renunciation.

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင် ကြာတစ်ပွင့်)
image

@bokaung

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62441.36
ETH 2940.53
USDT 1.00
SBD 3.59