The shorter and deeper philosophies of life

in #srl-zone6 years ago

တိုတောင်း၍ ပိုကောင်းသော ဘဝဒဿနများ (၁၄)
The shorter and deeper philosophies of life

ကျွန်တော်တို့ဟာ ကောင်းတာတွေလုပ်ဆောင်ဖို့ 
ဒီကမ္ဘာကြီးထဲမှာ မွေးဖွါးလာတာဖြစ်ပါတယ်၊
လူပျင်းဘဝနဲ့ ကျွန်တော်တို့နေ့ရက်တွေကို ကုန်ဆုံးစေပြီး
လူ့ အဖွဲ့ အစည်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေဖို့ မဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုနှင့် ဉာဏ်ပညာကို တိုးမြှင့်လုပ်ဆောင်ဖို့
အမြဲ တွေးတောနေပါ။ အတွေးနောက်ကို ကောင်းတဲ့လုပ်ရပ်တွေ
အလိုအလို လိုက်လာပါလိမ့်မယ်။
အဲလိုမှ မဟုတ်ရင် ကုသိုလ်၊ပညာကနေရရှိမယ့်
အခွင့်ကောင်းတွေ လွဲချော်သွားပါမယ်။

We are born into this world to do some good,
not to pass our days in idleness and become a burden to society.
Always think of rising higher in goodness and wisdom.
Good deeds automatically will follow after your thoughts.
Otherwise we will miss the privileges attained
through the merits and knowledge.


လူ့ယဉ်ကျေးမှုဆိုတဲ့ သစ်ပင်ကြီးဟာ
ကျွန်တော်တို့ အများစု သဘောမပေါက်တဲ့
စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေမှာ
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။
ဒီအမြစ်တွေမရှိရင် သစ်ရွက်တွေ ညှိုးခြောက်ပြီး
အသက်မဲ့တဲ့ သစ်ငုတ်တိုအဖြစ်ပဲ ကျန်နေမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အခြားသူတွေကို ကောင်းကျိုးပြုရင်း၊
ကိုယ်ကျင့်သိက္ခာကို ပြုစုပျိုးထောင်ရင်း၊ စိတ်ကို လေ့ကျင့်ပေးရင်း၊
ယဉ်ကျေးတဲ့ လူသားတွေအဖြစ် ကမ္ဘာကြီးထဲက
အခြားသူတွေနဲ့ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ကာ
ပိုမို တန်ဖိုးရှိတဲ့ ရည်မှန်းချက်အတွက်
ဒီဘဝကို အသုံးပြုရပါမယ်။

The tree of civilization has its roots deep
in spiritual values which most of us have not realised.
Without these roots the leaves would have withered
and left the tree a lifeless stump.
But we must make use of this life for a better purpose
by being of service to others, by cultivating morality,
by training the mind and living as cultured people
in peace​ and harmony with the rest of the world.

image

@bokaung

Sort:  

Upvoted and resteemed. Thank you for using human sevices.

Many thanks for your help.

Loading...

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 63096.57
ETH 2954.05
USDT 1.00
SBD 3.55