Samsung Galaxy J6

in #ss6 years ago

Samsung Galaxy J6

Samsung ရဲ့ ယခုဖုန်းဟာ စွမ်းရည်သင့်တင့်တဲ့ဖုန်းအမျိုးအစားဖြစ်ပြီး၊ Pre-Order အနေနဲ့ ကြိုတင်ရောင်းချ ပေးခဲ့ပါတယ်။ J Series မျိုးဆက်ထဲတွင် J4 နဲ့ နှိုင်းယှဉ်ပါက ရှေ့ကင်မရာငယ်ပိုင်းတွင် အားသာချက်ရှိပါတယ်။ အိန္ဒိယအတွက် ထုတ်လုပ်တဲ့မော်ဒယ်နံပါတ်မှာ J600G ဖြစ်ပြီး၊ အခြားဈေးကွက်အတွက်ထုတ်လုပ်တဲ့မော်ဒယ်နံပါတ်မှာ J600F ပါ။ J6 ရဲ့ ကိုယ်ထည်ကို ပလတ်စတစ်နဲ့ဖန်တီးပေးထားပြီး၊ ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် အဆင်ပြေစေဖို့အတွက် 149.3 x 70.2 x 8.2 mm အရွယ်အစားဖြစ်အောင် ဖန်တီးပေးထားပြီး အလေးချိန်မှာ 154g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင် တာကြောင့် သုံးစွဲသူများအတွက်အဆင်ပြေစေမှာဖြစ်ပြီး၊ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အရွယ်အစားမှာ Nano SIM ပါ။ ကင်မရာ ရိုက်ကူးတဲ့အခါတွင် Face Detection, Panorama, HDR စတဲ့ စနစ်များလည်းအသုံးပြုနိုင် မှာဖြစ်ပြီး၊ 1080p စွမ်းရည်နဲ့ဗီဒီယိုရိုက်ကူးလျှင် တစ်စက္ကန့်ကို 30frames နှုန်းရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် 30frames နဲ့ ROM 32GB ပါရှိပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါက card slot စနစ်ကိုအသုံးပြုပြီး 256GB အထိ မှတ်ဥာဏ် ပမာဏကိုချဲ့ထွင်သုံးစွဲနိုင် ပါမယ်။ OS မှာ Oreo ဖြစ်ပြီး၊ Chipset ကတော့ Exynos 7870 octa ဖြစ်ကာ CPU မှာ Octa-core 1.6 GHz Cortex-A53 အမျိုးအစားပါ။ GPU ကတော့ Mali-T830MP1 ဖြစ်ပါတယ်။ Fingerprint Sensor နှင့် အခြား ဆင်ဆာစနစ်တို့ပါရှိပါသေးတယ်။

မျက်နှာပြင်ပြည့်ဒီဇိုင်းရှိတဲ့ ဟန်းဆက်များဟာ သုံးစွဲရတဲ့သူတွေအတွက် ကျယ်ပြန့်တဲ့မြင်ကွင်းကို ရရှိစေတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါနှင့် ဂိမ်းဆော့တဲ့အခါတွင် များစွာအဆင်ပြေစေပါတယ်။ J6 တွင် အဓိက, ကင်မရာဟာ လေးထောင့် ဆန်ဆန်ပုံစံရှိပြီး၊ ဘေးဘောင်တွင် LED Flash တပ်ဆင်ပေးထားပါတယ်။

J6 တွင် Super AMOLED capacitive touchscreen ကို အသုံးပြုပေး ထားပြီး၊ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.6 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားတဲ့ pixels ပမာဏကတော့ 720x1480 ဖြစ်ပြီး၊ တစ်လက်မ မှာရှိမယ့် pixel ပမာဏသိပ်သည်းဆမှာ 294ppi ပါ။

အဓိက,ကင်မရာဟာ 13MP(f/1.9) စွမ်းရည်ရှိပြီး၊ ဒုတိယကင်မရာငယ် ကတော့ 8MP(f/1.9) စွမ်းရည်ဖြစ်ပါတယ်။ LED Flash ကို ဖုန်းရဲ့ အရှေ့၊ အနောက်နှစ်ဖက်စလုံးတွင် ထည့်သွင်းပေးထားတာကြောင့် မည်သည့် အနေအထားကနေ ဓာတ်ပုံရိုက်ကူးပါစေ လင်းလက်တောက်ပတဲ့ ပုံရိပ်များ ကို ရရှိစေမှာဖြစ်ပါတယ်။

Wi-Fi 802.11 b/g/n, Wi-Fi Direct, Hotspot စနစ်များပါရှိကာ Bluetooth Version ကတော့ 4.2, A2DP, LE ဖြစ်ပါတယ်။ GPS နဲ့ ရေဒီယိုစနစ်တို့လည်း ထောက်ပံ့ပေးထားပြီး၊ USB မှာ MicroUSB 2.0 အမျိုးအစားပါ။ ထောက်ပံ့ပေးထားတဲ့ Network အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါတယ်။

ဘက်ထရီအမျိုးအစားမှာ Li-Ion 3000 mAh ဖြစ်ပြီး၊ 3G Network တွင် စကားပြောဆိုဖို့ နာရီ ၂၀ နီးပါး ခံနိုင်စွမ်းရှိပါမယ်။ သီချင်းနားထောင်ဖို့ အတွက်ကတော့ ၇၆ နာရီနီးပါး ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ လှပတဲ့ အရောင် ၃ မျိုးခန့်ရှိပြီး၊ Face Recognition စနစ် အသုံးပြုနိုင်မယ့် ဟန်းဆက်ပါ။

Display : 5.6 inch, Super AMOLED
Capacitive Touchscreen
Memory : 32GB ROM, 3GB RAM up to 256GB Camera : 13MP, LED Flash
OS : Android OS, v8.0 (Oreo)
Price : 315,000 /- 34866667_865996043579133_632508009636954112_n.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62737.73
ETH 2925.66
USDT 1.00
SBD 3.50