On the Express

in #steem6 years ago (edited)


မနက္ေလးနာရီေလာက္ ထၿပီး စိတ္ေတြ တက္ႂကြေနတယ္။ အေၾကာင္းကေတာ့ လက္ေတြ႕ကြင္းဆင္းေလ့လာေရးအတြက္ ေနျပည္ေတာ္ကို သြားမယ္။ ေမဂ်ာက ECဆိုေတာ့ ဆက္သြယ္ေရးရံုးကို သြားေလ့လာရမယ္တဲ့။ အဲ့ဒီကေနပဲ မြန္ျပည္နယ္ကို trip သြ ားရမယ္တဲ့။ တစ္ႏွစ္လံုး စာေတြသင္ စာေတြက်က္နဲ႔ ေနလာရင္း ခုလိုအခ်ိန္ဆို အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ေလ။ အတန္းေဖာ္သူငယ္ခ်င္းေတြကလည္း မ်ားႀကီးဆိုေတာ့ ဘယ္ေျပာေကာင္းမလဲ ကားတစ္စီးလံုးကို ညံလို႔ေပါ့။ သတ္မွတ္ထားတာကေတာ့ မနက္၆နာရီထြက္မယ္ေျပာတယ္။ တကယ္တန္း ထြက္ျဖစ္တာကေတာ့ ၇နာရီထိုးၿပီးေလာက္မွာ ကားဘီးလိမ့္တယ္။ တစ္လမ္းလံုး ေအာ္ဟစ္ကာ ကားႀကီးက ေနျပည္ေတာ္ ေရႊၿမိဳ႕ေတာင္ႀကီးဆီကို ခရီးနင္ေနပါၿပီ။ ရမည္းသင္းနဲ႔ ေနျပည္ေတာ္ဆိုတာကေတာ့ ခန္႔မွန္းေခ် မိုင္၄၀ေက်ာ္ေလာက္ေတာ့ ေဝးမယ္ထင္ပါတယ္။ ခဏေလးနဲ႔ပဲ ေနျပည္ေတာ္ကို ေရာက္လာခဲ့ပါတယ္။ ၉နာရီေလာက္မွာေတာ့ ေနျပည္ေတာ္ဆက္သြယ္ေရးရံုး(တနည္း MPTရံုးေပါ့)ကို ေရာက္ပါတယ္။ ခရီးကမပန္းေသးဘူးေလ ေပ်ာ္ေနၾကတာေပါ့။ ရံုးႀကီးကို ေနာက္ခံထားၿပီး ဓာတ္ပံုေတြ အမွတ္တရ စၿပီးရိုက္ၾကပါေတာ့တယ္။ group ပံုလည္းရိုက္ၾက တစ္ေယာက္ခ်င္းလဲ ရိုက္ၾကနဲ႔ ရံုက ဝန္ထမ္းေတြေတာင္ အျမင္ကပ္ေလာက္တယ္ဗ်ာ။
ေျပာရအံုးမယ္ဗ် ကၽြန္ေတာ္တို႔က အင္ဂ်င္နီယာ ေက်ာင္းသားေတြဆိုေတာ့ အင္ဂ်င္နီယာ ဦးထုပ္နဲ႔ ေမဂ်ာ ဝတ္စံုေလး ဝတ္ရတာ ကိုယ့္ကိုကိုယ္ ဘဝင္ေတြေတာက္ျမင့္သြားတယ္။ ဂုဏ္လည္း ယူမိတယ္ေပါ့။ ကၽြန္ေတာ္မွမဟုတ္ဘူး အားလံုးပဲ ကၽြန္ေတာ့္လို ခံစားၾကရတယ္ဆိုတာ ေသခ်ာတယ္။ စလိုက္ေနာက္လိုက္နဲ႔ ရံုးထဲဝင္ေလ့လာၾကပါေတာ့တယ္။ ဆက္သြယ္ေရးလိုင္းေတြ အလုပ္လုပ္ပံုေတြ၊ ရႈပ္ခ်က္ေနတဲ့ circuitေတြ ေသခ်ာအေသးစိတ္ေလ့လာခဲ့ၾကတယ္။ လိုက္လံ ရွင္းျပေပးတဲ့ ဝန္ထမ္းေတြကလည္း စိတ္ရွည္ၾကတယ္။ အေသးစိတ္ ရွင္ျပတယ္။ နားမလည္တာကိုေမးရင္ နားလည္တဲ့နည္းနဲ႔ လွည့္ရွင္းျပေပးၾကတယ္။ အခ်ိန္ေလးၾကာလာေတာ့ ဗိုက္ေတြက ဒုကၡေပးလာတယ္။ အားလံုး အားေတြပ်က္ၿပီး ေလ့လာရတာ စိတ္မပါသလိုေတြ ျဖ္လာၾကတယ္။ ဗိုက္ေတြဆာေနၾကၿပီေလ။ လူငယ္ေတြပီပီပဲ ပြင့္ပြင့္လင္းလင္းပဲ ေအာ္ဟစ္ၾကတာေနပါ့။ ဗိုက္ဆာတယ္ဆိုတဲ့ အသံေတြ ဆူညံလာတယ္။ ေန႔ခင္း တစ္နာရီခြဲေလာက္ထိ ေအာင့္အီးၿပီး ေလ့လာခဲ့ရတယ္။ ေလ့လာတာကလည္း အေၾကာင္းရွိတယ္ေလ presentationေပးရမွာမို႔ ဂရုစိုက္ေလ့လာခဲ့ၾကတာပါ။

ဒီေနရာမွာ တစ္ခုအျမင္မွန္ရလာတယ္။ MPTလိုင္းမေကာင္းရင္ အရင္က ဆဲမိခဲ့တယ္။ ဝန္ထမ္းေတြကို မေက်မနပ္ျဖစ္ခဲ့ၾကဖူးတယ္။ ဒီေန႔သိလိုက္တာက သူတို႔က တာဝန္ႀကီးႀကီးေတြ ယူထားၾကသူေတြလို႔ သိလိုက္တယ္ဗ်ာ။ အခ်ိန္တိုင္ စက္ေတြႀကိဳးေတြ circuitေတြကို ေစာင့္ၾကည့္ေပးေနၾကရတယ္။ မ်ားျပားရႈပ္ေထြးလွတဲ့ ဝါယာႀကိဳးမဟုတ္တဲ့ cableေတြနဲ႔ အခ်ိန္တိုင္း ေလ့လာ ေစာင့္ၾကည့္ေနၾကရတယ္။ တစ္ခုမဟုတ္တစ္ခုေတာ ခၽြတ္ယြင္းမႈ ျဖစ္မွာပဲေလ။ ဒါကိုလည္း သူတို႔ေတြ အခ်ိန္နဲ႔တေျပးညီ ေျဖရွင္ၾကရတယ္ ။ သူတို႔က ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းအတြက္ တာဝန္ႀကီးႀကီးေတြ ယူထားၾကသူေတြပါ။

ခုေတာ့ ေနျပည္ေတာ္ auto exchangeရံုးမွာ ေလ့လာၿပီး မြန္ျပည္နယ္ကို ကားေပၚညအိပ္ ခရီးဆက္ၾကရေပအံုးမယ္။

Write on Express

Unicode
[Unicode]မနက်လေးနာရီလောက် ထပြီး စိတ်တွေ တက်ကြွနေတယ်။ အကြောင်းကတော့ လက်တွေ့ကွင်းဆင်းလေ့လာရေးအတွက် နေပြည်တော်ကို သွားမယ်။ မေဂျာက ECဆိုတော့ ဆက်သွယ်ရေးရုံးကို သွားလေ့လာရမယ်တဲ့။ အဲ့ဒီကနေပဲ မွန်ပြည်နယ်ကို trip သွ ားရမယ်တဲ့။ တစ်နှစ်လုံး စာတွေသင် စာတွေကျက်နဲ့ နေလာရင်း ခုလိုအချိန်ဆို အရမ်းပျော်ဖို့ကောင်းတယ်လေ။ အတန်းဖော်သူငယ်ချင်းတွေကလည်း များကြီးဆိုတော့ ဘယ်ပြောကောင်းမလဲ ကားတစ်စီးလုံးကို ညံလို့ပေါ့။ သတ်မှတ်ထားတာကတော့ မနက်၆နာရီထွက်မယ်ပြောတယ်။ တကယ်တန်း ထွက်ဖြစ်တာကတော့ ၇နာရီထိုးပြီးလောက်မှာ ကားဘီးလိမ့်တယ်။ တစ်လမ်းလုံး အော်ဟစ်ကာ ကားကြီးက နေပြည်တော် ရွှေမြို့တောင်ကြီးဆီကို ခရီးနင်နေပါပြီ။ ရမည်းသင်းနဲ့ နေပြည်တော်ဆိုတာကတော့ ခန့်မှန်းချေ မိုင်၄၀ကျော်လောက်တော့ ဝေးမယ်ထင်ပါတယ်။ ခဏလေးနဲ့ပဲ နေပြည်တော်ကို ရောက်လာခဲ့ပါတယ်။ ၉နာရီလောက်မှာတော့ နေပြည်တော်ဆက်သွယ်ရေးရုံး(တနည်း MPTရုံးပေါ့)ကို ရောက်ပါတယ်။ ခရီးကမပန်းသေးဘူးလေ ပျော်နေကြတာပေါ့။ ရုံးကြီးကို နောက်ခံထားပြီး ဓာတ်ပုံတွေ အမှတ်တရ စပြီးရိုက်ကြပါတော့တယ်။ group ပုံလည်းရိုက်ကြ တစ်ယောက်ချင်းလဲ ရိုက်ကြနဲ့ ရုံက ဝန်ထမ်းတွေတောင် အမြင်ကပ်လောက်တယ်ဗျာ။
ပြောရအုံးမယ်ဗျ ကျွန်တော်တို့က အင်ဂျင်နီယာ ကျောင်းသားတွေဆိုတော့ အင်ဂျင်နီယာ ဦးထုပ်နဲ့ မေဂျာ ဝတ်စုံလေး ဝတ်ရတာ ကိုယ့်ကိုကိုယ် ဘဝင်တွေတောက်မြင့်သွားတယ်။ ဂုဏ်လည်း ယူမိတယ်ပေါ့။ ကျွန်တော်မှမဟုတ်ဘူး အားလုံးပဲ ကျွန်တော့်လို ခံစားကြရတယ်ဆိုတာ သေချာတယ်။ စလိုက်နောက်လိုက်နဲ့ ရုံးထဲဝင်လေ့လာကြပါတော့တယ်။ ဆက်သွယ်ရေးလိုင်းတွေ အလုပ်လုပ်ပုံတွေ၊ ရှုပ်ချက်နေတဲ့ circuitတွေ သေချာအသေးစိတ်လေ့လာခဲ့ကြတယ်။ လိုက်လံ ရှင်းပြပေးတဲ့ ဝန်ထမ်းတွေကလည်း စိတ်ရှည်ကြတယ်။ အသေးစိတ် ရှင်ပြတယ်။ နားမလည်တာကိုမေးရင် နားလည်တဲ့နည်းနဲ့ လှည့်ရှင်းပြပေးကြတယ်။ အချိန်လေးကြာလာတော့ ဗိုက်တွေက ဒုက္ခပေးလာတယ်။ အားလုံး အားတွေပျက်ပြီး လေ့လာရတာ စိတ်မပါသလိုတွေ ြဖ်လာကြတယ်။ ဗိုက်တွေဆာနေကြပြီလေ။ လူငယ်တွေပီပီပဲ ပွင့်ပွင့်လင်းလင်းပဲ အော်ဟစ်ကြတာနေပါ့။ ဗိုက်ဆာတယ်ဆိုတဲ့ အသံတွေ ဆူညံလာတယ်။ နေ့ခင်း တစ်နာရီခွဲလောက်ထိ အောင့်အီးပြီး လေ့လာခဲ့ရတယ်။ လေ့လာတာကလည်း အကြောင်းရှိတယ်လေ presentationပေးရမှာမို့ ဂရုစိုက်လေ့လာခဲ့ကြတာပါ။

ဒီနေရာမှာ တစ်ခုအမြင်မှန်ရလာတယ်။ MPTလိုင်းမကောင်းရင် အရင်က ဆဲမိခဲ့တယ်။ ဝန်ထမ်းတွေကို မကျေမနပ်ဖြစ်ခဲ့ကြဖူးတယ်။ ဒီနေ့သိလိုက်တာက သူတို့က တာဝန်ကြီးကြီးတွေ ယူထားကြသူတွေလို့ သိလိုက်တယ်ဗျာ။ အချိန်တိုင် စက်တွေကြိုးတွေ circuitတွေကို စောင့်ကြည့်ပေးနေကြရတယ်။ များပြားရှုပ်ထွေးလှတဲ့ ဝါယာကြိုးမဟုတ်တဲ့ cableတွေနဲ့ အချိန်တိုင်း လေ့လာ စောင့်ကြည့်နေကြရတယ်။ တစ်ခုမဟုတ်တစ်ခုတော ချွတ်ယွင်းမှု ဖြစ်မှာပဲလေ။ ဒါကိုလည်း သူတို့တွေ အချိန်နဲ့တပြေးညီ ဖြေရှင်ကြရတယ် ။ သူတို့က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် တာဝန်ကြီးကြီးတွေ ယူထားကြသူတွေပါ။

ခုတော့ နေပြည်တော် auto exchangeရုံးမှာ လေ့လာပြီး မွန်ပြည်နယ်ကို ကားပေါ်ညအိပ် ခရီးဆက်ကြရပေအုံးမယ်။

Write on Express





Posted using Partiko Android

Sort:  

ကိုယ္ပိုင္အေတြ့အၾကံုေလးေပါ့။ ေကာင္းတယ္ဘရို။ ကြ်န္ေတာ့္တုန္းကေတာ့ဗိုလ္တေထာင္ exchange မွာ field ဆင္းရတာ။ခရီးမသြားရေတာ့ဘူးေပါ့။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62799.08
ETH 3027.63
USDT 1.00
SBD 3.95