Mobile Legend Hero Review

in #steembasicincome6 years ago

Grock
Land of Dawn ရဲ့နက်ရိုင်းတဲ့တောင်များကြားထဲမှာရှေးဟောင်းခံတပ် တည်ရှိခဲ့ပါတယ်။ ဘယ်သူပိုင်ဆိုင်ခဲ့လဲမသိကြပေမယ့် ကောလဟာလများအရ တချိန်တုန်းက Land of Dawn မှာကျက်စားခဲ့ဖူးတဲ့ဒဏ္ဍာရီဆန်တဲ့မျိုးနွယ်စု များမှဆင်းသက်လာသူလို့ ဆိုကြပါတယ်။သူတို့ပြောဆိုခဲ့ပုံအရ ဒီမျိုးနွယ်များရဲ့ သက်တမ်းဟာ ကမ္ဘာကြီးသက်တမ်းထက်တောင်ပိုကြာမြင့်ခဲ့တယ်လို့ဆိုကြပြီးသဘာဝတရားတွေနဲ့လည်း အထူးလိုက်လျှောညီထွေရှိခဲ့ကြပါတယ်။သူတို့တွေဟာ သဘာဝတရားအမျိုးမျိုးနဲ့ နက်ရိုင်းတဲ့ဆက်နွှယ်မှုတွေရှိအောင် တည်ဆောက်ထားတဲ့ပုံသဏ္ဍာန်များရှိကြပြီး အထူးကြီးမားတဲ့ကျောက်တုံးကြီးများပါပဲ။ သူတို့တွေဟာဖော်ရွေကြပြီး သဘာဝတရားရဲ့တိုက်ခိုက်မှုများက သူတို့ရဲ့ မာကျောတဲ့အသားအရေ ပုံသဏ္ဍာန်များကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ဒါပေမယ်သူတို့ဟာသဘာဝမျိုးနွယ်များဖြစ်သောကြောင့် ဒီစွမ်းရည်များကို လုံခြုံစွာအိပ်ဖို့အတွက်ပဲ အဓိကအသုံးချခဲ့ကြပါတယ်။ဒီကြီးမားတဲ့ကျောက်တုံး
မျိုးနွယ်စုများဟာအိပ်စက်ခြင်းကို အရမ်းကြိုက်နှစ်သက်ကြပြီး တခါတရံနှစ်ဝက်လောက်အထိကြာတက်ကြပါတယ်။ဒါမယ့်တကြိမ်နိုးထပြီးတာနဲ့ ပြန်လည်အိပ်စက်ဖို့ဟာသူတို့အတွက်အရမ်းခက်ခဲတက်ကြပါတယ်။တနေ့မှာတော့ Grock ဟာတဖန် နိုးထလာပြီး သူတစ်ယောက် ထဲကျန်ရှိနေတာကိုတွေ့လိုက်ရပြီးတော့ ခံတပ်ကိုကာကွယ်အုပ်ချုပ်သူတွေဟာမရှိကြတော့ပါဘူး။သူဟာခံတပ်ကို သူ့ရဲ့ကျောကုန်းပေါ်ကိုတင်ပြီးတော့ ခံတပ်ပိုင်ရှင်ကိုရှာဖို့အတွက် ထွက်ခဲ့ပါတော့တယ်။သူတို့ဘယ်မှာ ရှိနိုင်မလဲဆိုတဲ့ သတင်းကို Land of Down မှာစုံစမ်းနေခဲ့ပြီး တနေ့မှာ ပိုင်ရှင်တွေဆီ သူတို့ခံတပ်ကို သူဟာပြန်ပေးနိုင်ပါလိမ့်မယ်။

Power of Nature (Skill 1)
ခံတပ်ကိုကိုင်မြောက်ပြီးဝှေ့ယမ်းကာ အနားမှ enemy ကို physical damage 300/360/420/480/540/600 သက်ရောက်စေပြီး 2 sec နှေးသွား
မှာဖြစ်ပါတယ်။ထိရောက်သော Damage အတွက်အချိန်အတိုင်းအတာတခုပေးထားပြီး နံရံအနားတွင်ကပ်သုံးပါက Crowd Control effects ကို ပျက်ပြယ်စေပါတယ်။ (Eg.Cyclop Skill 3 ကို skill 1 ဖြင့်ဖျက်ပစ်နိုင်ပါသည်)

Guardian's Barrier (Skill 2)
သက်မှတ်ထားသော နေရာသို့လှိုင်းတခုချိန် ပစ်လွတ်မှာဖြစ်ပြီး physical damage 300/330/360/390/420/450 အထိသက်ရောက်ကာ
ကျောက်နံရံအဖြစ် ကာသွားမှာဖြစ်ပြီး 5 sec ကြာမြင့်မှာဖြစ်ပါတယ်

Wild Charge (Skill 3)
ရုတ်တရက်တဟုန်ထိုးရှေ့သို့ physical damage 300/400/500 လမ်းကြောင်းပေါ်မှရန်သူများကိုတိုက်ချမှာဖြစ်ပါတယ်။နံရံ သို့မဟုတ် တာဝါ
တိုက်ပါက physical damage 600/800/1000 အထိအနီးနားမှ enemies များကိုသက်ရောက်စေမှာဖြစ်ပြီး skill ရဲ့ CD ကိုလဲ
30% အထိလျှော့ချပစ်လိုက်မှာဖြစ်ပါတယ်။

Ancestral Gift (passive)
Grock အနေဖြင့် နံရံ သို့မဟုတ် တာဝါ အနီးနားတွင်ရှိနေပါက movement speed 10% ထိတိုးလာမှာဖြစ်ပြီး physical နဲ့ magic ကာကွယ်နိုင်
စွမ်းလည်းရရှိကာ သွေးအနေဖြင့် 23-135 pts (regen) ပြန်လည်ဖြည့်ပေးမှာဖြစ်ပါတယ်။(Lvl အလိုက် effect တိုးမြင့်လာမှာပါ)

Grock အနေဖြင့် Tank အားလုံးထဲတွင် Physical ATK 135 အမြင့်ဆုံးရှိတဲ့ Tank တကောင်ဖြစ်ပြီး Armor 21 ဖြင့် Hylos ပြီးလျှင်ဒုတိယ
အပျော့ဆုံးဖြစ်ပါတယ်။ လူသုံးအများဆုံး Official Top 10 ထဲမပါဝင်ပေမယ် Skill Damage မြင့်တဲ့အတွက် Team Battle မှာအထောက်အကူအများကြီးရတဲ့ Tank တကောင်ဖြစ်ပါတယ်။Skill 1 ဖြင့် Crowd Control effects ကိုဖျက်ပစ်နိုင်ပြီး damage မြင့်တာကြောင့် enemy အနားမကပ်နိုင်အောင် ခြိမ်းခြောက်ထားနိုင်ပါသေးတယ်။skill 2 ဖြင့် enemy ကိုပိတ်ထားခြင်း၊တားနိုင်ခြင်းများကလဲ
teammate များအတွက် battle မှာအထောက်အကူအများကြီးရပါသေးတယ်။skill 3 ရဲ့လျှက်တပျက်တိုက်ကွက်နဲ့ damage ကလဲ ကျောက်ဆောင်ကျောက်တန်းပေါများသော Land of Dawn အတွင်း enemy အတွက်အန္တရယ်ကြီးပါ။skill 3 ကွက်လုံးအပိုအလိုမရှိတည်ဆောက်ထားပြီး skill damage ပြင်းတဲ့ Tank တကောင်ဖြစ်ပါတယ်။spell အနေနဲ့ petrify နဲ့လိုက်ဖက်ပြီး flicker နဲ့လည်သလိုတွဲသုံးနိုင်ပါတယ်။ Item set တွေအတွက်က သီးသန့်ပိုစ့်တစ်ခုလုပ်မှာဖြစ်တဲ့အတွက် မဖော်ပြတော့ပါဘူး။လက်တလော တခြား tank တွေဟော့နေချိန်မှာ Grock ကိုကျွမ်းကျင်စွာကိုင်တွယ်ပြီး Rank တက်နိုင်ကြောင်းကို Tank user တယောက်အနေနဲ့အကြံပေးလိုပါတယ်။

Photo from facebook image

Sort:  

This post has received a 3.13 % upvote from @drotto thanks to: @khitthit.

YOU JUST GOT UPVOTED

Congratulations,
you just received a 25.08% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71