ဘဝဆကိတိုင်း​ကောင်းပါသလား

in #steemhunt6 years ago

ဘဝဆက်​ဟူတိုင်း​ကောင်းပါသလား။

သံသရာကရှည်​လျား​ထွေပြားလှသည်​။ ဘဝအမျိုးမျိုးကျင်​လည်​ဖြတ်​သန်းရသည်​။ လူဖြစ်​လိုက်​၊နတ်​ဖြစ်​လိုက်​၊ငရဲကျလိုက်​၊တိရစ္ဆာန်​ဖြစ်​လိုက်​နဲ့.....သံသရာမှာလည်​ပတ်​​နေကြသည်​။ ထိုသို့လည်​ပတ်​​နေရင်း အတိတ်​ဘဝက​ဆွေမျိုးများသည်​လည်း​ကောင်း၊အတိတ်​ဘဝနှင့်​သက်​ဆိုင်​သူတို့ကို မ​တော်​တဆ​တွေ့မိကြတတ်​သည်​။ သံသရာတ​လျှောက်​တွင်​​ဆွေမျိုးမကင်းကြ​ချေ။

ဆု​တောင်း​တွေလည်းအမျိုးမျိုးရှိကြသလို..ဘဝနီးရင်​နီးသ​လောက်​..အစွဲအလမ်းလည်းပြင်းထန်​လှသည်​။ ဥပမာ..​ယောက်ျားသို့မဟုတ်​ မိန်းမကို.. ဘဝအဆက်​ဆက်​​တွေ့ဆုံကြင်​​ဖော်​ရပါ​ချေဆု​တောင်းမိခဲ့ရင်...မဖြစ်​သင့်​တာကဖြစ်​သင့်​တာထက်​ပိုများ​ချေသည်​။

ဤသို့ကြားဖူးပါသည်​။ လွန်​ခဲ့​သော၁၆နှစ်​က စုံတွဲနစ်​တွဲသည်​အမှတ်​မထင်​လမ်းမှာ​တွေ့သည်​။ စုံတွဲ၁နဲ့၂ဟုထားကြပါစို့။ စုံတွဲ၁မှမျန်းမက စုံတွဲ၂မှ​ယောက်ျားကို...​မောင်​​တော်​ဘုရားအရမ်းလွမ်းတာဘဲ့..ဆိုပြီး​ပြေးဖက်​သည်​။ စုံတွဲ၂မှ ​ယောက်ျားကလည်း စုံတွဲ၁မှ မိနိးမအား နမ​တော်​ကိုအရမ်းလွမ်းတာဘဲဟု​ပြေးဖက်​ကြသည်​။ ကျန်​​သောနစ်​​ယောက်​ကတားမရဆီးမရဖြစ်​​နေ​လေသည်​။ ထိုချိန်​တွင်​တတ်​သိသူတစ်​ဦးမှ ဘဝဆက်​ပါမှန်းသိသဖြင့်​..အတင်းဆွဲကွာကာ..သူတို့၏​ယောက်ျားမိန်းမမှ အတင်းဆန့်​ကျင်​ဘက်​အသီးသီးသို့ဆွဲ​ခေါ်သွားကြရသည်​။ သိရသည်​မှာ ထို​မောင်​​တော်​ဘုရားဟု​ခေါ်သည့်​မိန်းမမှာ ၆လတိတိ စားမနိုင်​​သောက်​မနိုင်​ဖြစ်​သည်​။ အသက်​က၂၀​ကျော်​လူငယ်​မို့.သူ၏​ယောက်ျားဖြစ်​သူမှာစိတ်​ညစ်​လှသည်​။ ​လောကနိယာမသ​ဘောအရ..​သေပီးတဖက်​​ရောက်​လျှင်​​သေဆုံးခဲ့သည့်​ဘဝနှင့်​ဘာမှမသက်​ဆိုင်​ဘဲ့.ယခုလက်​ရှိနှင့်​သာသက်​ဆိုင်​သည်​မဟုတ်​​လော။ ယခုမူကား အတိတ်​က​ယောက်ျား၊မိန်းမကိုလွမ်းသဖြင့်​ ယခုလက်​ရှိ​ယောက်ျား၊မိန်းမကိုပစ်​ပယ်​န်ုင်​သည့်​အထိ စွဲလှမ်းချက်​ကပြင်းထန်​လှသည်​။ ​လောကနိယာမ အ​နေဖြင့်​ကြည့်​​သော ​ဖောက်​ပြန်​မှုပင်​။

သင်​လည်းကြားဖူးမည်​ဟုယူဆသည်​။ သိုက်​ဆက်​ကအမ​တော်​က ၊နမ​တော်​၊​မောင်​​တော်​က အိမ်​​ထောင်​ပြုတာမနစ်​သက်​လို့ အိမ်​​ထောင်​ပြုခွင့်​မ​ပေး။ ထို​ကြောု့်​သိုက်​ဆက်​ဖြတ်​ကြသည်​။ ရဖို့ကခက်​ယဉ်းသည်​။ ထိုသိုက်​ဆက်​ဘာညာထက်​ဆိုးသည်​ကား..အတိတ်​ဘဝမှ..​ယောက်ျား၊ရည်းစား၊မိန်းမက လာ​ရောက်​​စောင့်​​ရှောက်​ခြင်းပင်​။ ထိုအခါ.အိမ်​​ထောင်​ပြုဖို့​ဝေးစွ၊ ရည်းစားထားရင်​​တောင်​ ထားသူ၏ရည်းစား​သော်​လည်း​ကောင်း၊ ထားသူကိုလည်း​ကောင်း.​သေကွဲရှင်​ကွဲရန်​ဖြစ်​.လုံးဝမတည့်​​အောင်​ပြုတတ်​သည်​။ တခါတ​လေ သဝန်​တိုလွန်းသူဆိုပါက.အိပ်​မက်​ထဲတွင်​ကိုင်​​ပေါက်​ပါးရိုက်​ကန်​​ချေ..လုပ်​တတ်​ကြ​ပေသည်​။

ဆုတ်​​ခေတ်​ကာလတွင်​..ဆု​တောင်းမှားသည့်​သူများ..များလာသည်​ကတ​ကြောင်း၊ကိ​လေသာထူ​ပြောလွယ်​သည်​ကတ​ကြောင်း၊ဆဲဆိုကဲ့ရဲ့​ဝေဖန်​ခဲ့သည်​ကတ​ကြောင်း..အ​ကြောင်းအမျိုးမျိုး​ကြောင့်​မကြားဝံ့မနာသာအမှုများဖြစ်​ကြသည်​။ ဤသည်​လည်းဆင်​ခြင်​မှတ်​သားဖွယ်​ဖြစ်​သည်​။ ဆဲဆိုသည့်​အခါ.ကို့ထက်​သမာဓိပညာသိက္ခာမြင့်​မားသူဖြစ်​ပါက.မလွယ်​​ချေ။

အ​ရေးထဲတွင်​..မိစ္ဆာတို့၏ လုံ့လပ​ယောဂများသည်​လည်း​ရှေး​ခေတ်​နှငံမတူ.သာ၍ပင်​များလှ​ချေသည်​။ များမည်​​ပေါ့၊ယခင်​​ခေတ်​က​လောက်​လူအများစု သီလမလုံခြင်း၊​ဒေါသ​လောဘ​မောဟများလာခြင်းတို့သည်​လည်း ​ပေါများလှ​သော​ကြောင့်​ဖြစ်​သည်​။ မိမိကြည်​ညိုသည့်​ပုဂ္ဂု​လ်​ကို တိုက်​ရိုက်​​သော်​လည်း​ကောင်း၊သွယ်​ဝိုက်​၍​သော်​လည်း​ကောင်း။ မိမိမကြည်​ညို​သော်​ပုဂ္ဂု​လ်​အား ချီးကျူးလျှင်​​သော်​လည်း​ကောင်း..ပြုလုပ်​မိ​ချေက အရိယာပင်​ဖြစ်​​နေပါ​စေ..မ​ကြောက်​မလန့်​ကဲ့ရဲ့​ဝေဖန်​​စော်​ကားဆဲဆိုဖို့ဝန်​မ​လေးသူကပိုများလှသည်​။ ထို​ကြောင့်​ ဆဲဆိုရင်းဆင်းရဲသွားတတ်​သည်​။သို့မဟုတ်​..ဆဲဆိုသည့်​အတိုင်းဖြစ်​သွားတတ်​သည်​။

ဒါဆို ​မေးမည်​၊ ဘဝဆက်​ပါလျှင်​လူံးဝမ​ကောင်းသည်​လား၊မဟုတ်​ပါ။ ဘဝဆက်​ပါ​သော်​သူများသည်​.တခြားသူများနှင့်​ယှဉ်​လျှင်​ အဆငိ့အတန်းမြင့်​မားသည်​ကများသည်​။မကြာခဏ​ရွှေတို​ငွေစများ​ကောက်​ရသည်​။ တချို့ကားအကြားအမြင်​​ဗေဒင်​အလွန်​မှန်​သည်​။အများစုက​တော့စီးပွားဖြစ်​ထွန်းသည်​။ မယ်​​တော်​များ၊အ​ဖေ၊မိခင်​၊အကို၊အစ်​မ​တော်​ခဲ့လျှင်​.မဆိုး​ချေ။ ယခုဘဝ၌လည်းသားလိုသမီးလိုချစ်​ခင်​တတ်​ကြ​ပေသည်​။ တခုရှိသည်​ကား သူတို့မကြိုက်​​သောကိစ္စကလွဲလို့ကျန်​သည့်​ကိစ္စအကုန်​လုံးအဆင်​​ပြေသည်​ကပိုများသည်​။ ဘဝဆက်​များ၊ပဋ္ဌာန်းဆက်​များကို ဒီတိုင်း​တွေ့သူကနည်းသည်​၊ ကြီးလာမှ​တွေ့သည်​ကပိုများသည်​။

ထိုပဋ္ဌာန်းဆက်​များ၊ဘဝဆက်​များကိုမည်​သူ​တွေကပိုကြုံရသလဲဟု ​ထောက်​ပြရလျှင်​ ဆရာများ၊ဘိုး​တော်​များ၊ဘွား​တော်​များကပို၍ပင်​​တွေ့ရဆုံရသည်​။ ဘိုး​တော်​များ၊ဆရာများ စသည်​တို့ ဘုရားတည်​​သော်​အခါတွင်​လည်း​ကောင်း၊တချို့​သော်​အ​ကြောင်းအများအရ​သော်​လည်း​ကောင်း.၊အဆင့်​တတ်​လျှင်​​သော်​လည်း​ကောင်း၊သူံးခု​သောအ​ခြေအ​နေမျိုးကိုကြုံတတ်​သည်​။ ထိုသုံးခုကယခုဟာနှင့်​မသက်​ဆိုင်​​ချေ။

သင်​လည်းသိမှာပါ၊ ဘိုး​တော်​​​တ​ယောက်​ပြီးတ​ယောက်​​ခေတ်​တခါကလျှမ်းလျှမ်း​တောက်​...သို့​​သော်​ သိပ်​များမကြာလိုက်​.အသံမကြားရ​ချေ။ ဖြစ်​နိုင်​သည်​က ​တောခိုလျှင်​ခိုမခိုလျှင်​မိန်းမရ၊ဒါဘဲ့ရှိသည်​။ ဒါ​ကြောင့်​ ဘုရားလည်းပြီး၊ဗိုက်​လည်းကြီး...ဆိုတာဖြစ်​လာသည်​ဟုယူဆသည်​။ ဘိုး​တော်​ဆရာ​တွေ..စန်း​တွေပွင့်ောလာဘ်​​တွေလာသည်​ကားအန္တရာယ်​တခု။ အတိတ်​ဘဝက အစ်​မ​တော်​၊နစ်​မ​တော်​၊မယား.၊ဘာညာကွိကွဟုဆ်ုကာသူတို့လည်းကူညီပါရ​စေဘာညာ..ဝင်​လူံးတတ်​ကြသည်​။အတိတ်​ဘဝက ​တော်​သည်​ထားယခုဘဝကား..တစိမ်း​တွေမဟုတ်​​လော။ ဘိုး​တော်​သည်​လည်း​ကောင်း၊ဆရာသည်​လည်း​ကောင်းအရိယာမဟုတ်​..ပုထုဇဉ်​သာဖြစ်​သည့်​အတွက်​.မိမိစိတ်​ကိုမ​စောင့်​ထိန်းပါက ​တွေးကြည့်​​ပေါ့။ ဒါ​တွေ​ကျော်​လွှားနိုင်​မှလိုရာပြီးစီးလိမ့်​မည်​။ ရဟန်း​တော်​​တွေလည်း..နာမည်​​ကျော်​ကြားလာပါက ဘာညာကွိကွ.အတင်းဖက်​ဘာညာလုပ်​တတ်​သည်​။ ဤကားမာတုကာမရဲ့အပြစ်​ကရှိ​သော်​လည်းတိုက်​ရိုက်​ကားမဟုတ်​၊ ​နောက်​ကွယ်​က နတ်​မိစ္ဆာအချို့သည်​..သွား​နေစဉ်​သွား၊ရပ်​​နေစဉ်​ရပ်​၊အိပ်​​နေစဉ်​ ကပ်​၍အိပ်​က နစ်​ကိုယ့်​တစိတ်​လုပ်​ပြီး.ဖျက်​ဆီးခြင်းပင်​။ ညားသွားပါကလည်း..ကွဲတာကပိုများသည်​။ဤကားဆင်​ခြင်​ဖို့အတွက်​သာ။

မ​ကောင်း​သောဘဝဆက်​များရှိသလို​ကောင်း​သော်​ဘဝဆက်​များ၊ပဋ္ဌာန်းဆက်​များရှိသည်​။ အ​နောင့်​အယှက်​ကင်း​အောင်​လုပ်​​ပေးသည်​။
ဒါဆို​မေးမည်​။ဘဝဆက်​ပါသည်​ဆိုပါစို့ ဘာလုပ်​ရမည်​နည်း​။မေတ္တာစိတ်​ထားပါဟုသာတိုက်​တွန်းပါသည်​။ ဆရာနဲ့ဖြတ်​မည်​လား၊ဒါလည်းရပါသည်​။ အ​ကောင်းဆူံးကား​မေတ္တာပွားခြင်းသည်​သာအန္တရာယ်​ကင်းသည်​ဟုယူဆသည်​။ ဆရာနဲ့ဖြတ်​​သော..မပြတ်​​ချေက...ဆရာကိုလည်းအထင်​အမြင်​လွဲတတ်​သလို..ဆရာတုနဲ့​တွေ့ကြုံရတတ်​​ပေသည်​။
နိဂုံးချုပ်​ရ​သော်​ ရတနာသုံးပါး၊သီလဘာဝနာကိုသာလုပ်​​စေချုင်​ပါသည်​။ တခြားဟာ​တွေလုပ်​​ပေါ့၊မိမိသူတပါးအကျိုးစီးပွားမထိခိုက်​ဘဲ့ win -win အ​ခြေအ​နေကသာ နစ်​ဘက်​စလဖူ့းအတွက်​ပ်ု​ကောင်းပါသည်​။
@sawmyat
Msc088
Writer Saw Myat Tun

image

Sort:  

ကိုစောမြတ်ရေ steemhunt က tag မထည့်ပါနဲ့တော့ သူက english ရေးမှပြီးတော့ သူ့မှာတခြားကန့်သတ်ချက်တွေရှိသေးတယ်၊ နှမို့လာမ vote ဘူး

Ok ဘဒို

စာရေးဆရာနွမ်ဂျာသိုင်းရေးတဲ့ဝတ္တုထဲကလိုပေါ့ဘဝဆက်တိုင်းပေါင်းရပါစေလို့ချစ်သူနှစ်ဦးသစ္စဆိုထားကြတာ မိန်းကလေးကစောပြီးသေသွားတော့ လူပြန်ဖြစ်လာ တက္ကသိုလ်တက် ဟိုတစ်ယောက်တက္ကသိုလ်မှာ အသက် ၅၀ ကျော်ဆရာ ဒါနဲ့ဆုတောင်းမမေ့တဲ့ကလေးမက ပြန်ယူမယ်တကဲကဲ ဆရာကတော့ မသင့်တော်တော့ပါဘူးဆိုပြီးငြင်း

ဘဝမဆက်ဘဲ သံသရာပျက်ဆုံးသွားတာ အကောင်းဆုံးပါပဲ

ဟုတ်​တယ်

မကောင်းပါဘူးဗျာ ဗုဒ္ဓဘာသာအရဆို သံသရာပါ လည်နေလို့ကောင်းတဲ့အရာမဟုတ်ဘာဘူး

အင်းဗျ

သံသရာလည်​​နေကြတာပါပဲ

တောင်​​တေ်​လည်းရှိတာ

ဆုတောင်းမှားတာကြောင့်မရောက်သင့်တဲ့ဘဝမျိုးရောက်
သွားတဲ့အဖြစ်မျိုးတွေရှိတယ်

သံသရညမရှည်တာ ကောင်းတယ်လို့ ယူဆမိပါတယ်

ဘ၀သံသရာ သီချင်းဆိုရမလိုလိုပဲ

ခ်​ခ်

အင်း သံသရာကတော့ လည်နေအုံးမှာပေါ့ ဘဝတွေ

အမှန်​ဘဲ့

လူ့သံသရာ

ရန်​သူဘဝဆက်​မဖြစ့်​က​ရေကြီးတယ်

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66266.06
ETH 3031.03
USDT 1.00
SBD 3.67