Knowledge Sharing for Tendering Process for M&E Works

in #steemit6 years ago

image

ကိုယ်ဟာ professional တယောက်မဟုတ်သလို ဒီ post ဟာ ကိုယ့်ရဲ့ အတွေ့အကြုံပေါ် မူတည်ပီး knowledge sharing တခုသာဖြစ်ပါကြောင်း နဲ့..
Sharing is caring ဆိုတဲ့အတိုင်း သိတာလေးကိုသာ ဝေမျှလိုက်ခြင်းဖြစ်ပါတယ် ..
သိပီးသားကိုကိုတွေ မမတွေ အတွက် မရည်ရွယ်သလို မသိသေးတဲ့ မောင်လေး ညီမလေးတွေ အတွက်သာ ရည်ရွယ်ပါကြောင်း 🤗🤗🤗

Knowledge Sharing for Tendering Process for M&E Works & Types of Singapore Tender

M&E လို့ခေါင်းစဉ်တပ်လိုက်တာဟာ ကိုယ့်ရဲ့ specialization က M&E ဖြစ်နေတာကတကြောင်း ပီးတော့ Civil BOQ သဘောသဘာဝတွေ မေးလာရင်မသိတာကတကြောင်း မို့ တကယ်တော့ Civil QS/M&E Engineer တွေ Coordinator တွေလဲ ဒီ tendering process နဲ့ type of Singapore Tender ကိုတော့ info & reference အနေနဲ့ ယူမယ်ဆို ယူလို့ရပါတယ်လို့ 😁😁😁

image

Part I

Tendering Process ကိုမပြောခင် Singapore ရဲ့ Tender အမျိုးအစားတွေအကြောင်းနဲ့ သူတို့ရဲ့ website တွေအကြောင်း အရင်သိထားဖို့လိုတယ် ...

Singapore Tender လို့ပြောလိုက်တာနဲ့ ဘာ website တွေရှိတယ် consultant/client တွေက ဘယ်လို websites တွေသုံးပီး tender ခေါ်တတ်တယ်ဆိုတာ သိထားမယ်ဆိုရင် ကိုယ့်မှာအားသာချက်တွေရှိလာမယ်... ဥပမာ GeBIZ tender ဆိုကြပါစို့ သူက public open လုပ်ထားတာဆိုတော့ ကိုယ်လုပ်နေတဲ့ Tender extension ရလား Tender Addendum/ Corrigendum တွေ အသစ်ထွက်သလား စသဖြင့်ပေါ့ detail မဟုတ်ပေမယ့် basic information တွေကို ကိုယ့်ရဲ့superior က ဒါမှ မဟုတ် Businesss Development ရဲ့ admin in charge က notify မလုပ်ခင် ကြို checking လုပ်လို့ရမယ်.. ပီးတော့ တစ်ချို့Maincon က ကိုကိုတွေ မမတွေက (ကိုယ်အပါအဝင်ပေါ့ 😁😁😁 ) တကယ့် tender submission ရက်တွေနဲ့တော်တော်ခွာပီးတောင်းတတ်ကြတယ် ကိုယ်သာ actual tender closing date ကိုသိနေမယ်ဆိုရင် အလိမ် မခံရတော့ဖူးပေါ့နော😬😬😬တနည်းအားဖြင့် submission date ကို extension တရက် ၂ ရက်လေးတော့ တောင်းလို့ရတာပေါ့လို့ 😁😁

အခြေခံ အားဖြင့် S'pore Tender တွေ မှာ government tender (open tender) , private sector tender (close tender) နဲ့ SESAMi website ကခေါ်တဲ့ CAG တို့ SATS တို့ , NUH တို့ရဲ့tender ဆိုပြီး အဓိကအားဖြင့် (၃) မျိုးရှိတယ်..

  1. Government tender လို့ခေါ်တဲ့ (open tender) တွေကို GeBIZ website မှာတင်ကြ တယ်. Government tender ဆိုတာမှာဘယ်လိုအမျိုးအစားတွေပါမလဲ .. LTA project တွေရှိမယ်, community club တွေ,အစိုးရပိုင် ဆေးရုံတွေ, HDB လို့ခေါ်တဲ့ residential project တွေ, nursing home တွေ, Sports & Community center တွေ , government university တွေ, school တွေ နဲ့ etc ; အမျိုးမျိုးပေါ့ ..

1.1. Open tender လို့ဘာလို့ခေါ်သလဲ??? ဘာလို့ open tender လို့ ခေါ်သလဲဆိုတော့ သူက offer price တွေကို သူ့ရဲ့ website မှာ သူသတ်မှတ်ထားတဲ့ tender closing date & time မတိုင်ခင် အမှီ tenderers တွေအားလုံးက online submission နဲ့တင်ပေးရတယ် .. သူ့ရဲ့အားသာချက်က Tender closing date ရဲ့နောက်ရက်မှာပဲ tenderers တွေအားလုံးရဲ့ ဈေးနှုန်းတွေကို လူတိုင်းကြည့်လို့ရတယ်ဆိုတော့... အဲ့မှာ ကိုယ်ရဲ့ price ဟာ lowest လား ..highest လား ...middle လား ...2nd highest လား.. 2nd lowest လား...ဘာလား ညာလား...ဆိုပီး ကိုယ်ဘယ်အဆင့်မှာရှိလဲဆိုတာ မျက်ဝါးထင်ထင်သိခွင့်ရသလို ကိုယ်ရဲ့ competitor တွေဟာ ဘယ်သူတွေလဲဆိုတာပါ သိခွင့်ရလို့ open tender လို့ခေါ်တယ်..

  1. Private sector tender (close tender) ဆိုတာဘာလဲ အဲ့ဒီမှာ condominium project လို့ခေါ်တဲ့ residential တွေရှိမယ် , commercial လို့ခေါ်တဲ့ shopping mall တွေ , high rise building ကြီးတွေ, high-end system တွေနဲ့ building ကြီးတွေ , private university ကြီးတွေနဲ့ factory တွေ warehouse တွေ, data center တွေ , clean room တွေ & etc စသဖြင့်ပေါ့ အစားစားရှိမယ်..

2.1. close tender ဆိုတာဘယ်လိုဟာမျိုးလဲ ?? အဲ့ဒါကတော့ public မှာ ဈေးတွေချပြစရာမလိုပဲ သူရဲ့ ဆိုင်ရာဆိုင်ရာ consultant/client တွေရဲ့ Tender submission instructions အတိုင်း တင်ပေးရမယ်, ဥပမာ .. soft copy submission via email only or hard copy & soft copy with CD/DVD ဘယ်နှစ်စုံ စသဖြင့် သူတို့ ပေးထားတဲ့ လိပ်စာအတိုင်း seal ပိတ်ပီး တင်ပေးရတယ်....offer price တွေကို online ကနေ public မတင်ရတော့ tenderer တွေအားလုံးရဲ့ price တွေကို consultants/client တွေကပဲသိခွင့်ရှိတယ်.... ကိုယ်တွေက ကိုယ်ဘယ်အဆင့်မှာရှိတယ် ဘာညာ သိချင်တယ်ဆိုရင်တော့ ကိုယ့်ကုပ္မဏီရဲ့ Tender Team Leader / Business Promotion Leader တွေမှာ excellent social skill/ network ရှိမှ ကိုယ်ဟာ ဘယ်အဆင့်မှာရောက်နေတယ်ဆိုတာ ကိုယ့်ရဲ့ price ဟာ competitive ဖြစ်မဖြစ် တစွန်းတစ သိခွင့်ရမယ်...သတိပြုရမည့်တချက်ပြောရဦးမယ် ရလာတဲ့ သတင်းအချက်အလက်တွေကို လျှောက်ပြောလို့မရသလို confidential အနေနဲ့သိမ်းထားရပါမယ် ... ပီးတော့ information နည်းနည်းရလို့ ငါတို့ company ကသာ social network ရှိတယ်..ငါတို့သာလျှင် consultant/client တွေနဲ့ partnership တွေပဲလို့တော့ မထင်လိုက်ပါနဲ့ ... ကိုယ့်ရဲ့ competitors တွေ အားလုံးနီးပါးမှာလဲ သူ့ link နဲ့သူရှိပီးသားပါ... ရလာတဲ့ သတင်းကလဲ 100% မှန်တယ်လို့ မျှော်လင့်လို့မရပါဖူး ... Singapore Tender Award ကလဲ နတ်ကြီးတယ်လို့ပြောရမလား ဘယ်လောက်ပဲ နာမည်ထွက်နေပါစေ.. နောက်ဆုံးကိုယ့်လက်ထဲ LOA ရမှသာလျှင် ယုံရတာပါ ... အာ့ကြောင့် ရလာတဲ့information တွေကို confidential အနေနဲ့ သိမ်းထားကြပါလို့ ....

ဆက်ရန်..... Part II

#QS #Knowledge #Sharing

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05