ရိုးမားအသင်းနဲ့ ဆေးစစ်မှုခံယူဖို့ အီတလီ

in #steemit6 years ago

image

ရိုးမားအသင်းနဲ့ ဆေးစစ်မှုခံယူဖို့ အီတလီ

ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့တော့မယ့် အေဂျက်တောင်ပံကစားသမား ဂျက်စတင် ကလွိုက်ဗက်ကတော့ ဆေးစစ်မှု ခံယူဖို့အတွက် အီတလီမြေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်က နယ်လာလန်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဖြစ်တဲ့ ပတ်ထရစ် ကလွိုက်ဗက်ရဲ့ သားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ရောမမြို့ကို ဂျက်စတင် ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အေဂျက်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့တဲ့ ပွဲပေါင်း...
ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့တော့မယ့် အေဂျက်တောင်ပံကစားသမား ဂျက်စတင် ကလွိုက်ဗက်ကတော့ ဆေးစစ်မှု ခံယူဖို့အတွက် အီတလီမြေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

တစ်ချိန်က နယ်လာလန်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဖြစ်တဲ့ ပတ်ထရစ် ကလွိုက်ဗက်ရဲ့ သားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ရောမမြို့ကို ဂျက်စတင် ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အေဂျက်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့တဲ့ ပွဲပေါင်း (၃၀) မှာ (၁၀) ဂိုးသွင်းယူနိုင်ခဲ့ပြီး နယ်သာလန် လက်ရွေးစင်အသင်းအတွက် မတ်လမှာ စတင်ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။အေဂျက်အသင်းကြီးအတွက် (၂၀၁၇) ခုနှစ် ဇန်န၀ါရီလမှ စတင်ပွဲထွက်ခဲ့ပြီး (၂) လအကြာမှာ အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ဂျက်စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ရိုးမားအသင်းကို ယူရိုသန်း (၂၀) နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။နယ်သာလန်လက်ရွှေးစင်အသင်းအတွက် သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ပွဲထွက်ခဲ့တဲ့ ဂျက်စတင်ကတော့ အေဂျက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းနိုင်ဖို့ အီတလီမြေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ပတ်ထရစ် ကလွိုက်ဗက်ကတော့ အေဂျက်အသင်းမှာ (၃) နှစ်ကြာကစားခဲ့ပြီး အမှတ်ပေးဖလား (၂) ကြိမ်နဲ့ ချန်ပီယံလိဂ် တစ်ကြိမ် ရရှိခဲ့ပြီး အေစီမီလန် နဲ့ ဘာစီလိုနာအသင်းတွေမှာ အောင်မြင်တဲ့ ကစားသမားဘ၀ကို ဖြတ်သန်းနိုင်ခဲ့သူဖြစ်ပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99