ကမ္ဘာ့အမြန်ဆုံးလေယာဉ်

in #steemit6 years ago

image

ကမ္ဘာ့အမြန်ဆုံးလေယာဉ်

နည်းပညာတွေ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ လေယာဉ်အမျိုးအစားတွေ အမျိုးမျိုးပေါ်လာပြီး စွမ်းဆောင်ရည်တွေကလည်း အမျိုးမျိုးပါပဲ။

အဲဒီအထဲကမှ ကမ္ဘာ့အမြန်ဆုံးလေယာဉ်လို့ လက်ရှိသတ်မှတ်ခံထားရတဲ့ SR-71 Blackbird ကို ဖော်ပြပေးလိုက် ပါတယ်။

SR-71 Blackbird

ဒီလေယာဉ်ကို လော့ခ်ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်လေတပ်မှာ အသုံးပြုခဲ့ပါတယ်။ ခရီးရှည် ပျံသန်းနိုင်ပြီး မဟာဗျူဟာမြောက် ကင်းထောက်စောင့်ကြည့်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလေယာဉ်ကို ရေဒါနဲ့ ဖမ်းလို့မမိအောင် ဒီဇိုင်းဆွဲထုတ်လုပ်ထားပါတယ်။

အမေရိကန်လေတပ်မှာ ၁၉၆၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ အသုံးပြုခဲ့ပြီး စုစုပေါင်း SR-71 လေယာဉ် ၃၂ စီးမှာ ၁၂ စီးက မတော်တဆဖြစ်လို့ ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ရန်သူ့ကြောင့် တစ်စီးမှ ပျက်စီးဆုံးရှုံးတာမျိုး မဖြစ်ခဲ့ပါဘူး။

ပေ ၈ သောင်းအမြင့်ကနေ တစ်နာရီကို အမြင့်ဆုံး မိုင် ၂၂၀၀ အထိ ပျံသန်းနိုင်ပါတယ်။ လေယာဉ်အလျားက ၁၀၇ ပေရှိပြီး တောင်ပံအလျားက ၅၅ ပေ ၇ လက်မ ရှိတယ်လို့ သိရပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60385.11
ETH 2889.75
USDT 1.00
SBD 3.65