အယ်လီဆန်ကိုချန်ပီယံလိဂ်မှာ

in #steemit6 years ago (edited)

image

အယ်လီဆန်ကိုချန်ပီယံလိဂ်မှာ လက်တုံ့ပြန်လိုတဲ့ ဒီဖရန်ဆစ္စကို

ရိုးမားနည်းပြ ဒီဖရန်ဆစ္စကိုက လီဗာပူးအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့သွားတဲ့ ဂိုးသမားဟောင်း အယ်လီဆန်ကို လက်တုံ့ပြန်လိုတယ်လို့ဆိုလိုက်ပါတယ်။ လာမယ်ရာသီချန်ပီယံလိဂ်မှာ အယ်လီဆန်နဲ့ပြန်လည်ဆုံတွေ့မယ်ဆိုရင် အယ်လီဆန်ကိုအနိုင်ယူသွားမယ်လို့ အဗယ်လီနိုနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီးမှာ ထုတ်ပြောသွားခဲ့ပါတယ်။ အယ်လီဆန်က လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရာမှာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးက ရိုးမားကို ၅-၂ ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ရလဒ်က အဓိကကျခဲ့တယ်လို့ပြောကြားခဲ့တဲ့အပေါ်မှာ ဒီဖရန်ဆစ္စကို မကျေမနပ်ဖြစ်နေပုံရပါတယ်။ ဒီဖရန်ဆစ္စကိုက “ အယ်လီဆန်လား? သူနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ထားပါတယ်။ ချန်ပီယံလိဂ်မှာပြန်လည်ဆုံတွေ့မယ်ဆိုရင်သူ့ကိုအနိုင်ယူအတွက်လည်း မျှော်လင့်ထားပါတယ်။ အသင်းပြောင်းမယ့်နေ့က သူနှုတ်ဆက်သွားသလိုမျိုး သူ့ကိုပြန်ပြောလိုက်မှာပါ” လို့ပြောသွားခဲ့ပါတယ်။

Credit,internet photo

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66101.68
ETH 3023.14
USDT 1.00
SBD 3.71