စနစ်သစ် ပညာရေး နဲ့ Drama သင်ခန်းစာ

in #steemit6 years ago

image

စနစ်သစ် ပညာရေး နဲ့ Drama သင်ခန်းစာ


အခုတလော ဆရာ ဆရာမတွေ ပညာရေး အတွက် သင်တန်းတက်နေတဲ့ သစ်ရွက်တွေ နဲ့ သရုပ်ဆောင်တာ ကို ဝေဖန်နေကျတယ် ။

image

အဆိုးဆုံး က အရင် စနစ် ကလူတွေပါပဲ ။ ဒါတွေ လုပ်လို့ ပညာရေးကြီးပဲ စုတ်ပြတ် သွားသလို ပြောကျပါတယ် ။
အခု စနစ်သစ်ရဲ့ creating ပညာရေး ကို နားမလည်တာက တကြောင်း ပြောချင်နေတာ က တကြောင်းနဲ့ ပညာရေးကြီးပဲ ရစရာ မရှိ သလို ပြောနေကျတာပါ ။
တကယ်တော့ အခုလို ပညာသင်တာဟာ ကလေး လူငယ်တွေ ရဲ့ ဖန်တီးနိုင်မှု စွမ်းရေ အဖွဲ့ လိုက် ပါဝင်နိုင်မှု ပျော်ရွင်စွာ ပညာ သင်ကြားရေး ကို တိုးတက်အောင်လုပ်နေတာပါ ။
အလွတ် ကျက် စာရ ပညာထူးချွန် ဆိုတဲ့ အရင် လမ်းဟောင်းကြီး ကနေဖေါက်ထွက် တာပါ ။
ဒါမျိုး က အရင် က မရှိ ခဲ့ဖူးတော့ လုပ် ရမှာ ပထမ ရှက် သလို ဖြစ်မှာပါပဲ ။

image

နောက်ပိုင်း ဒါ က used to ဖြစ်သွားရင် လူငယ် ကလေး တွေ က စင်ပေါ် မကြောက် ပြောရမှာ မကြောက် ဖြစ်လာမှာပါ ။ကြီးကြီး ကျယ်ကျယ် ပြောရရင် အနာဂတ်ရဲ့ ကလေးတွေ အတွက် ဖန်တီးနိုင်မှု အစ ကို ဦးနှောက်ထဲ ရောက်အောင်လုပ်ပေးတာပါ ။
International school လို့ဆိုတဲ့ နိုင်ငံ ခြားကျောင်းတွေ မှာလဲ လုပ်ပါတယ် ။ Drama subject အချိန် ဆိုတာ သပ်သပ် ရှိပါတယ် ။ သင်တဲ့ ဆရာ ကလဲ အဲဒီ major နဲ့ ဘွဲ့ရထား ရပါတယ် ။ ကလေးတွေ ကို ပြဇတ်တွေ လုပ်ခိုင်းပါတယ် ။ ဒါရိုက်တာမီးထိုး ဇတ်ညွန်းရေး စတိတ်ပြင် တေးဂီတ မင်းသားမင်း သမီး အကုန် ကလေးတွေ က လုပ်ရတာပါ ။ အဲဒီ မှာ ကလေးတွေ ရဲ့ ဖန်တီးနိုင်ရင် ဖန်တီး နိုင် သလောက် ထွက်လာပါတယ် ။ချီးကျုး ခံ ရပါတယ် ။အဲဒီ မှာ ကလေးတွေ က ပို ကြိုးစားချင်လာကျပါတယ် ။ ဖန်တီး မှု တွေ ပိုလုပ်လာကျပါတယ် ။
အခု ဆရာ ဆရာမတွေ ကို သင်နေတာလဲ အဲဒီ နည်းစနစ် ဖြစ်ပါလိမ့်မယ် ။ တကယ် ကတော့ budget မရှိတော့ ရှိတာနဲ့ ရအောင် သင်ကြား ပြီး ကျောင်းသားတွေ အတွက်လေ့ကျင့်တာ ဖြစ်ပါလိမ့်မယ် ။ ကျွန်တော် ကတော့ ရအောင်နဲ့ ကောင်းအောင်လုပ်တော့ ချီးကျုးပါတယ် ။
ဒါကို ဝေဖန် နေကျတာတော့ ဝေဖန်တဲ့ ဆရာသမားတို့ ဘာမှ မသိပါဖူးလို့ ပြောရာကျနေပါမယ် ။
နောက် သု့းလေး နှစ် ကြည့်ပါ ။
ကလေးတွေ တိုးတက်လာပါ လိမ့်မယ် ။ကျောင်းပျော်ပြီး အရင် ကထက် တီ ထွင် ဖန်တီး မှူတွေ တိုးလာပါလိမ့်မယ် ။
စာတွေပဲ ကြိုးစားပြီး အခန်းထဲ မှာ တယောက်ထဲ တိတ်တိတ်လေး နေတဲ့ ကလေးတွေ ကြီးလာလို့ အောင်မြင်သွားတာ ရှားပါတယ် ။
ကျွန်တော် ကတော့ အကောင်းမြင်တယ်ဗျာ
မိတ်ဆွေ တို့ အမြင်ရော ကျွန်တော်နဲ့ တူပါသလား ။

Thanks for reading

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65035.33
ETH 2950.72
USDT 1.00
SBD 3.66