ကျွန်တော် သိသော Steemmonster (@aggamun)

in #steemmonsters5 years ago

IMG_20150727_002933.jpg

ကျွန်တော် ခုတစ်လော #Steemonsters ဂိမ်း ကစားဖြစ်နေတာရယ်၊ ကျွန်တော်တို့ #msu က promotion post တွေ ယာယီ ရပ်နားထားတာရယ်၊ ကျွန်တော့ရဲ့ ကိုယ်ပိုင် contest လေးကို ပြုပြင် မွမ်းမံနေတာရယ် တွေကြောင့် post တွေကို ပုံမှန် မတင်နိုင်တော့ပါ။

ကိုယ်ပိုင် contest လေးကတော့ တစ်ပတ် နှစ်ပတ် အတွင်း လုပ်ဖြစ်တော့မှာပါ။ အဲ့ အချိန် ရောက်ရင် မြန်မာ #Steemit က မိတ်ဆွေများ ပူးပေါင်းပါဝင် ပေးကြဖို့ ကို လေးလေးစားစား ဖိတ်ခေါ် ပါတယ်ဗျ။ နည်းနည်း သဲလွန်စ ပေးရမယ်ဆို တွေးအား ရေးအား ရှိသူတွေ သဘောကျ လိမ့်မယ်လို့ ပြောချင်ပါတယ်။ ပျော်စရာ ကောင်းအောင် ရင်ခုန် စရာလည်း ပါအောင် လုပ်ထားမှာပါ။ contest အတွက် ဆု sponser ဖြစ်စေ၊ judges အဖြစ် ပါဝင်သည် ဖြစ်စေ မည်သည့် အကူအညီ မဆို အားရ ဝမ်းသာ လက်ခံ ပေးသွားမှာပါ။

#msu ကတော့ promotion နားထားပေမဲ့ admin ကြီး @dpakyaw အနေနဲ့ msu tag အောက်မှာ vote ပေးနေဦးမှာ ဖြစ်ပါတယ်။ သူလည်း တတ်နိုင်သလောက် support လုပ်ပေးရှာပါတယ်။ လေးစားဖို့ လည်း ကောင်းပါတယ်။ ခက်တာက steem ဈေးကျနေတာပါ။ သူလည်း မတတ်နိုင် ကျွန်တော်တို့လည်း သူ့ မကူညီ ပေးနိုင် ဖြစ်နေတာပါ။ ဒီကိစ္စ က steem ဈေးတက်လာရင် ပါးမွှား ဖြစ်သွားတော့မှာပါ။ လောလောဆယ်တော့ ဒီလိုပဲ ဟို ဘက် လှိမ့် ဒီဘက် လှိမ့် နဲ့ ဘဲ ဆက်သွား ရဦးမှာ ပဲ ဖြစ်ပါတယ်။ ကျွန်တော့ တစ်ယောက်တည်း အမြင်ပါ။

image

#Steemmonster ဂိမ်းကတော့ အခုထိ အဆင်ပြေနေပါသေးတယ်။ အရင်း မကျေနိုင်သေးပေမဲ့ အတော်အသင့် တော့ ရထားပြီးပါပြီ။ အရင်း မကျေသေးတာကတော့ ကျွန်တော် သိပ် မကစား သေးလို့ပါ။ ကစားတဲ့ သူတွေကတော့ ရနေတာ မြင်နေ တွေ့နေရပါတယ်။ အခုတော့ ဒီဂိမ်းကို နားလည် သင့်သလောက် နားလည် လာတာကြောင့် သက်တောင့်သက်သာ ကစားပြီး Daily quest တွေက ကဒ်လောက်ကတော့ ၁ နာရီတောင် မကြာတော့ပါဘူး။

ဒီဂိမ်းက တိုက်ပုံ တိုက်နည်း သိပ်မရှိပါဘူး။ အဓိက က ကဒ် အစဉ်လေး ကောင်းနေဖို့ပါ။ ကဒ် အစဉ်လေး ကောင်းပြီဟေ့ ဆိုရင်ဖြင့် ၁၀ ပွဲ ဖြစ်ဖြစ် ၂၀ ပွဲ ဖြစ်ဖြစ် ok သွားပါပြီ။ သုံးပွဲ နိုင် တစ်ပွဲရှုံး ပုံမှန်လေး သွားပါလိမ့်မယ်။ ကဒ် အစဉ်လည်း ကောင်း၊ ကဒ်က လည်း ကောင်းပြီဆိုရင်တော့ မျက်စိသာ မှိတ်ထားလိုက်ပါ။ ၂၉ ပွဲ ဆက် တိုက် အနိုင်တွေ ဘာတွေ ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် seasonal prize အတွက်ပါ လန်းပြီပေါ့လေ။

image

တိုက်နည်းကလည်း ကျွန်တော် သိသလောက် တော့ သုံးမျိုးပဲ ရှိတယ်ဗျ။ ရှေ့ဆုံးက အကောင် အရင် ဖြိုမလား? နောက်ဆုံးက အကောင်ကို အဓိက ထား ဖြိုချင်သလား? အဓိက ထောက်ပံ့ကူညီ အားဖြည့်ပေးတဲ့ အကောင်ကို အရင် ဖြိုကြမလား? ဒါပါပဲ။ ဒီသုံးမျိုးကို စဉ်းစားဖို့

  • ကိုယ့်မှာ ရှိတဲ့ ကဒ် အနေအထား
  • သူ ပေးထားတဲ့ mana အရေအတွက်

စ တာတွေနဲ့ ချိန်ထိုး စီစဉ်ရပါတယ်။ နောက်ဆုံး အဆုံးအဖြတ်ကတော့ စိတ်ဝင်စားဖို့ ကောင်းသလို ဒီဂိမ်းရဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။ ဒါကတော့ miss ပါ။

miss လို့ ပြောလိုက်ရင် ကစားနေကျ သူတွေက တော့ ကောင်းကောင်း သိပါလိမ့်မယ်။ တခြားသူတွေကတော့ သိချင်မှ သိပါလိမ့်မယ်။ အလွယ် ပြောရရင် miss ဆိုတာ အရှောင် အတိမ်းပေါ့ ခင်ဗျာ။ ကျွန်တော် ခံရဖူးတယ်ဗျ သိလား။ ကိုယ်က လည်း ဒီကဒ် ဒီ အစဉ် ကိုယ့်ပြိုင်ဘက်ကလည်း အဲဒီ ကဒ် အဲဒီ အစဉ် ဖြစ်လျက်နဲ့ဗျာ 1 miss လေး ပိုသွားတာနဲ့ နိုင်ပြီးသား ပြိုင်ဘက် ကို ရှုံးနိမ့် ခဲ့ရသလို ရှုံးပြီးသား ကိုလည်း အသာရ ခဲ့ဖူးတယ်။ မိတ်ဆွေများ ကြုံဖူးကြမယ် ထင်ပါတယ် နော်။

အဲဒါကပဲ ဒီဂိမ်းက ကျွန်တော့ကို ဆွဲဆောင် နေတော့တာပါပဲ ဗျာ။

image


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 8000 upvotes. Your next target is to reach 9000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99