တစ်ရက်ပြီးတော့နောက် တစ်ရက်

in #steempress5 years ago

တစ်ရက်ပြီးတော့နောက် တစ်ရက်
@bobokyaw.jpg

အခုရက်ပိုင်းတော့ စတင်းဈေးက ငြိမ်ချက်သားကောင်းနေပြန်တယ် တက်လဲမတက် ကျလဲမကျ တော့ပါဘူး တကယ်တော့
ကျစရာလည်း သိပ်မကျန်တော့ပါဘူး သူ့နောက်မှာ ထပ်ကျစရာ နရံဘဲကျန်တော့တယ်လေ။ တကယ်လို့ စတင်းကိုယုံကြည်တယ် တစ်ချိန်မှာ စတင်းဈေး တက်မယ် စတင်းက ခေတ်ကောင်းလာမယ်လို့ ယုံကြည်မှုရှိတယ်ဆိုရင်တော့
ခုအချိန်က ၀ယ်သင့်တဲ့အချိန်ကောင်းပါဘဲ ဒီထက်ထပ်ကျအောင် စောင့်မယ်ဆိုရင်တော့ ကျစရာက သိပ်မကျန်တော့ပါဘူး
တက်မယ်ဆိုရင်တော့ သူ့ရှေ့မှာ တက်စရာလမ်းက ဖြောင့်ဖြူးနေပါပြီ တစ်မျှော်တစ်ခေါ် တက်ချင်တိုင်း တက်လို့ ရပြီလေ
ကျမယ်ဆိုရင်လည်း သူ့နောက်မှာ ကျစရာဆိုလို့ ပြားသုံးဆယ် လောက်ကျန်တော့တာရယ် အပေါ်မှာပြောသလို သူ့နောက်မှ
ထရံဘဲကျန်တော့တယ် သုံညအောက်ကျမယ်ဆိုရင်လည်း ဘယ်တက်နိုင်တော့မလဲလေ ဘာမှလုပ်မနေနဲ့ တော့ လွင့်သာပြစ်
လိုက်ယုံရှိတာဘဲ ကွယ်ရို့
အလကားစတာဘာဗျာ ဘယ့်နှယ့် နှစ်ရှည်လများ ပိုးမွေးသလိုမွေးလာရတာဗျာ ကလေးတစ်ယောက်မွေးတာတောင် အဲ့လောက်ကြိုးစားရမယ် ဂရုစိုက်ရလိမ့်မယ်မထင်ပါဘူး
တကယ်ကို ကြိုးကြိုးစားစား အရိပ်တကြည့်ကြည့်လုပ်လာရတာ လွင့်တော့မပြစ်ရက်ပါဘူး ဘယ်သူမှမ၀ယ်ချင်လဲနေ
ကိုယ့်ဝေါလက် ကွကိုယ် ထိုင်ကြည့်ပြီး ကိုယ့်ကို ကိုယ် အားပေးနှင့်သိမ့်လိုက်တော့တယ်
ပြောမယ့်သာပြောရပါတယ် အခုမှ အရှိန်ကောင်းတုန်းပါ။ ဘယ်လိုမှ ရပ်တန့်သွားစရာအကြောင်းမမြင်မိသေးပါဘူးး
သူတို့ပြောတဲ့ အချိန်ကာလကလည်း လိုပါသေးတယ် ရက်တစ်ရာကျော်လောက် ဒီကြားထဲမယ် အပြောင်းအလဲတွေ
များစွာဖြစ်လာဦးမှာပါ။
ကိုယ့်ထက်နားလည်တဲ့သူတွေ ဘယ်လိုလုပ်နေသလဲ တစ်ချက် ဝေ့ကြည့်မိပါတယ် သူတို့က ဟန်တောင်မပျက်ဘူးဗျာ
စတင်းဈေး ကျတာ အခွင့်အရေးကောင်းရတယ်ဆိုပြီး ရသမျှ စတင်းတွေချည့်လှိမ့်ထည့်နေတာ တန်ဖိုးမာပါတယ်ဆိုတဲ့
အက်ဘီဒီတောင် လက်ထဲ အဆောင်အဖြစ်တောင် ကိုင်မထားဘူး အဲ့ဒီလို ယုံကြည်ချက် နဲ့ လုပ်ဆောင်ချက်က ပြတ်သားတာ
ကိုယ်ကလည်း အကင်းပါးရမယ်လေ။ သူတို့ ဘယ်လိုကြောင့် ရသမျှ စတင်းတွေစုနေသလဲ ဘယ်လိုတွေ ခြေလှမ်းပြင်နေသလဲ
အများကြီးသိစရာမလိုဘူးတော့မဟုတ်ပါဘူး မသိလည်းရတယ် အရေးကြီးတာလေး တစ်ချက်လောက် သိရင်ဘဲ ကိုယ့်အတွက်
ကနေရာကျပြီ စတီးမစ်က သိပ်ကို မျက်လှည့်ဆန်တာပါ။ ကြာလေ သိလေပေါ့ ။
အခု ဆယ့်တစ်လပိုင်း တောင် မကုန်သေးဘူး နောက်လထဲမှာ အပြောင်းအလဲကြီးတွေ လာမယ်ထင်တယ် အခြားကွိုင်တွေ
အတွက်တော့ သေချာသလောက်ရှိတယ် ဆိုဘဲ
နောက်တစ်ခုက စတီးမစ်လုပ်တဲ့သူတွေရဲ့ ထင်မြင်ယူဆချက်ကသာ ပိုလို့ အရေးကြီးတာပါ။ လူတိုင်းကတော့ သူကိုင်ထားတဲ့
ကွိုင် ကောင်းတယ် အကောင်းဆုံးပြောမှာဘဲလေ။ လက်ရှိအခြေအနေအရ ကွိုင်တစ်ခုတည်း ထူးထူးခြားခြား ထပြီးအောင်မြင်
သွားတယ် ဈေးတက်သွားတယ်ဆိုတာ အတော်ရှားပါတယ် တက်စရာရှိ ကိုယ်တွေ စတင်းလည်း မနေပါဘူး
သူ့အရှိန်လေးနဲ့သူ တက်ပါလိမ့်မယ်။
သူ့အရှိန်နဲ့သူတက်တာလဲ တက်မယ် များမကြာခင် တွန်းတင်မယ့် အစီအစဉ်ကြီးကလည်း အသင့်ဆိုတော့ ဘာမှ တွေဝေမနေတော့ဘူး စတင်းသာ ပထမ စတင်းသာ ဒုတိယ စတင်းသာ တတိယ စတင်းသာအရေးကြီးဆုံးဘဲ
ရသမျှ စုလိုက်တော့မယ်ဗျာ ဒီအချိန် ဒီအခြေအနေရောက်မှ ၀ါးတားတား လုပ်မနေနိုင်တော့ဘူး
စတင်းဈေးတက်မှ ဘာညာသာရကာတော့မလုပ်နဲ့ စတင်းဈေးကျနေလည်း တစ်ရက် ဆယ့်ရှစ်နာရီလောက် စတီးမစ်နဲ့အတူ
ရှိနေတာ အကြောင်းမဲ့တော့မဟုတ်ဘူးဗျာ စတီးမစ်ကို ယုံကြည်စွဲလမ်းနေလို့ဘဲ အဲ့ဒီအကြောင်းတရားတွေက တစ်ချိန်မှာ
အကျိုးတရားအဖြစ် ပြောင်းလဲဖြစ်ပေါ်လာမယ်ဆိုတာ မျှော်လင့်စောင့်စားရင်း တစ်ရက်ပြီး တစ်ရက် ဆက်လက် ချီတက်နေဆဲပါ

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=41

Sort:  

ရသမျှ စုလိုက်တော့မယ်ဗျာ

ခုတောင်နည်းနည်းတက်လာဘီ

မင်္ဂလာရှိသော သတင်းပါ ဘရားသားရေ

ပိုက်ပိုက်မရှိသေးတာခက်တယ်အကိုရေ

Posted using Partiko Android

သိပ်မကြာခင် ရှိလာရမှာပေါ့ဗျာ အပြောင်းအလဲထဲမှာ
ရှာယူကြတာပေါ့

ဟုတ်တယ် ဗျ ကျွန်တော်လည်း ဝယ်စုနေပြီ

Posted using Partiko Android

မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်
ယုံကြည်ခြင်းဟာ မဟာ အင်အားဆိုလားဘဲ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 61227.60
ETH 3022.96
USDT 1.00
SBD 3.88