ဘာမှမပေးတော့ဘူးလား

in #steempress5 years ago


https://nextcolony.io/

အာကာသ ဂိမ်းကစားရတာကလည်း တကယ့်ကို စိတ်သောက များလွန်းလှပါတယ် ကစားနေတုန်းမှာလည်း စိတ်မအေးရသလို ကစားပြီး နားနေချိန်မှာလည်း စိတ်မချမ်းသာရပါဘူး လိုအပ်ချက်တွေ အမြဲ ဖြစ်နေတက်သူအဖို့တော့ တွေးပူချင်စရာတွေချည့်ပါဘဲ စစ်အင်အားက ဘယ်လောက်ဆို စိတ်ချရပြီလဲဆိုတာကို စဉ်းစားကြည့်တော့ အတိုင်းအဆမရှိတာတွေ့လာရပါတယ် ဒါကြောင့် စစ်အင်အားကို ၀ယ်ယူဖြည့်တင်းလိုက်မယ်ဆိုရင်လည်း ဒါဟာ ယာယီ ဖြေရှင်းနည်း ဆေးမှီးတိုနည်းသာဖြစ်လာစရာရှိနေပါတယ် အမြဲတမ်း စစ်အင်အားက သာလွန်နေမှသာလျှင် ရှေ့က ပြေးနေနနိုင်မှသာလျှင် အဆင်ပြေမှာပါ ဒါလည်း စိတ်ချရတဲ့ နည်းတော့မဟုတ်နိုင်သေးပါဘူး ကိုယ့်ထက် အာရုံစိုက်ကစားသူက စစ်အင်အား သာလွန်သွားတဲ့အခါ ကိုယ်က သူ့နောက်ကို ကျန်နေခဲ့မှာပါ ကိုယ့်ထက် စစ်အင်အား သာလွန်သူက ကိုယ့်ရဲ့ မဟာရန်သူတော် ပြိုင်ဘက်ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒါဟာ ကံဆိုးခြင်း တစ်ခုနဲ့ ထိပ်တိုက်တွေ့ရသလိုဖြစ်စေမှာပါ

အခုချိန်ထိတော့ အာကာသ စစ်ပွဲမှာ မဟာရန်သူတော် သိပ်မတွေ့ရသေးပါဘူး တစ်ယောက်စ နှစ်ယောက်စတော့ ရှိပါတယ် အဲ့ဒီ တစ်ယောက်စ နှစ်ယောက်စကဘဲ ကိုယ့်ကို စိတ်မချမ်းသာဖြစ်စေပါတယ် သူတို့ကြော်င့လည်း ဒီဂိမ်းကို လက်က မချနိုင်အောင် ဂရုစိုက် ကစားနေဖြစ်တယ်လို့တောင် ပြောလို့ရပါတယ် အခုနောက်ပိုင်းတော့ စိတ်ကူး တစ်မျိုး ပြောင်းထားပါတယ် ဒီတစ်ခါ ရန်လာစသူ ဘယ်သူဖြစ်ဖြစ် အပြတ် ဆော်တော့မယ်လို့ စိတ်ကူးထားပါတယ် သူပြတ် ရင်ပြတ် သူမပြတ်ရင် ကိုယ်ပြတ်ချင်ပြတ်ပေါ့ တစ်ယောက်ယောက်တော့ ခွက်ခွက်လန် ရှုံးသွားမယ့် အဖြေ ပေးနိုင်မယ့် တိုက်ပွဲမျိုး တိုက်ဖြစ်မယ်ထင်ပါတယ် ကြာတော့ လည်း စိတ်မရျည်ချင်တော့ပါဘူး အချိန် ရှီသရွေ့ ဘယ်အချိန်များ လာတိုက်မလဲ အတိုက်ခံရမလဲဆိုတာက ခြိမ်းခြောက်မှု တစ်ခုလိုပါဘဲ အဲ့ဒီဒဏ်ကို မခံနိုင်တော့ပါဘူး ဒါကြောင့် စစ်အင်အားကို အကောင်းဆုံး စုဖွဲနေပါတယ်

နောက်တစ်ခု အရေးကြီးပြီး အရေးမကြီးသလို ဖြစ်နေတာကတော့ အကျိုးအမြတ် ခွဲဝေမပေးသေးတာကတော့ အတော်ကို ဆိုးပါတယ် တကယ်ဆို အခုချိန်လောက်မှာ ဒီဂိမ်းက အသားသေသင့်ပါပြီ အခုထိ အကျိုးအမြတ် မပေးပုံထောက်တော့ မပေးတော့ဘူးလို့ သုံးသပ်မယ်ဆို ရနိုင်လောက်တဲ့ အခြေအနေဖြစ်နေပါတယ် ဘာကိုစောင့်နေတယ်တော့ မပြောတက်ပေမယ့် ပေးတော့ပေးမယ်ဆိုတာ တစ်ခုက မတိကျ မသေချာပါဘူး နောက်ပိုင်းတော့ ဘယ်လို ပေးမယ်မသိတော့ပေမယ့် အခုထိတော့ ဘာမှ မပေးသေးတဲ့အတွက် တော်တော်လေးကို စိတ်ပျက်နေမိပါတယ် အခြား လုပ်စရာတွေကို ဇောက်ချ လုပ်ချင်ပေမယ့် ဒီကောင်က မပြတ်မသားဖြစ်နေတော့ ဆုံးဖြတ်ရခက်လို့နေစေပါတယ် ကစားစရာရှိတာတော့ ဆက်ကစားရပါဦးမယ် နောက်ပိုင်း အခြေအနေပြောင်းလာရင်တော့ ဂိမ်းတွေ မကစားတော့ဘူးလို့ စဉ်းစားပါတယ် အချိန်တွေကုန်လွန်းလို့ပါဘဲ

@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=106

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99