မျှတမှုရှိကြပါစေ

in #steempress5 years ago

ဆေးဝါးဂိမ်းလေး စထွက်လာတော့ တော်တော်ကို ထူးဆန်းနေတယ်လို့တောင် ထင်ခဲ့မိတယ် ဒီလို ဂိမ်းထဲမှာ အမှတ်လေးတွေ တိုးလာအောင် လုပ်တာနဲ့ စတင်း ပြန်ထုတ်ပေးတယ် ပြီးတော့ အမှတ်လေးတွေကလည်း အတိုင်းအဆမရှိ ကြိုးစားထုတ်လုပ်နိုင်သလောက် ရတယ်ဆိုတော့ အလကားများဝေနေပြီလား ထင်ရပါတယ် တကယ်လည်း အဲ့သလိုကို ပေးတာလေ ဒီလိုအခွင့်အရေးမျိုး ရမယ်လို့တောင် မျှော်လင့်မထားမိဘူး ဒါပေမယ့် သူက တကယ် ပေးလာပါတော့တယ်

မူးယစ်ဆေးဝါးရယ် အရက်ရယ် လက်နက်ရယ် စက်ရုံ သုံးခု ထုတ်ကုန် သုံးမျိုး ထုတ်လုပ်စေပြီးတော့ မူးယစ်ဆေးဝါး ထုတ်ကုန်ကိုတော့ ထူးထူးဆန်းဆန်းဘဲ စတင်းနဲ့ ပြန်လဲပေးတယ် ဒါကြောင့် ဆေးများများထုတ်နိုင်သူက စတင်းများများရမယ်ဆိုတော့ အားလုံးက စတင်းတွေသုံးပြီး အမြန်နောက်မကျရလေအောင် မူးယစ်စက်ရုံကို လေဘယ်တွေဝိုင်းတင်ကြတာပေါ့ အဆက အတော်ကွာတယ် အခြားစက်ရုံတွေနဲ့ ဆယ်လေး တစ်လေးတောင် မကဘူး အချို့ဆိုရင်

မူးယစ်ထုတ်ကုန်ကိုဘဲ လေဘယ်တင်တယ် ကျန်တာ မတင်ဘဲ ပြစ်ထားတာတွေတောင် အများကြီးတွေ့တယ် သိပ်မကြာပါဘူး တိုက်ပွဲတွေ ထည့်ပေးလိုက်တော့ မနိုင်မနင်းတွေဖြစ်ပြီး မူးယစ်ဆေးတွေက ၀ိုင်းလုကြတဲ့သူတွေ များလာရော ဒါနဲ့ဘဲ ကျန်တဲ့နှစ်ခုက အရေးကြီးလာပြန်ရော စတင်ကတည်းက တစ်လျှောက်လုံး မူးယစ်ဆေးထုတ်တာကိုဘဲ လေဘယ်တင်ခဲ့တော့ ကျန်တာတွေက အခုမှ နောက်ကလိုက်တင်တာတောင် လက်လှမ်းမမှီတော့ဘူး ဒီတော့ ကိုယ်က တိုက်ပွဲမှာအချဉ်သီးကိုဖြစ်ရောပေါ့ဗျာ

ဒါကြောင့် အခုနောက်မကျခင်လေး စက်ရုံသုံးခုလုံးကို လေဘယ်မျှတအောင် တင်ပြီး ဆက်လက်ချီတက်မှ အဆင်ပြေပါတော့မယ် ဒီနည်းစနစ်တွေက စီအိုစီကို အရူးအမူးကစားလာသူများ ကျွမ်းကျင်ကြပါတယ် သူ့ကို ၀ိုင်းပြီး ဂျင်းထည့်ကြသူတွေလည်း အမြတ်တော့ ရကြပါတယ် နောက်ပိုင်းတော့ မလွယ်တော့ပါဘူး သူ့ယိုပေါက်ကို တဖြည်းဖြည်း ပိတ်လာမှာပါဘဲ အင်အားကောင်းကောင်းနဲ့ အားလုံးမျှတအောင် တင်ပြီး နယ်လှည့်တိုက်ရင်တော့ စတင်းတွေ များများရလာပါတော့မယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/06/%e1%80%99%e1%80%bd%e1%80%ba%e1%80%90%e1%80%99%e1%80%bd%e1%80%af%e1%80%9b%e1%80%bd%e1%80%ad%e1%81%be%e1%80%80%e1%80%95%e1%80%ab%e1%80%b1%e1%80%85/
Sort:  

ကျနော်လည်း မနေ့က 60k လောက် ကို လှူလိုက်ရတယ်။ စစ်သားတွေလည်း ကုန်ပီ။

Posted using Partiko Android

Magic Dice has rewarded your post with a 49% upvote. Thanks for playing Magic Dice.

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 57369.97
ETH 2943.81
USDT 1.00
SBD 3.63