ချန်ပီယံ အိပ်မက်

in #steempress5 years ago


 

အခုတလော စတင်းမွန်းစတား ကစားသူတွေ အခက်အခဲတွေနဲ့ တွေ့ကြုံနေတာတွေ့ရပါတယ်

သုံးကြိမ်မြောက် ရာသီပွဲစဉ်တွေက အခက်အခဲတွေ ဖန်တီးပေးထားသလိုပါဘဲ အဓိက ကတော့

ဘုတ်စတား ပတ်ကေ့တွေ အရနည်းစေခြင်းလို့ဘဲမြင်ပါတယ် သူပေးရမယ့် ဘုတ်စတား ပတ်ကေ့တွေကို ဖေါင်းပွမှုမရှိအောင် ထိန်းလိုက်တာပါဘဲ

ဘာလို့လဲဆိုတော့ သူ့ရဲ့ စည်းမျဉ်း စည်းကမ်းအသစ်တွေက ကစားသူတွေကို များစွာ အခက်

တွေ့စေပါတယ် မမျှတတဲ့ တွေ့ဆုံခြင်းတွေကို ရှောင်လွှဲအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး

ကစားသူဦးရေနဲ့ ကစားတဲ့အချိန် ကွာခြားမှုကလည်း ယခုလို မမျှမတ တွေ့ဆုံမှုတွေကို

ဖြစ်ပေါ်စေတဲ့ အကြောင်းတစ်ချက်ဖြစ်နေပြန်ပါတယ်

အရင်ကလို တစ်လက်ကောင်း ဟီးရိုးအတွဲကို လက်ကိုင်ထားလို့မရတော့တာကတော့

အားလုံးအသိပါဘဲ ကိုယ့်မှာ ရှိသမျှ စစ်အင်အားကို မျှမျှတတလေးဖြစ်အောင် လေဘယ်အပ်ထား

သင့်ပါတယ် မဟုတ်ရင်တော့ အရှုံးတွေက အကြိမ်ရေများလာစေမှာပါဘဲ

နောက်တစ်ချက်ကတော့ ရလာတဲ့ တန်ဖိုးကြီးကဒ်တွေကို ထုတ်ရောင်းတာပေါ့

ကဒ်တစ်ခုကို ရောင်းမယ်လို့ စိတ်ကူးရင်တော့ အဲ့ဒီကဒ်ကို အစမ်းအဖြစ်တောင် မသုံးတာ

ကောင်းပါတယ် ဘာလို့လဲဆိုတော့ ကိုယ်ကအသုံးပြုလိုက်တာနဲ့ ပြန်ရောင်းတာဖြစ်ဖြစ်

တစ်ယောက်ယောက်ကို လက်ဆောင်ပေးတာဖြစ်ဖြစ် လုပ်တဲ့အခါ အချိန်စောင့်ခိုင်းခြင်း

ဖြစ်ပေါ်စေပါတယ်

ဈေးကွက်ထဲကို တင်ရောင်းတဲ့အခါမှာလည်း သူများထက် ဈေး လျှော့ရောင်းပေမယ့် ကိုယ့်ကဒ်

က အချိန်စောင့်ရခြင်း ဖြစ်ပေါ်နေရင် ၀ယ်သူက လက်ရှောင်ပါတယ်

သူသူ ကိုယ်ကိုယ် ကြိုက်တဲ့ ဟိးရိုးကို အခုဝယ် အခုသုံးချင်တာပါဘဲ

ဒါကြောင့် ဈေးကွက်ကို ပို့မယ် စိတ်ကူးရင် ငွေဖေါ်မယ်လို့ စိတ်ကူးရှိခဲ့ရင် အဲ့ဒီကဒ်ကို

မသုံးတော့ပါဘူး ဒါဆို မြန်မြန်အရောင်းထွက်သွားမှာ ဖြစ်ပါတယ်

ရောင်းတဲ့နေရာမှာလည်း သူ့ထက်ငါ အပြိုင် ဈေးလျှော့ရောင်းကြတဲ့အတွက် ကဒ်တစ်ခုက

မူလတန်ဖိုး ဈေးမြင့်နေပေမယ့် အချိန်တစ်ခုအရောက် ထက်ဝက်မကသော ဈေးသို့တိုင်

ရောက်သွားပါတယ်။ ဒါကိုလည်း သူတို့ မထိန်းချုပ်နိုင်သေးပါဘူး ။

ယခုလက်ရှိအခြေအနေကတော့ ဟီးရိုးလေဘယ် အမြင့်တွေ စတင်လိုအပ်နေပါပြီ

ရလာတဲ့ ဟီးရိုးအကောင်းတွေကို စတင်စုဆောင်းဖို့ သင့်ပါပြီ

ဟီးရိုးမပါတဲ့ တိုက်ပွဲက ဘယ်လိုမှ အဆင်ပြေမယ် မဟုတ်ပါဘူး

တစ်ဖက်သက် အနိုင်ကျင့်ခံရသလို ပွဲစဉ်တွေနဲ့ ကြုံတွေ့ကြရမှာပါ

ပြောမယ့်သာပြောရတယ် အခုချိန်ထိ ဖလား ငါးရာနားကကို ကမ်းမခွါနိုင်သေးပါဘူး

ဒီထက် ဖလားမြင့်လာရင်လည်း တိုက်ပွဲတွေကခက်ခဲ ကြပ်တည်းလာလို့ မတင်ရဲသေးလို့ပါ

ဘုတ်စတား ကဒ်တွေ ပွင့်အောင် တော့ ဖွင့်ချင်ပေမယ့် နေ့စဉ် ယူရတဲ့ ပတ်ကေ့ကို အချိန်များ

စွာ မပေးချင်လို့ပါဘဲ အခု ဖလား ငါးရာနားမှာ တစ်နေတော့ နေ့စဉ် ပတ်ကေ့အတွက် လွယ်လင့်

တကူပင် ရယူနေနိုင်ပြန်ပါတယ် ရာသီပြီးဆုံးခါနီးအချိန်မှ ဖလား ရသလောက်ပြေးတက်မယ်

လို့ စိတ်ကူးပါတယ် တကယ်တော့ ဒိစိတ်ကူးက စိတ်ကူးကောင်းမဟုတ်မှန်းသိပေမယ့်

ဒီအတိုင်းမလုပ်ရင်လည်း မလွယ်တဲ့အခြေအနေမလို့ပါ

ချန်ပီယံ အိပ်မက်ကတော့ ဒီရာသီပြီးဆုံးချိန်အထိေ၀၀ါးနေဦးမယ်ထင်ပါတယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=55

Sort:  

ဟုတ်တယ် ကျနော်လည်း ပြီးခါနီးမှ ဆွဲတင်မှာ 👍

Posted using Partiko Android

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34