ခန့်မှန်းတက်ရမယ

in #steempress5 years ago


https://nextcolony.io

အာကာသထဲက ဖြစ်စဉ်တွေဟာ ထပ်ခါတလဲလဲ ဖြစ်တက်တဲ့ သဘောသဘာဝရှိတယ်ဆိုတာ တဖြည်းဖြည်း သိမြင်လာရပါတယ် ဒီဘက်အရပ်မှာ ဒီလိုဖြစ်စဉ်တွေ ရှိတယ်ဆိုတာကို မသိလိုက်သလို အမှုမဲ့ အမှတ်မဲ့ နေခဲ့မိတာကနေ ထင်မှတ်မထားဘဲ အခြားအရပ်တစ်ခု အလားတူ ဖြစ်စဉ်မျိုး ထပ်တူ ထပ်မျှ ဖြစ်ပေါ်လာတာကို ဘွားကနဲ ကြုံတွေ့လိုက်တဲ့အခါ နောက်ထပ် ဖြစ်တည်လာမယ့်အရာ မြင်တွေ့လာရမယ့်အရာတွေအတွက် အကြားအမြင်ရနေသည့်အလား အကျိုးအမြတ်တို့ ထုတ်ယူလာနိုင်ပါတော့တယ် ဒါကလည်း တိုက်ဆိုင်မှုပါဆိုရင်တော့ ကောင်းမွန်တဲ့ တိုက်ဆိုင်မှုလို့ဘဲ ဆိုရပါလိမ့်မယ်

ဒီဂိမ်းကို စကတည်းက ဘာ ဘာ ဘာမှမသိဘဲ စကစားတယ်ဆိုရမယ် တကယ်ကို အခုထိလည်း ဘာမှ မသိသလိုပါဘဲ အဲ့ဒီဘာမှန်းမသိတာကိုဘဲ စမ်းတ၀ါးဝါးနဲ့ ဖီလင်တွေတက်ပြီး ကစားနေခဲ့တာကတော့ တကယ့်ကို တင်းလွန်းတဲ့ နှောင်ကြိုးတွေကြောင့်ဖြစ်ပါတယ် ဆက်ပြီးလည်း ကစားနေရပါဦးမယ် ဟုတ်ပါတယ် ...... ဒီဂိမ်းကစားတုန်းက ဂြိုလ်တစ်လုံး စတွေ့ဖို့ကို တော်တော်လေး ရွာလည်ခဲ့တာပါ အလွန်ကြာတဲ့ ကာလတစ်ခု ဖြတ်ကျော်ပြီးမှ ဒုတိယဂြိုလ်ကိုရတယ် နောက်ထပ်ဂြိုလ်တွေထပ်ရတော့ အလွန်ကို ပျော်နေတယ် ကိုယ့်ဧရိယာ တစ်ထွာ်လောက်အတွင်းကိုဘဲ အာရုံတွေ စိုက်နေခဲ့မိတယ် အဲ့ဒီလိုလုပ်ပြီး အချိန်များစွာ ကုန်ခဲ့တယ် အာကာသရဲ့ အခြားစာမျက်နှာတွေကို ယောင်လို့တောင် လှန်မကြည့်မိခဲ့ပါဘူး

တဖြည်းဖြည်းနဲ့ မြင်လာကာမှ စကစားတုန်းက တော်တော်ကို ဒူခဲ့တာ သိလိုက်ရပါတယ် တကယ်ဆို အစကတည်းက အကွက်စေ့စေ့ကစားခဲ့သင့်တယ် အုခတော့ အချိန်တွေ များစွာ နောက်ကျနေခဲ့ပြီ စတင်းတွေကုန်တာတော့ ကုန်တာဘဲ ကုန်ရကျိုးမနပ်ခဲ့ဘူး ဆိုရပါတော့မယ် ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပြန်ပါဘူး ကိုယ့်လိုဘဲ စတင်းတွေဖြုန်းပြီး ကုန်ရကျိုးမနပ်သူတွေ အတော်ကိုများပါတယ် အချို့ဆို စတင်း ငါးထောင်ဝန်းကျင်လောက်ဖြုန်းပြီး တိုင်ပါတ်နေသူတွေ တွေ့နေရတယ် သူတို့နဲ့စာရင်ကိုယ်တွေက တော်ပါသေးလို့ဘဲ ဖြေတွေးလေးတွေးရပါတယ်

ဂြိုလ်တွေရဲ့ တည်ရှိမှုက ပုံသေနည်းရှိတယ်လို့တောင် ဆိုနိုင်လာပါပြီ ရှာဖွေတာတွေများလာတော့ အရင်ထက် အကွက်ချ ခန့်မှန်းမှုတွေက ပိုနီးစပ်လာတယ် မှန်လာတယ်လေ အများအားဖြင့်တော့ ပေါများတဲ့အရပ်နဲ့ ရှားပါးတဲ့အရပ် ဒါလေးတော့ ကွဲကွပြားပြား သိလာပြီ အလွန်ရှားတဲ့အရပ် သေအောင်ရှာ တော်တော်နဲ့မတွေ့နိုင် ပေါများတဲ့အရပ် ဖြစ်သလိုရှာလည်း မနီးမဝေး ဟောတလုံး ဟောတလုံး တွေ့တာဘဲ အဲ့ဒါလောက် စောစောကသိရင် ခုဆို အတော်ရနေလောက်ပြီ အသိနောက်ကျတော့ မနည်းကို အားစိုက်နေရတယ် ပြောသာပြောရပါတယ် အခုတလော ဂြိုလ်အသစ်မရတာ နှစ်ပါတ်လောက်ကြာနေပြီ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/05/%e1%80%81%e1%80%94%e1%80%b9%e1%82%94%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%9b%e1%80%99%e1%80%9a/
Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 1200 posts. Your next target is to reach 1300 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01