အမေးလွယ်လို့ အဖြေခက်လေပြီ

in #steempress5 years ago

ဒီနေ့တော့ ဖလား လေးရာ ကျော်နားကနေ စတင်လို့ ကမ်းခွါပြီဖြစ်ပါတယ်

ကမ်းမခွါလို့ကလည်း မဖြစ်တော့ပြီလေ ရာသီလိဒ် ပွဲစဉ်ကလည်း ပြီးဆုံးဖို့ တဖြည်းဖြည်း

နီးကပ်လို့လာနေပါပြီ မနက်ခင်းပိုင်းက စတင်လို့ စစ်မြေပြင်သို့ ၀င်ရောက်ခဲ့ပါသည်။

တာထွက်ကောင်းသည်ပြောရမလိုပါဘဲ စတိုက်တိုက်ခြင်း သုံးပွဲဆက် အနိုင်ရလေသည်။

ဖလား အလှူပေးသောသူ သုံးယောက်တိတိ တွေ့လိုက်ရခြင်း ဖြစ်ပါလေသည်။

ရှင်းပါဦးအံ့ ........ ဒီနေရာမှာ စတင်းမွန်းစတား ဂိမ်းမကစားသူတွေ တစ်မျိုးတစ်မည်

ထင်မြင်ပေရော့မည်။ ဘာတဲ့ ဖလား အလှူပေးတဲ့သူ မျက်စိထဲပြေးမြင်လိုက်မည်က

အဖိတ်နေ့မှာ ဘုရားစေတီပုထိုးပေါ်က အ၀တ်ဖြူဖြူ ၀တ်ထားတဲ့ ဘုရားဂေါပကကြီး

လက်ထဲက ငွေဖလား ဖြူဖြူကြီး ဟုထင်နေပေဦးမည်။ မဟုတ်ပါ

စတင်းမွန်းစတားဂိမ်းထဲမှာ အဆင့်တွေတစ်ခုပြီးတစ်ခုတက်တိုင်း သတ်မှတ်သော

ဖလားအမျိုးအစားများ ရှိလေသည်။ ကြေး ငွေ ရွှေ စိန် စသဖြင့် အစဉ်တိုင်းသတ်မှတ်ပါသည်

ထိုသို့သက်မှတ်သော အမှတ်သို့ရောက်သော သူတို့သည် အထက်မှ အောက်သို့ ပြန်ဆင်း

လေသောအခါ မိမိရဲ့ ယှဉ်ပြိုင်ဘက် ကို တမင်တကာ အနိုင်ပေးခြင်းဖြင့် ဖလားအမှတ်များ

လျှော့ချခြင်းကို ဖလားအလှူပေးသည်ဟု ခေါ်တွင်ခြင်းသာဖြစ်ပါလေသည်။

ဆက်ကြပါဦးစို့........ ဟုတ်ပါတယ် ရှင်းပြမှ ရှုပ်သွားတာတော့ မတက်နိုင်ပါလေပြီ

အမှန်တော့ စာရှည်အောင် လှည့်ပါတ်ရေးနေသည်ဟု အထင်လွဲစရာကောင်းလှသည်

တကယ်တော့လည်း ဒီညအဖို့ မရေးတော့ဟု တွေးပြီးကာမှ မဖြစ်မနေ ပို့စ်တစ်ပုဒ်တင်ရေး

ဒို့အရေး ဆောင်ပုဒ်နဲ့အညီ မဖြစ်ညစ်ကျယ် ပို့စ် ထရေးခြင်းဖြစ်ပါသည်ဟု ၀န်ခံပြောကြား

လိုပါသေးသည်။

လိုရင်း ပြန်သွားပါမည်။ စကတည်းက အဆင်ချောတော့ ဒီနေ့ တစ်နေကုန် စစ်ပွဲမှာ အချိန်ကုန်

လို့နေမိလေသည်။ ရှုံး သုံးခါ နိုင်တစ်လှည့် နဲ့ ချီတက်လာလိုက်တာ ညနေလည်း စောင်းရော

ဖလား ကိုးရာနားကို ရစ်သီရစ်သီ လုပ်နေနိုင်ပြီဖြစ်သည်။

တယ်တော်တဲ့ငါပါလား ဟု အထင်ရှိမိလေသည်။ ခပ်တည်တည်မှင်သေသေနဲ့ စတင်းမွန်းစတားဂိမ်း ဂရုရဲ့

ချက်ဘောက်ထဲမှာ နီတို့ ဖလားတက်တာ ဘယ်လောက်ရောက်ကြသတုန်းဟု မေးမိပါသည်။

အမှန်က ဖလား ကိုးရာနား တက်သွားနိုင်တာကို လှမ်းကြွားမယ်စိတ်ကူးခြင်းသာဖြစ်သည်။

တစ်ယောက်ကဖြေသည် ဂိုးနားတော့ ရောက်ပြီ သေဟ သူက ဂိုးတဲ့ ဒါဆို ဖလား နှစ်ထောင်

နီးပါး ။နောက်တစ်ယောက် ဖြေသည်။ ဖလား တစ်ထောင့်သုံးရာနားမှာ တစ်နေတာ သုံးရက်

ရှိပြီတဲ့ နောက်တစ်ယောက်ထပ်ဖြေပြန်သည်။ ဖလား တစ်ထောင်ကျော်ရုံလေးကျော်တာ လေးရက်ရှိပြီတဲ့ ခင်ဗျားရော ဘယ်အခြေအနေရောက်နေလဲ ပြန်မေးလေပြီ

အဲ့ဒါမှ ဒွတ်ခရောက်တော့သည် အစကတည်းက ခပ်တည်တည်ဆရာကြီးစတိုင်နဲ့

ချန်ပီယံဘဲရောက်နေသလိုလို လေသံနဲ့ မေးထားမိလေတော့ ဖြေရခက်လေပြီ

ဘယ်ရမည်နည်း........ လိုင်းကျတာလိုလို အလုပ်မအားတာလိုလို ဖုန်းအားကုန်တာလိုလို

ဟိုလိုလို ဒီလိုလိုနဲ့ ချက်ဘောက်ကို အမြန်ပိတ်ကာ ထွက်ပြေးခဲ့ရပါလေတော့သည်။

နေနှင့်ကြဦးပေါ့ ဒီည တစ်ညလုံးတိုက်ပြီး ဒင်းတို့ကို အမှီလိုက်ပြမယ်လေအဲ့........................

 

Author : @bobokyaw
@bobokyaw.jpg

 


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=58

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95