လေးတိလေးကန်

in #steempress5 years ago

ဆေးဝါးထုတ်လုပ်ရေး ဂိမ်းကလည်း အသစ်လုပ်လိုက်တာ ဘာမှကို အဆင်မပြေပါဘူး ဟိုဟာ ကြည့်မရ ဒီဟာ ကြည့်မရနဲ့ တိုင်ပါတ်နေတာ မူးတောင် မူးလာတယ် ကိုယ့် ကိုလှော်သွားလို့ နောက်က ပြန်လိုက်လှော်ဖို့ လုပ်ပါတယ် ကိုယ်က လှော်ရတဲ့ အလှည့်မရောက်ခင် နောက်အကြိမ်တွေတောင် ထပ် အလှော်ခံရတာ တူးခြစ်နေပါပြီ အရက်တွေ လက်နက်တွေ ဆေးဝါးတွေလည်း တဖြည်းဖြည်းလျှော့လာတယ် လုပ်ထားဦးပေါ့လေ ပြီးမှ အတိုးအရင်းပေါင်းပြီး ပြန်တွယ်လွှတ်လိုက်မယ်

ကစားသူဦးရေကတော့ တစ်နေ့တခြား တိုးလာတယ် ဒီမနက် အသိတစ်ယောက် စကစားတော့ သူ့ စီနေရာ နံပါတ်က ငါးထောင် ကျော်နေတာတွေ့တယ် ဒါဆိုရင် လက်ရှိကစားသူဦးရေ ငါးထောင် ကျော်သွားပြီဆိုတဲ့သဘောဘဲ နောက်ထပ် ၀င်ရောက်လာမှာတွေကလည်း မနည်းမနောဘဲ အဲ့သလောက် လူများလာရင်တော့ တစ်ရက် တစ်ပွဲတောင် တိုက်ဖို့ လွယ်ပါ့မလား မနိုင်မနင်းဖြစ်နေတဲ့သဘောထင်ပါတယ်

သူ့သဘောတရားတွေကတော့  စီအိုစီနဲ့ အတူတူပါဘဲ ဒါပေမယ့် စီအိုစီလောက်တော့ ဖီလင် မလာဘူးဗျာ စီအိုစီလောက် ကစားလို့ ကောင်းရင်တော့ ရှယ်ဘဲ ကျန်တဲ့ ဂိမ်းတွေ လွှင့်ပစ်လိုက်လို့ရပြီ အခုက ကစားသူ ငါးထောင်ဆိုတော့ နောက် လလောက်ဆိုရင် တစ်သောင်းနီးပါးဖြစ်လာနိုင်တယ် စတင်းဈေးလေးများ နောက် နှစ်ဆလောက်တက်သွားရင်တော့ ကစားသူဦးရေက သောင်းဂဏန်းရောက်လာမှာ ဒါဆိုရင်တော့ စီအိုစီမှာလို အုပ်စုဖွဲ့ပြီး ၀ါးလေးဘာလေး တိုက်လို့ ရနိုင်မလားဘဲ စီအိုစီနာမည်ကြီးတာက အဲ့သလို ၀ါးစုဖွဲ့တိုက်ရတာကြောင့်ပါဘဲ ဒီကောင်လဲ အဲ့သလိုလုပ်လာနိုင်တယ် ကလန်တွေဘာတွေဖွဲ့ပြီး ဗျင်းကြတာပေါ့

အခုတော့ အ၀ိုင်းလည်တာ ထိုင်ကြည့်နေရတယ် ဟိုတုန်းက ဒီက အင်တာနက်လိုင်းနဲ့များ အမျိုးတော်လေသလား မသိဘူး အ၀ိုင်းလည်တာချင်းကတော့ အတူတူဘဲ ရတုန်းခဏလေး ပြေးဝင်ကြည့်လိုက် မရလည်း စောင့်ကြည့်နေလိုက်နဲ့ အလုပ်ကတော့ ဖြစ်ပြီပေါ့ဗျာ ဘာကောင်းသလဲမမေးနဲ့ တိုက်ခိုက်လုယက်ပြီး စီးပွားရှာဖို့ နေနေသာသာ ကိုယ့်လာ မလုအောင်တောင် မနည်းဂရုစိုက်နေရတယ် နောက်တော့ ကောင်းသွားမှာပါလေ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/04/%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%94%e1%80%b9/
Sort:  

!bookkeeping magicdice drugwars steemmonsters

Loading...

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 10000 as payout for your posts. Your next target is to reach a total payout of 20000

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94