ဈေးမကောင်းလည်းရေးရမယ်

in #steempress5 years ago

စတင်းဈေး မကောင်းပါဘူး မကောင်းတာမှ ရိုးရိုး မကောင်းတာမဟုတ်ပါဘူး ဘယ်လိုမကောင်းတာလဲဆိုတော့ ပိုးစိုးပက်စက်ကို မကောင်းတာပါ ဒီလောက် ပေါက်ဈေးနဲ့ကတော့ ဖုန်းဘေဖိုးတောင် အနိုင်နိုင်ရယ်ပါ သို့သော် ဒါသည် ဒီနေ့ပေါက်ဈေးသာဖြစ်သည် မနက်ဖန်တို့တွင် ဘာမဆိုဖြစ်လာနိုင်သည်။ အကောင်းဆုံးကိုဘဲ ဦးတည်မျှော်လင့် ထားကြရအောင်ပါ ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေကသာ အကျိုးကျေးဇူးပြုနိုင်ပါလိမ့်မယ် ဆိုးရွားသော အနုတ်လက်ခဏာဆောင်သော သတင်းများ အသံများနဲ့ ထင်မြင်ချက်တို့သည် ယနေ့အတွက် အဘယ်သို့မျှ အားအင်မဖြစ်စေနိုင်ပါဘူး

ဆိုးရွားသော အခြေအနေကို ကြောက်ရွံ့နေလျှင် ယခု ပြားသုံးဆယ် အခြေအနေကနေ နောက်လှည့်ပြန်လိုက်တာ အကောင်းဆုံးပါဘဲ ဒီထက် ဆိုးရွားသွားမယ်လို့ ထင်မြင်မျှော်လင့်နေလျှင် ကြောက်ရွံ့နေလျှင် စိုးရိမ်ပူပန်နေလျှင် ဆက်မလုပ်တော့သည်ကသာလျှင် အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်စေလိမ့်မည်ဟု ထင်ပါသည်။

အဲ့ဒီလို မေးခွန်းကို အကြိမ်ကြိမ် မေးမိပါတယ် ဆက်သွားမလား နောက်လှည့်ပြန်မလား ရပ်နေလို့ မဖြစ်တာတော့သေချာသည်။ နှစ်ခုထဲက တစ်ခုရွေးကို ရွေးရမည် မရွေးလို့ကား မဖြစ်ပါ မဟုတ်လျှင် အလုပ်လုပ်ရတာ အလွန် စိတ်ဆင်းရဲစရာကောင်းလှပါသည်။ စိတ်ကလည်း မပျော်ရွှင် လုပ်ရသည်ကလည်း အားအင်မပါ ကိုယ်လုပ်တာ ကိုယ်ပြန်တွေးလို့တောင် စိတ်ချမ်းသာမှု တစ်စုံတစ်ရာ မျှော်လင့်ခြင်းရောင်ခြည်လေးတောင် မတွေ့မမြင်နိုင်ဘူးလို့ ခံစားရလျှင် ထိုအလုပ် ဆက်မလုပ်တာ ကောင်းသည်။

မလုပ်ဘဲ လှည့်ပြန်သွားကြသော ရောင်းရင်းများကို သဘောကျသည်။ သူတို့ပြတ်သားသည် ကိုယ်တွေလို တို့လို့တန်းလန်း အမျှင်မပြတ် ဆက်လုပ်မနေ မလုပ်ဘူးဆိုအရှင်း လုံးဝမလုပ်ကြတော့ ကောင်းပါသည်။ နေ့စဉ် စိတ်ဆင်းရဲစရာ အကြောင်း တစ်ခုလျှော့ပါးသွားစေသည်ဘဲလေ

မေးခွန်းနှစ်ခုကို မေးမိလေတိုင်း အဖြေက တစ်မျိုးသာ အမြဲရပါသည်။ ဆက်လုပ်မှဖြစ်မယ် ဒီလမ်းကြောင်းအပေါ် ကိုယ်က ယုံကြည်တယ် မျှော်လင့်တယ် ဖြစ်ရမယ်လို့လည်း အားမာန်တင်းလို့ လျှောက်နေမိတယ် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ ခံနိုင်ရည်အားရှိတယ် အဲ့ဒီရဲ့ ဟိုဘက် အခက်အခဲရဲ့ အခြားတစ်မျက်နှာမှာ တွေ့ကြုံရမှာတွေကို အလိုရှိတယ် ဒါကြောင့် ဆက်လုပ်မယ်

အဲ့သလို တွေးထားခဲ့လိုက်တော့ တော်တန်ရုံ အခက်အခဲနဲ့ အတားအဆီးက ကိုယ့်အတွက် ဘာမှမဟုတ်တော့ဘူး ဒီအချိန်မှာ ကိုယ်ဘာကို အလိုရှိတာလဲ အဲ့ဒါသိဖို့လိုတယ် ဘာအလိုရှိတာလဲရယ် ဘာကအရေးကြီးဆုံးလဲ

အဲ့ဒီနှစ်ချက် နဲ့တင် ကျန်တာတွေကို မေ့ထားလိုက်လို့ရသွားတယ် ဒါကြောင့် အလိုရှိတာကိုဘဲလုပ်တယ် အရေးကြီးတာကိုဘဲ လုပ်တယ် ဒါကြောင့်လည်း ခရီးလမ်းကြောင်းပေါ်မှာ ရှေ့တိုးသွားလို့ နေနိုင်တဲ့ အားအင်တွေ ရနေတယ် ကျန်တာတွေကိုတော့ ခဏဖြစ်ဖြစ် မေ့ထားလိုက်ပါရစေဦး

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://www.steemhosting.com/bobokyaw/%e1%80%b1%e1%80%85%e1%80%ba%e1%80%b8%e1%80%99%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%9b%e1%80%99%e1%80%9a%e1%80%b9/
Sort:  

မေးခွန်းနှစ်ခုကို မေးမိလေတိုင်း အဖြေက တစ်မျိုးသာ အမြဲရပါသည်။ ဆက်လုပ်မှဖြစ်မယ် ဒီလမ်းကြောင်းအပေါ် ကိုယ်က ယုံကြည်တယ် မျှော်လင့်တယ်
ဟုတ်တယ် အဲ့သလိုဖြစ်နေတယ် ဆက်လုပ်မှာဖြစ်ပါတယ်

ဆက်လုပ်ရမှာပေါ့ဗျာ ဒါမှ အဆင်ပြေမှာလေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99