ကျန်းမာရေးဖျက်အကုန်ပျက်

in #steempress5 years ago


https://nextcolony.io/ranking

ဒီတစ်ခါ ကျန်းမာရေး ဖေါက်ပြန်မှုကတော့ စံတင်ရမလောက်ပါဘဲ ဆေးစားဆေးသောက်နဲ့တင်မရပါဘဲ ဆေးပါထိုးလိုက်ရပါတယ် ချက်ချင်း သက်သာမှုမရဘဲ လူကတော်တော်လေးကို အားနည်းသွားစေပါတယ် အစားအသောက်ပျက်သောကြောင့်ဖြစ်ပါမယ် လူကလည်း အားအလွန်နည်းပြီး တုန်ချိချိ ဖြစ်လို့သွားပါတယ် ပါးစပ်တွေလည်း ခါးသက်ပြီး ရေသောက်တာတောင် အဆင်မပြေတော့ပါဘူး တော်တော်လေး ခံစားလိုက်ရပါတယ် ဆေးမထိုးခဲ့ရတဲ့ နှစ်တွေ တော်တော်လေးကြာခဲ့ပါပြီ ဘယ်လောက်တောင် ကြာသလဲဆိုရင် ဆယ်စုနှစ် နှစ်ခုစာနီးနီး မျှ ဆေးထိုးခြင်းက ကင်းဝေးခဲ့သော စံချိန်က ဒီနှစ်မှာတော့ ကျိုးပျက်ခဲ့ရပါပြီ ဆေးပါထိုးလိုက်ရပါသည်။ တော်တော်ဆိုးတဲ့ ကျန်းမာရေးပါတကား ဘာမှ လုပ်မရနိုင်ပါဘူး အိပ်ရာထဲ တုံးလုံးပက်လက်နဲ့ ဖြတ်သန်းလိုက်ရတဲ့အချိန် တစ်ပါတ်ကျော် နှမြောလိုက်ပါဘိ

စတီးမစ်ပေါ်မှာလည်း ရောက်လာခဲ့တာ ခုရှစ်လပိုင်းဆိုရင်တော့ နှစ်ပါတ်လည် နှစ်ခါ တင်းတင်းပြည့်မြောက်ခဲ့ပါပြီ တစ်ရက် စာတစ်ပုဒ် ရေးတင်မယ်ဆိုတဲ့ ရည်မှန်းချက်လည်း ခုကျန်းမာရေး ဖျက်တာနဲ့ ပျက်တော့တာပါဘဲ ဖျားနေတဲ့ ရက်တွေမှာ စတီးမစ်ကိုတော့ မေ့မရခဲ့ပါဘူး ကိုယ်လည်း ဘာမှ မလုပ်နိုင်တော့ ၀င်ကြည့်တာလောက်ဘဲ တက်နိုင်ပါတယ် ဈေးကလည်း မထင်မှတ်ရလောက်အောင်ကို ဆက်တိုက် ပြုတ်ကျနေတော့လည်း တော်သေးတယ်ပြောရမလား တောင် မသိတော့ပါဘူး ဈေးက ဒီလိုသာကျနေရင်တော့ ကျန်တော့မယ် မထင်ပါဘူး ဘာအကြောင်းပြချက်နဲ့များ ပြန်တက်ပါဦးမည်လဲ ပြန်တော့ တက်ပါ့မယ်လားလို့ဘဲ အခုတော့ ဈေးလည်းမရ မျှော်လင့်ချက်လည်း နဲ့တဲ့တဲ့ဆိုတော့ စာမရေးလက်စနဲ့ နားလိုက်တော့မလား စိတ်ကူးကြည့်ပါတယ် မရပါဘူး လုံးဝမရပါဘူး မရေးလို့ကို မရတာပါဘဲ ဒီတော့ ရေးလက်စအတိုင်း ဆက်ရေးရတာပေါ့လေ

နည်းသည်များသည်က နောက်ထားပါလေ မှန်မှန်လေး လုပ်နေရတာကိုဘဲ မဆိုးတဲ့ အခြေအနေလေး ဖန်တီးထားနိုင်တာပေါ့လေ ဈေးမရတော့တဲ့နောက်ပိုင်းကို ဘယ်လို စခန်းသွားနိုင်မလဲဆိုတာ တွေးရတော့မှာဖြစ်ပါတယ် ရသလောက်လေးဘဲ ယူပြီး မှန်မှန်သွားလို့ အခြေအနေစောင့်တာက ပိုပြီး အခွင့်အရေးသာမယ်ထင်ပါတယ် တစ်ချိန်တော့ ကောင်းလာမယ်လို့လည်း သိပ်မမျှော်တော့ပါဘူး လက်ရှိအတိုင်းဘဲကို ဘယ်လို တိုးတက်အောင် လုပ်လို့ ရနိုင်ဦးမည်လဲ စဉ်းစားနေရပါပြီ

ဂိမ်းတွေကလည်း များလွန်းတော့ ဘယ်ဂိမ်းကစားရမှန်းကို မသိတော့ဘူး အခုတော့ နာလန်ထခါစဆိုတော့ ဟိုဟာလေး တို့တို့ ဒီဟာလေးတို့တို့ ပြန်လုပ်နေရပါတယ် အရင်လို ပုံမှန်လေးပြန်လှုပ်ရှားဖို့တော့ အားမွေးရပါဦးမယ် ဒီနေ့တော့ ဒီလောက်ပါဘဲ လက်တွေက တုန်နေတော့ စာတောင် မနည်းရိုက်နေရတယ် ကျန်းမာရေး ဖျက်ရင်တော့ အကုန်ပျက်တော့တာပါဘဲ

@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=100

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11