ရာသီလိဒ် ပြီးဆုံးတော့မည်

in #steempress5 years ago

နေ့ရက်အချိန်တွေက တောင်လှည့် မြောက်လှည့်နဲ့ ခဏလေးပါဘဲ အချိန်တွေ ကုန်တာ မြန်လွန်းလှပါတယ် အခုဆိုလျှင် ရာသီလိဒ် ပြီးဆုံးရန်သုံးရက်ခန့်သာ ကျန်ပါတော့ တယ် အခုချိန်အထိ ဒိုင်းမွန်းကို မရောက်နိုင်သေးပါဘူး လက်ရှိ ဂိုးလိဒ် မှာ ဘဲ ကစားနေရပါတယ် ဒီအတိုင်းသာဆိုလျှင်တော့ ချန်ပီယံလိဒ်လည်း ဝေးနေဦးမှာပါဘဲ ရောက်ဖို့ မလွယ်တော့ပါဘူး ချန်ပီယံက တော်တော် ဝေးသွားပါပြီ

ချန်ပီယံ ရောက်သူ အရေအတွက်ဟာလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ် အခုချိန်ထိ ချန်ပီယံ ရောက်နေသူ အရေ အတွက် ဟာဆိုရင် အယောက်သုံးဆယ် မပြည့်သေးပါဘူး ကိုယ်တွေချန်ပီယံ မရောက်တာ အပြစ်တော့ မဟုတ်ပါဘူး ရောက်ဖို့ မလွယ်ကူသောကြောင့် မရောက်ခြင်းသာ ဖြစ်ပါတယ် တကယ်လည်း ခက်ခဲလွန်းတယ်ဆိုတာတွေ့မြင်နိုင်ပါတယ် ဒိုင်းမွန်းလောက်နဲ့ ကျေနပ်ရမယ် အခြေအနေမှာ ရှိလို့နေပါတယ်

စုစုပေါင်းသုံးရက်သာ ကျန်တော့သည် ဖြစ်လို့ ကြိုးစားရန်အတွက်လည်း အချိန်အလွန်နည်းနေပါပြီ ရှေ့ကလူတွေလည်း သူတို့ အခက်အခဲနဲ့ သူတို့ဖြစ်နေသည့်အတွက် ရှေ့ကို ဆက်မတိုးနိုင်တော့ပါဘူး သူတို့ကေ၇ှ့ဆက်မတိုးတော့ ကိုယ်တွေလည်း သူတို့ နေရာကို မယူနိုင်ဘူးဖြစ်နေပါတယ် ရှေ့က လူ တစ်ဆင့်တိုးမှသာ ကိုယ်တွေလည်း တစ်ဆင့်လိုက်တိုး ရမှာဖြစ်ပါတယ် ဒါကြောင့် အားလုံးဟာ အခက်အခဲကိုယ်စီနဲ့ တိုက်ပွဲ ၀င်နေရပါတယ်

ဒီတစ်ခါ ရာသီလိဒ်ကတော့ အကျိုးအမြတ် အလွန်နည်းပါတယ် နေ့စဉ် ရတာလွန်း မကောင်းသလို ရာသီလိဒ် ပြီးဆုံးချိန် ရတာတွေလည်း သိပ်အားရစရာ မရှိလှပါဘူး တဖြည်းဖြည်း ကြပ်တည်းလို့လာနေပါတယ် သတိလေးနဲ့ ကစားမှ ဖြစ်ပါလိမ့်မယ် စိတ်မရှည်သူများ စတင်းတွေ ကုန်နိုင်ပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://www.steemhosting.com/bobokyaw/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%9c%e1%80%ad%e1%80%92%e1%80%b9-%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%82%94%e1%80%99%e1%80%8a/

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84