ကစားသူများလာပြီ

in #steempress5 years ago

ဆေးဝါးဂိမ်းလေးကတော့ဖြင့် တဖြည်းဖြည်းနဲ့ ကစားသူတွေများလို့ လာနေပါတယ် တိုက်ပွဲတွေကြားကနေ အကျိုးအမြတ်ရှာမှ ရတော့မယ်ဆိုတာကို သဘောပေါက်လာကြပြီးနောက်ပိုင်း တိုက်ပွဲတွေကို ခပ်စိပ်စိပ်လေး တိုက်လာကြတာတွေ့ရပါတယ် ကံကောင်းရင် ကောင်းသလို အကျိုးအမြတ်လေးတွေ ရတက်တာကိုလည်း မြင်တွေ့လာရပါတယ် တစ်ခါတလေမှာတော့ တစ်ပွဲတည်းနဲ့ ဆေးဝါးတွေ ရာချီပြီးရလိုက်တာတွေ ကြုံတွေ့ရတက်ပါတယ် ဒီလို ပွဲမျိုးတွေ့ရင်တော့ အလွန်ပျော်ရပြန်ပါတယ်

ခပ်ပါးပါးလေးတွေ တိုက်ယူပြီး စုဆောင်းရတာလည်း အခြေအနေ ကောင်းပြန်ပါတယ် တစ်ပွဲ တစ်တဆယ်လောက်ရရင်တောင် ဆယ်ပွဲလောက် တိုက်လိုက်ရင် ရာချီပြီး ရပြန်တာပါဘဲ တိုက်ပွဲတွေကို ဆက်တိုက် တိုက်လို့ရတာက တော်တော်လေး ကောင်းပါတယ် တစ်ပွဲပြီးမှ တစ်ပွဲ တိုက်ရရင်တော့ သိပ်မကိုက်လောက်ပါဘူး အခုကတော့ တိုက်ပွဲပေါင်းများစွာကို ဆက်တိုက် တိုက်ခိုက်နိုင်ပါသေးတယ် မိမိရဲ့ စစ်သားတွေကို ၇န်သူများစွာရဲ့ အိမ်တွမှာ ခွဲဝေပြီး လွှတ်နိုင်နေပါတယ် နောက်ပိုင်းတော့ ဒီအ ခြေအနေ ပြောင်းလာမယ်ထင်ပါတယ် အခုထိတော့ ဒီအချက်က အားသာချက်ဖြစ်နေပါတယ်

နေ့စဉ် ခွဲတမ်းရရှိမှုကလည်း နည်းနသထက် နည်းလာတော့ ဈေးကွက်ကို ပို့ရတာ သိပ်မတန်တော့ပါဘူး ဒါကြောင့် ဈေးကွက်ပို့တာကို ရပ်နားပြီး လေဘယ်တင်တာကို လုပ်ဆောင်နေပါတယ် နောင်တစ်ချိန် အပြောင်းအလဲ ဖြစ်လာရင် လေဘယ် တင်ပြီးသားဆိုတော့ သိပ်မပင်ပန်းတော့ပါဘူး နောက်ပိုင်းမှာ လေဘယ် တင်ထားသူတွေ အကျိုးအမြတ်များများရမယ် ဒါမှမဟုတ် သက်သာလွယ်ကူစေမယ်လို့ သူတို့က ပြောထားတာရှိပါတယ် လေဘယ်တင်ကစားကြဖို့ မကြာခဏ တိုက်တွန်းတာကို တွေ့ရပါတယ်

သူတို့က ပြောရင် ပြောတဲ့အတိုင်း လုပ်ဆောင် လာတက်တာကို တဖြည်းဖြည်း သတိထားမိပါတယ် ဒါကြောင့် သူတို့ရဲ့ သတိပေးချက်တွေကို လျှစ်လျှူ မရှုဘဲ လိုက်နာနိုင်အောင် ကြိုးစားထားပါတယ် ကောင်းသည်ထက် ကောင်းအောင် အမြဲတမ်းပြင်ဆင်သွားမှာဖြစ်လို့ လေဘယ်တင်တာကတော့ ဘယ်တော့မှ မမှားတဲ့ လုပ်ဆောင်ချက်ဖြစ်မယ်လို့ တွက်ဆပါတယ်

ဆေးဝါးအပိုငိးကု တင်တာထက် ယမကာနဲ့ လက်နက်တင်တာကို ပိုပြီး သဘောကျပါတယ် အထောက်အပံ့ အမှန်တကယ်ပေးနေတာကလည်း ယမကာနဲ့ လက်နက်အပိုင်းဘဲဖြစ်တာကို တွေ့ရပါတယ် ဆေးဝါးကတော့ စတင်းဖန်တီးတာကို မြင်တွေ့ရပေမယ့် အခုလို နည်းပါးလာချိန်မှာတော့ သိပ်ပြီး ထင်သာမြင်သာမရှိတော့ပါဘူး ဒါကြောင့် ဆေးဝါးထက် ယမကာနဲ့ လက်နက်အပိုင်းကို အသာစီးရအောင် လုပ်ဆောင်နေပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/11/%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%bb%e1%80%95%e1%80%ae/

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11