အားမွေးပြီးဓါးသွေးခြင်း

in #steempress5 years ago

အခုလက်ရှိအချိန်မှာတော့ ကောင်းမွန်စွာ မတိုက်ခိုက်နိုင်သေးပါဘူး ကိုယ့်လက်ရှိအင်အားနဲ့ သူတစ်ပါး နယ်မြေကို ကျူးကျော်ဝင်ရောက်ဖို့ကို အများကြီး ကြိုတွေးနေရပါတယ် ကိုယ်က စတင်တိုက်ခိုက်ပြီဆိုတာနဲ့ တုံ့ပြန်မှုအနည်းအများတော့ ပြန်လှည့်လာမှာဖြစ်လို့ပါဘဲ နိုင်မှန်းသိလည်း တိုက်ဖို့ မစဉ်းစားနိုင်သေးပါဘူး ရလာမယ့် အကျိုးအမြတ်ထက် ပွားများလာမယ့် ရန်သူအရေအတွက်က ပိုလိမ့်မယ်ထင်ပါတယ်

စစ်အင်အားက အလွန်အရေးပါတယ်ဆိုတာ တဖြည်းဖြည်းတွေ့မြင်လာရပါတယ် စစ်အင်အား ကောင်းမွန်တဲ့ အိမ်ကို တော်တန်ရုံ စကေးနဲ့တော့ ရန်ရှာလို့ မဖြစ်နိုင်ပါဘူး ကိုယ့်တပ်လေးကိုယ် တဖြည်းဖြည်း တောင့်တင်းအောင် လုပ်နေရပါတယ် တပ်အင်အား တောင့်တင်းလာရင်တော့ တိကျသေချာတဲ့ တိုက်ပွဲတွေကို စတင်တိုက်ခိုက်မှာပါ

ကလဲ့စားချေတာကိုတော့ သိပ်အားမပေးချင်ပါဘူး ကိုယ်လည်း အကျိုးအမြတ်မရှိ သူလည်း အကျိုးအမြတ်မရှိ နှစ်ဦးနှစ်ဖက် အကျိုးမဲ့သောအလုပ်တော့ မလုပ်ချင်ပါဘူး ကိုယ်ရရင်လည်း အပီအပြင်သာ တိုက်လိုက်ပါမယ် သူရရင်လည်း အမုန်းသာဖဲ့သွားလိုက်ပါ ဒါက တရားမျှတတဲ့ နည်းမှန်သော တိုက်ခိုက်မှုပေါ့ ကိုယ်က တိုက်လိုက် သူက ပြန်တိုက်လိုက် ဒီလိုလုပ်နေရင်တော့ နှစ်ဖက်လုံး နစ်နာလို့ပါဘဲ

အခုထိတော့ အစမ်းသဘောလောက်ဘဲ တိုက်ကြည့်နေတုန်းပါ စီးပွားရေးဆန်ဆန် တိုက်ခိုက်မှုတွေကို မကြာခင်မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ် တစ်ရက် ဘယ်လောက်ရနိုင်မလဲ ရသင့်သလဲ ဒါမျိုးပေါ့ အခုလက်ရှိဂိမ်းအခြေအနေက အဲ့ဒီဘက်ကို သွားနေတာပါ ဒါပေမယ့် လမ်းကြောင်းက အတန်ငယ် လွဲနေတုန်းပါ တည့်မက်အောင် တဖြည်းဖြည်း လုပ်နေကြပါတယ် နောက်ပိုင်းတော့ တိုက်ပွဲတွေက လှပလာဦးမှာပါ

စစ်အင်အား ဖြည့်တင်းရေးကိုဘဲ အာရုံစိုက်လုပ်ဆောင်နေပါတယ် မကြာခင်မှာ ဖြစ်ပေါ်လာတော့မယ့် အကျိုးအမြတ်စစ်ပွဲတွေမှာ အခြေအနေကောင်းတစ်ခု ဖန်တီးနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်

ဆုံးရှုံးသွားတဲ့အရာတွေအတွက် ပြန်လည်ဖာထေးခြင်း အရှုံးနည်းအောင် စီမံဆောင်ရွက်နေခြင်းများအတွက် အချိန်ပေးနေရလို့ တိုက်ပွဲတွေကို သေချာမလုပ်နိုင်သေးတာပါ များမကြာခင်မှာတော့ အရှုံးကာမီတဲ့အချိန်ရောက်လာပါတော့မယ် လွယ်တော့မလွယ်ပါဘူး ငွေမရင်းနိုင်တော့ အချိန်နဲ့လူရင်းရတာပေါ့

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/14/%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%93%e1%80%ab%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85