စတီးမစ် ဝေါလတ် လေး ရှိမှရှိသေးရဲ့ လား

in #steempress5 years ago


တဖြည်းဖြည်းနဲ့တော့ စတီးမစ်က စိုးရိမ်စရာကောင်းလာပြီ မနက် မနက်ဆို စတီးမစ် ဝေါလတ်

လေး ရှိမှရှိသေးရဲ့ လား ထထ ကြည့်ရတာလည်း အမောပါလား

ခြေရာလက်ရာမပျက် အရင်နေ့ကအတိုင်း ၀င်ကြည့်လို့တော့ ရသေးတယ်ဟ ဆိုကာမှဘဲ

တော်ပါသေးရဲ့ ဟု ထိုနေ့အဖို့ စိတ်အတန်ငယ်အေးရပါလေသည်။

ဈေးကတော့ တက်မလာနိုင်ခဲ့သေး ပြားသုံးဆယ်နားမှာ ဟန်ပါပါ တန့်လို့နေလေရဲ့

စတီးမစ်ရဲ့ သာယာနာပျော်ဖွယ် တေးသံသာတွေလည်း ဆိတ်သုဉ်းလို့ နေခဲ့လေပြီ

အနားယူသူများ စောင့်ကြည့်သူများ စိုးရိမ်သူများနဲ့ အချို့ ကလော်တုတ်တဲ့ ပိုစ့်တွေတောင်

တွေ့ရဖန်များလာခဲ့လေပြီ

ဘယ်တက်နိုင်မည်နည်း စာရေးသူနည်းလာတော့လည်း ကယ်တင်ရှင်တွေခများ အရင်လို

လက်ရွေးစင် တစ်ပင်တိုင်တွေချည့် ရွေးမနေနိုင်ကြတော့ ကြိုးကြားကြိုးကြား နဲ့ လက်ရှိရေးနေ

သူများဘက် အလှည့်ပေးလာရတော့သည်။

တစ်ရက်ပြီးတစ်ရက် လုံးပါး ပါးလာနေပြီဖြစ်သော ပို့စ်တင်သူ လူဦးရေကလည်း ကျဲသည်ထက်ကျဲလို့လာလေပြီ

ရေးသူနည်းလာတဲ့အခါ ရေးနေသူများအတွက် ခွဲတမ်းပိုလို့ရလာတာတော့ရှိသည်။

စတင်းဈေးကလည်း ပြားသုံးဆယ် ဆိုတော့ ပို့စ်တစ်ခုက ခွဲတမ်းထွက်လာတဲ့အခါ

စတင်းတွေ မနည်းမနော ရသည်။ ဒါကတော့ ကျေနပ်စရာဖြစ်သည်။

စတင်းအထွက်နှုန်းကတော့ အမြင့်ဆုံးဖြစ်နေပြီ

ထိုအချက်ကြောင့်သာဘဲ တစ်မျိုးလှည့်တွေးကာ အားတက်သရောဖြင့် စားများ တရစပ်ရေးလို့

နေနိုင်ခြင်းဖြစ်သည်။ စတင်းများများ ထွက်တော့ ပါဝါ များများစုဖြစ်ပါလေသည်။

ဒီအခြေအနေအတိုင်း နောက်ထပ် အချိန်ဘယ်လောက် နှစ်ပါးသွားရဦးမည်မသိသေး

အသိမိတ်ဆွေများက စတီးမစ်အကြောင်း ယောင်မှားပြီး သတင်းမေးလာမှာတောင်

ကြောက်လာမိသည်။ ဘယ်လို တောင် ဖြေလိုက်ရမည်မသိတက်သေး

အသာနှုတ်ဆိတ် တိတ်တိတ် နေရသော ကာလဖြစ်လေသည်။

ဘာပြောပြော ဘာဖြစ်ဖြစ် ဒီအခြေအနေလေးကို အကောင်းဘက်လှည့်တွေးလို့ သဘောကျ

နေမိပြန်သေးသည်။ စတင်းများများစုရန် အခွင့်အခါကောင်း တစ်ခုဖြစ်လေသည်။

ဖြူတာတွေ မဲတာတွေက နောက်အရေးဖြစ်သည်။ ယခု အခြေအနေအရ စတင်းပါဝါ များများ

စုပါဦးမည်။ ဒီအချိန်အခါကို ပျိုးကျဲသည့် အချိန်ဟုသာ စိတ်ထဲမှတ်ယူလို့ ရှေ့ဆက်နေပါသည်။

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=63

Sort:  

ဘာမှကိုမပြောချင်တော့ဘာဘူး

ဘာမှမပြောရင် ဘာမှ သိမှာမဟုတ်ဘူးလေ့
ရင်ထဲရှိတာ တစ်ခုခုတော့ ပြောလေ့

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66274.97
ETH 3175.04
USDT 1.00
SBD 4.06