ရောသမမွှေ

in #steempress5 years ago

ကျွန်တော်တို့ရဲ့ C2 Myanmar curtion အဖွဲ့ရဲ့ လှုပ်ရှားမှုကလဲ ရပ်သလောက်ကို ဖြစ်နေပါပြီ။ အဖွဲ့သားတွေ မအားကြတာလဲ ပါတာပေါ့လေ။ အခိျု့တွေကျတော့လဲ နေမကောင်း ဖြစ်နေတာနဲ့ အရှိန်လျှော့သွားပါတယ်။ စတင်းဈေးကျနေတာက အဓိက အကြောင်းရင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ စတင်းတွေက တန်ဖိုးမရှိဘူး ဆိုတော့လဲ ဘယ်သူက လုပ်ချင်ကြတော့မှာလဲဗျာ။ နောက်တစ်ချက်က စတင်းမပေးပဲ တိုကင်တွေ ပေးနေတာကလဲ ဆိုးပါတယ်။ သူတို့အတွက်ကတော့ ကောင်းပါတယ်။ သူတို့က တိုကင်တွေ ပေးလိုက်တာပဲလေ။ နောက်ပိုင်းဈေးကျသွားတာကတော့ ကိုယ်ထိုက်နဲ့ ကိုယ့်ကံပဲ လို့ ပြောချင်ဟန်တူပါတယ်။


Image Source

နောက်တစ်ခုကတော့ NextColony ပဲ ဖြစ်ပါတယ်။ သူနောက်ဆုံးရေးထားတဲ့ ပိုစ့်မှာ အောက်ပါ အကြောင်းအရာကို ရေးသားထားပါတယ်။ သူတို့ အနေနဲ့ shield generator ကို လယ်ဗယ် နှစ်ဆယ် အထိ မြှင့်ပြီးတဲ့ အချိန်မှာ သူတို့ရဲ့ ကုန်ကြမ်းတွေကို ၄၈ နာရီ ကာကွယ်မှု ပေးထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကတော့ ဝမ်းသာ စရာ သတင်းပါ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီလို ကာကွယ်မှု လုပ်ဖို့ အားပြန်ဖြည့်ရတဲ့ အချိန်က ကာကွယ်မှုပေးထားတဲ့ အချိန်ထက် နှစ်ဆ ပိုကြာပါတယ်။ Shield ကို စသုံးတဲ့ အချိန်မှာ စပြီးတော့ အားပြန်ဖြည့်ထားတယ် ဆိုရင်တောင်မှ ၄၈ နာရီလုံးလုံး ရန်သူရဲ့ တိုက်ခိုက်မှုကို ခံရမှာ ဖြစ်ပါတယ်။ Shield ဖွင့်ထားတဲ့ အချိန်မှာ အားပြန်ဖြည့်တယ် ဆိုတာကလဲ အဓိပ္ပာယ် မရှိပါဘူး။ Shield လုပ်ထားတဲ့ အချိန်မှာ ကုန်ကြမ်း များများထုတ်နိုင်မှ ကိုယ်သုံးစွဲဖို့ ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ အနေနဲ့ ဘန်ကာကိုပဲ အဆင့်မြှင့်မလား။ Storage တွေကိုပါ တစ်ပြိုင်နက် အဆင့်မြှင့်မလား ဆိုတာကိုပါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ drugwars မှာ လွှတ်လိုက်တဲ့ သူတွေက ပြန်မလာပါဘူး။ အဲဒါကို ပြင်ဆင်ဖို့တော့ လုပ်နေပါတယ်။ စစ်သားတွေ ပြန်မလာဘူးဆိုတော့ တစ်ခါတိုက်ပြီး သွားရင် ထပ်တိုက်လို့ မရတော့ပါဘူး။ ဂိမ်းနှစ်မျိုးစလုံးက ကစားလို့ မရဘူးဆိုတော့ ဒီနေ့က holiday ဖြစ်နေတာပေါ့ဗျာ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=146
Sort:  

ကျွန်တော့် ပထမ discord က 2 factor လုပ်ထားတာ မှာဖျတ်လိုက်မိလို့ သုံးလို့မရတော့ဘူး
အခုသုံးနေတဲ့ discord က link ချလို့မရဘူး ဆရာ

Posted using Partiko Android

c2 က ခဏနား ထားလိုက်တာ ကောင်းပါတယ်။ ရွေးရတာ လူထပ်နေမယ် bro :)

Hi, @mmunited!

You just got a 2.75% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99