တိုက်ပွဲခေါ်သံ − ၂

in #steempress5 years ago

တိုက်ပွဲကတော့ တစ်ကယ်စတော့မှာ ဖြစ်ပါတယ်။ အနီးနားက အကောင့်ကို တိုက်ခိုက်ပြီးတော့ rss တွေ ယူနေတာပါ။ ဒီတစ်ခါတော့ သူ့ဘက်က တစ်ကယ်ကို တုန့်ပြန်လာပြီ ထင်ပါတယ်။ အတိုက်ခံနေရတဲ့ ဂြိုဟ်ကို Corvette ၄၅ ကောင်လွှတ်လိုက်ပါတယ်။ သူကပဲ ကိုယ့်ကို တိုက်မလား။ ကိုယ်ကပဲ စတိုက်ရမလား ဆိုတာတော့ မသိသေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲတစ်ခု စတင်ဖို့ကတော့ အစပျိုးနေပြီ ပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကိုယ်ကတော့ နိုင်မယ်ထင်တာပဲ။ ရေရှည်တိုက်ပွဲဆိုရင် ပိုပြီးတော့ အခြေအနေ ကောင်းပါတယ်။ ကျွန်တော်ဂြိုဟ်တွေ က အဲဒီပတ်ဝန်းကျင်မှာ အများကြီးပါ။ သူ့တပ်ကူလာကမှာက အဝေးကြီးက လာရမှာ ဖြစ်ပါတယ်။ ကိုယ်က အနီးနားကနေ အင်အားကို စုစည်းထားဖို့ပဲ လိုပါတယ်။ သူဘာလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Image Source

Simulator နဲ့ တွက်ကြည့်တာတော့ ကိုယ့်ဘက်က နိုင်ပါတယ်။ တစ်ကယ်တိုက်ပွဲ ဖြစ်ရင်လဲ နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာဆိုရင်တော့ ကိုယ့်ဘက်ကနေ တပ်ကူခေါ်ရမယ်လို့ ထင်ပါတယ်။ @aggamun ဆီကနေ အကူအညီ တောင်းရမယ်လို့ ထင်ပါတယ်။ သူက အနီးဆုံးမှာ ရှိနေတာဆိုတော့လေ။

ကိုယ်ကလဲ သူ့ဂြိုဟ်ကို စတိုက်သေးတယ်။ နောက်ပြီးတော့ သူက တပ်ကူလာမယ် ဆိုတော့လဲ ကိုယ်က မကြိုက်ပြန်ဘူး ဆိုတော့ သိပ်တော့ မလွယ်လှဘူးနဲ့ တူတယ်ဗျ။ ကျွန်တော်အတော်ကို ဆိုးနေပြီလားဗျာ။

မတတ်နိုင်ဘူးလေဗျာ။ အနားမှာ ရှိတာတွေကိုတော့ တိုက်ရမှာပါ။ ဒါမှလဲ လိုအပ်နေတဲ့ resources တွေ ရမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အတိုင်းအတာ တစ်ခုအထိ ရင်းထားရတယ် ဆိုတော့ကာ f2p သမားတွေကို ဒီအတိုင်းလွှတ်ပေးထားလို့တော့ မရဘူးပေါ့ဗျာ။ မဟုတ်ဖူးလား။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=22
Sort:  

ကျနော်မှာ လောလောဆယ် corvette ပဲရှိသေးတယ်။ ဘဒို အားကိုး လို့ရပါ့မလား မသိဘူးနော် 😁 အကူအညီရတယ်ဆိုရင် လွှတ်ပေးဖို့ ready ပဲ 👍

Posted using Partiko Android

ကျေးဇူးပဲ ဘရို။ ဘယ်နှစ်ကောင်လောက် ရနိုင်မလဲဗျ။ kree ကို လွှတ်ပေးပါလားဗျာ

-276/73

ရှိသလောက် လွှတ်လိုက်မယ်။ ဒါပေမယ့် ဘယ်လို လွှတ်ရလည်း ပြောပြဦး 😁

Posted using Partiko Android

ကျွန်တော့် ဂြိုဟ် kree ကို နှိပ်လိုက်။ ပေါ်လာတဲ့ dropdown menu မှာ deploy (အောက်ဆုံးက) ကို ရွေးလိုက်ရင် ရပြီ ဘရို။ ကျန်တာကတော့ explorer လုပ်တာနဲ့ အတူတူပဲ။

Thanks bro.

Hi, @mmunited!

You just got a 2.49% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04