ကြောင် မွေးကြမလား

in #steempress5 years ago (edited)

This post is an investment post so I will gonna tag #steemleo.


Image Source

လွတ်လပ်ပြီ! နောက်ဆုံးတော့ ကြောင်တွေအနေနဲ့ လွတ်လပ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ (စက်တင်ဘာလ လေးရက်နေ့) က ကြောင်တွေအနေနဲ့ ဂုဏ်ယူစရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ကြောင်တွေ အနေနဲ့ လွတ်လပ်ရေး ရရှိပြီးတော့ ဘလော့ချိန်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနေနိုင်ပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ လေးရက်နေ့ကို ကြောင်တွေရဲ့ လွတ်လပ်ရေးနေ့ အဖြစ် အမှတ်ရ နေစေတော့မှာ ဖြစ်ပါတယ်။
လူသားတွေရဲ့ အနှောင်အဖွဲ့ကနေ လွတ်မြောက် နိုင်ခဲ့ပါပြီ။ အခုအချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ ကြောင်လေးတွေကို ပေါက်ဖွားနိုင်ပြီ ဖြစ်ပါတယ်။ ဒီနေ့ ကန့်သတ်ချက် မရှိတဲ့ (အပြောကျယ်လှတဲ့) လောကကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြောင်အင်ပါယာကို ဘလော့ချိန်းပေါ်မှာ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ ဟူလို…


Image Source

Cats(ကြောင်) နဲ့ Kittens(ကြောင်ပေါက်) တွေကို Steem-Engine မှာ ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ကြောင်တစ်ကောင်ကနေ နေ့စဉ် ကြောင်ပေါက် ကလေး တစ်ကောင် မွေးဖွားမှာ ဖြစ်ါပတယ်။ နောက်နေ့ မနက်မှာ မွေးဖွားမှာ ဖြစ်ပါတယ်။ ကြောင်တစ်ကောင်ကို ၁၀ Steem နဲ့ ရောင်းချမှာ ဖြစ်ပြီးတော့ သူ့ရဲ့ ဈေးနှုန်းက တဖြေးဖြေးနဲ့ မြင့်တက်လာမှာ ဖြစ်ပါတယ်။ ကြောင်ပေါက် ကတော့ တဖြည်းဖြည်းနဲ့ ကြီ:လာပြီးတော့ ကြောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ စစချင်းမှာတော့ ကြောင် ပေါက် ၁၀ ကောင်ကို ကြောင် တစ်ကောင်နဲ့ ညီမျှမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ကြောင်တစ်ကောင်ရဲ့ ဈေးက ၅၀ စတင်းဖြစ်ခဲ့မယ် ဆိုရင်တော့ ကြောင်ပေါက် အကောင် ၅၀ ကမှ ကြောင်တစ်ကောင်နဲ့ ညီမျှမှာ ဖြစ်ပါတယ်။ ကြောင်ပေါက် တစ်ကောင်ရဲ့ ဈေးက အမြဲတမ်းပဲ ၁ စတင်းနဲ့ ညီနေမှာ ဖြစ်ပြီး ကြောင်တစ်ကောင်ရဲ့ ဈေးကတော့ အချိန်နဲ့ အမျှ ပြောင်းလဲ နေမှာ ဖြစ်ပါတယ်။ ကြောင်ပိုင်ရှင်တွေ များလာတာနဲ့ အမျှ ဒီဈေးနှုန်းတွေက အနည်းငယ် ပြောင်းလာနိုင်ပါတယ်။ အခုအချိန်မှာတော့ အပေါ်မှာ ဖော်ပြထားသလိုပဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒါကတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ဆိုင်တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ကြောင်နဲ့ ကြောင်ပေါက်ဆိုတာက Steem-engine ပေါ်မှာ ရှိတဲ့ တိုကင် နှစ်ခုပဲ ဖြစ်ပါတယ်။ ကြောင် ကို ၁၀ စတင်း နဲ့ ရောင်းပါတယ်။ အဲဒီကြောင်ကနေ တစ်နေ့ကို ကြောင်ပေါက် တစ်ကောင် မွေးပေးပါတယ်။ အဲဒီ ကြောင်ပေါက် ၁၀ ကောင်ပြည့်တာနဲ့ ကြောင် တစ်ကောင်နဲ့ ပြန်လဲ လို့ရပါတယ် (လက်ရှိ ပေါက်ဈေး) ကြောင်ဈေးကတော့ တဖြည်းဖြည်းနဲ့ မြင့်လာမှာ ဖြစ်ပါတယ်။ ကြောင်ပေါက်ဈေးကတော့ ၁ စတင်းမှာပဲ ငြီမ်နေမှာ ဖြစ်ပါတယ်။ စစချင်းမှာ ကြောင်တစ်ကောင်က ကြောင်ပေါက်ဆယ်ကောင်နဲ့ ညီတယ်ဆိုတော့ တစ်ရက်ကို ၁၀% ပြန်ရနေတဲ့ သဘောပါ။ ဆယ်ရက်ဆိုရင် အရင်းကျေမှာ ဖြစ်ပါတယ်။ ကြောင်ဈေးကလဲ တက်နေဦးမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ ဂွတ်ရှယ်ပေါ့ဗျာ။

လက်ရှိအချိန်မှာ ၁ စတင်းကို ၃၀၀ ကျော်ကျော်လောက် ပေါက်ပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှပ်နှံမှု တစ်ခုမလုပ်ခင်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလဲ ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

Ref Link: https://steempeak.com/neoxian/@catsmakekittens/cats-make-kittens-independence-day

Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=113
Sort:  

Hi, @mmunited!

You just got a 2.73% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01