FB ပေါ်မှ ဖတ်စရာများ 5/12/2019

in #steempress7 years ago

ဒီနေ့ FB ပေါ်မှာ ရေပန်းစားနေတာကတော့ ထောင်ဆူတဲ့ အကြောင်းတွေပါပဲ။ အခိျု့ကလဲ ထောင်ဆူတာက အရမ်းခက်တဲ့ အကြောင်း၊ လက်မဲကြီးက ထောင်တွေကို ဆူအောင်လုပ်နေတာ ဖြစ်တဲ့ အကြောင်းရေးပါတယ်။ ဖွတ်ဘက်တော်သားတွေကတော့ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှု မရှိလို့ ထောင်ဆူရတာတာ ဖြစ်တဲ့ အကြောင်းပြန်ပြောပါတယ်။ ဖတ်ဖူးတဲ့ ထောင်စာအုပ်တွေအရဆို ထောင်ဆူဖို့ဆိုတာ အရမ်းခက်ပါတယ်။ အခုလိုမျိုး ထောင်တွေအတော်များများ တစ်ပြိုင်နက် ဆူဖို့ဆိုတာ ပိုခက်ပါသေးတယ်။ ဒီတော့ နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူ တစ်ယောက်ယောက်ရှိနေတယ် ဆိုတာကတော့ သေချာသလောက်ရှိနေပါတယ်။ ထောင်သားတွေ အနေနဲ့ ဖုန်းတွေ ဘယ်လိုရလာသလဲ။ ထောင်ဆူတာကို live လွင့်တာကို ဘာလို့ ခွင့်ပြုခဲ့တာလဲ။ ထောင်ဝန်ထမ်း တစ်ယောက်ကိုပဲ ထိုးချဖို့ စီစဉ်ထားတာကိုတော့ တွေ့ရပါတယ်။ အဲဒီသူကိုပဲ စစ်လိုက်ရင်တောင် အဖြေပေါ်လောက်ပါတယ်။


Image Source

ထောင်မှူးတွေက မိုးကျရွေကိုယ်တွေ ဖြစ်နေတာကလဲ ပြဿနာ တစ်ခုပါပဲ။ ဖွတ်တွေက ဘယ်လိုပင် ဖာနေပေမဲ့ ဝန်ကြီးဌာနတွေ ထဲမှာ ထည့်ထားတဲ့ မိုးကျရွှေကိုယ်တွေကို တော့ ဖယ်ရှားမပေးသေးပါဘူး။ အစိုးရအနေနဲ့ ဒီကိစ္စကို ဦးစားပေးလုပ်သင့်တယ်လို့ထင်ပါတယ်။ မိုးကျရွှေကိုယ်ဆိုတာကတော့ ဘာမှ မလုပ်တတ်ပဲနဲ့ လာဘ်စားဖို့လောက်ပဲ သိတဲ့သူတွေပါ။ ဒီလိုလူတွေကို မဖယ်ရှားနိုင်သရွေ့ အုပ်ချုပ်ရေးက လျော့ရဲ့နေဦးမှာပါပဲ။ ထောင်တွေမှာတင် မဟုတ်ပါဘူး။ ဘယ်ဝန်ကြီးဌာက မိုးကျရွှေကိုယ်ကို မဆို ဖယ်ရှား ပစ်သင့်ပါတယ်။ သူတို့တွေက ခြနဲ့တူပါတယ်။ ကြာကြာထားလေလေ ဖျက်ဆီးလေလေပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်သလိုပါပဲ။ ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ပါဘူး။ ငါးခုံးမတွေကြောင့် ဌာနတွေ ပျက်စီးနေရတာပါ။ ဝန်ကြီးဌာနတွေကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပေးစေချင်ပါတယ်။

မိုးကျရွှေကိုယ်တွေက ဌာနကောင်းကျိုးအတွက် ဘာမှကို မလုပ်ပါဘူး။ ဒီအကြောင်းနောက်မှပဲ ရေးပါဦးမယ်။ အခုတော့ စာရှည်သွားပြီ ဖြစ်လို့ ဒီလောက်နဲ့ပဲ တော်ပါဦးမယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=296

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64048.81
ETH 1857.67
USDT 1.00
SBD 0.36